ဂီတ နဲ့ ငြိမ်းချမ်းရေး

0
102

ဒီတစ်ပတ်မှာတော့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကြီး ကျင်းပနေတဲ့အချိန်လည်းဖြစ်လို့ ပြီးခဲ့တဲ့ငြိမ်းချမ်းရေးဂီတပွဲတော် (Peace Music Festival) မှာ ပထမဆုရရှိခဲ့တဲ့ မမေသူကျော်နဲ့ ဒုတိယဆုရရှိခဲ့တဲ့ မကြူကြူခိုင်တို့ကို သူတို့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ မြန်မာပြည်ကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်းစကားသံတွေကို ပေါ်ပြူလာစာဖတ်ပရိသတ်တွေအတွက် မေးမြန်းဖော်ပြပေးလိုက်ရပါတယ်။

မမေသူကျော်

ပြိုင်ပွဲတစ်လျှောက်လုံးမှာ အ သက်အငယ်ဆုံး ပြိုင်ပွဲဝင်တစ် ယောက်ဖြစ်ခဲ့ပြီး ဒိုင်တွေရဲ့ နှစ်ဖက် လှတေးသံရှင်လို့ မှတ်ချက်ပြုခံခဲ့ရတဲ့ ပထမဆုရှင် မမေသူကျော်ရဲ့ လက် ရှိပညာရေးတစ်ဖက်နဲ့ဂီတလမ်းကြောင်း ကိုဘယ်လိုလျှောက်လှမ်းနေသလဲ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ လူငယ် တစ်ယောက်ရဲ့ ဆုတောင်းစကား သံက ဘာတွေဖြစ်မလဲဆိုတာကို မေး မြန်းကြည့်ခဲ့ရာမှာတော့ အခုသမီးက ကျောင်းတက်နေတာမို့လို့ စာဘက် ကို ဦးစားပေးလုပ်ကိုင်နေပါတယ်။သီချင်းတွေကိုတော့ စာလုပ်ပြီးလို့ အားတဲ့အချိန်တွေမှာ လေ့ကျင့်ဖြစ် ပါတယ်။ အပြင်ပွဲတွေကို သိပ်မဆို ဖြစ်သေးဘူး။ တချို့ပွဲတွေမှာတော့ ဆိုဖြစ်ပါတယ်။ ပညာရေးရော ဂီတ ကိုရောနှစ်ခုလုံးကို မျှအောင်လုပ်ကိုင် နေပါတယ်။ ဒါပေမဲ့ လောလောဆယ် ပညာရေးဖက်ကို ပိုဦးစားပေးထားပါ တယ်ရှင့်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံ ကြားမှာလည်း သီချင်းတွေ မကြာ ခဏသွားသွင်းဖြစ်နေပါတယ်။ MRTV ပွဲ တွေမှာဆိုရင်လည်း သမီးတို့ (PMS)မောင်နှမတွေလက်တွဲပြီး သီချင်း တွေဆက်တိုက်သီဆိုနေ ပါတယ်။ အခုဒီလထဲမှာဆိုရင် နေ ပြည်တော် တိုင်းရင်းသားကျေးရွာမှာ ဖျော်ဖြေဖို့ရှိနေပါတယ်။ ကျောင်း ကိစ္စတွေပြီးသွားရင်တော့ ပညာရေး အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်ဖြစ် မယ်ထင်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ သီချင်းက ကျိန်း သေပေါက်ဆိုနေမှာပါ။ သီချင်းအမျိုး အစားတွေထဲမှာဆိုရင်တော့ (Rock) ဂီတကိုဆိုရတာပိုအားရပါတယ်။သမီးရဲ့ လက်ဦးဆရာကတော့ သမီး ရဲ့ဖေဖေကြီးပါ။ ပြီးတော့ ဆရာ ဦးသန်းဝင်းက သင်ပေးနေပါတယ်။

ငြိမ်းချမ်းရေးအတွက် ဆု တောင်းပေးရမယ်ဆိုရင်တော့လေ စစ်ဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ အမြန်ဆုံး ပြေလည်ငြိမ်းချမ်းကြပါ စေလို့ဆုတောင်းပေးချင်ပါတယ်။တိုင်းရင်းသား ညီအစ်ကိုမောင်နှမ တွေ အားလုံးချစ်ခင်ကြင်နာပြီး မြန်မာ တစ်နိုင်ငံလုံးအမြန်ဆုံးငြိမ်း ချမ်းပါစေ။ကမ္ဘာကြီးတစ်ခုလုံးငြိမ်း ချမ်းကြပါစေ။ဂီတနှင့်သာမွေ့လျော် နိုင်ကြပါစေ။ယမ်းငွေ့တွေအစား ပန်းရနံ့တွေ သင်းပျံ့ပါစေလို့ ဆု တောင်းပေးချင်ပါတယ်ရှင့်။

ပြိုင်ပွဲတစ်လျှောက်လုံးမှာ မြန်မာသံစဉ်တွေကိုပဲ ရွေးချယ်ယှဉ် ပြိုင်ခဲ့ပြီး နရီစည်းဝါးတိကျစွာနဲ့ အကဲဖြတ်ဒိုင်တွေရဲ့ လက်ခုပ်သံတွေ အပြင် မြန်မာသံချစ်သူ ပရိသတ် တွေကြားမှာလည်း အကောင်းဆုံးသီ ဆိုနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ သူကတော့ မကြူကြူခိုင်ပါ။ ဂီတ ရေစီးကြောင်းမှာ ခေတ်ပေါ်သီချင်း တွေပဲ အရှိန် ယူစီးဆင်းနေချိန်မှာ ထူးခြားတဲ့အသံပါဝါနဲ့မြန်မာသံတွေကို တန်ဖိုးရှိစွာသီဆိုနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးဂီတပွဲတော်(Peace Music Festival) မှာ ဒုတိယဆုရ ရှိခဲ့သူမကြူကြူခိုင်ရဲ့ ဂီတလှုပ် ရှားမှုတွေနဲ့ ငြိမ်းချမ်းရေး ဆုတောင်း စကားသံတွေကိုလည်း အခုလို ပြော ခဲ့ပါတယ်။

မကြကြူခိုင်

ဒီလထဲမှာဆိုရင် နေပြည်တော် အမျိုးသားဥယျာဉ်မှာ ပွဲလေးတစ်ခု မှာ ဆိုဖို့ရှိပါတယ်။ နောက် ငြိမ်း ချမ်းရေး သီချင်းတစ်ပုဒ်ကိုလည်း အသစ်အသံ သွင်းဖို့မကြူတို့အား လုံးကို ပြောထားတာရှိပါတယ်။ မကြူက ငယ်ငယ်လေးကတည်းက မြန်မာသံတွေပဲ ဆိုခဲ့တာဖြစ်ပြီးမတိမ် ကောမပ ပျောက်အောင်မြတ်နိုးမှုနဲ့ ထိန်းသိမ်း ကြဖို့ မြန်မာသံတွေကိုပဲ တစိုက်မတ်မတ်သီဆိုခဲ့တာပါ။

ငြိမ်းချမ်းရေးအတွက် ဆု တောင်းစကားဆိုရရင် မကြူတို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံလည်းဖြစ်ပါ တယ်။ ဒါကြောင့် တခြားနိုင်ငံတွေ မငြိမ်းချမ်းတာထက် ဒီဗုဒ္ဓရဲ့တရား တော်တွေရှိနေတဲ့ နိုင်ငံကြီး မငြိမ်း ချမ်းတာ ပိုခံစားရပါတယ်။ ဒီ လောက်ကြီးအထိ မငြိမ်းမချမ်းဖြစ် နေတာမျိုးမကြုံဖူးဘူးလေ။ မကြူ ဆိုရင်အသက် ၄၁ ထဲရောက်နေပြီ။နိုင်ငံမှာ မငြိမ်းချမ်းသေးဘူး။ လူတွေ ရဲ့အမြင် ကွဲပြားခြားနားမှုတွေနဲ့ အပြုသဘောထက် အပျက်သဘော ဆောင်တဲ့အမြင်တွေများလာတယ်။ အဲဒီလိုမျိုးပဲ မြင်ပါတယ်။နည်းပညာ ပိုင်းဆိုင်ရာကတော့ အရာရာ တိုး တက်လာပြီး အဲဒီအပေါ်မှာ ငါလုပ် ဆောင်နိုင်တယ်၊ ငါစွမ်းဆောင်နိုင် တယ်ဆိုတာမျိုးတွေက မငြိမ်းချမ်း စေတာလားလို့လည်း ခံစားမိပါတယ်။ဘာသာရေးရှုထောင့်ကကြည့်ရင် ငါစွဲ နည်းနည်းများနေတာကြောင့် ငြိမ်းချမ်းရေးခရီးက ထင်သလောက် မပေါက်တာလားလို့ ခံစားနေရပါ တယ်။ ပြိုင်ပွဲဝင်ပြိုင်မှ မငြိမ်းချမ်းတဲ့ ဒေသတွေအကြောင်း ပိုသိလာရပါ တယ်။ ဒါကြောင့် မြန်မာတစ်နိုင်ငံ လုံး အမြန်ဆုံးငြိမ်းချမ်းကြပါစေ။စစ်ပွဲတွေ အားလုံးရပ်ပြီးသာယာတဲ့ မိသားစုဘဝတွေနဲ့ငြိမ်းချမ်းနိုင်ပါစေလို့ မကြူကဆုတောင်းပေးချင် ပါတယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here