သိပ်မကြာခင်အချိန်အတွင်း အချစ်ရေးကို Public မှာချပြသွားတော့မယ့် အကယ်ဒမီ နေတိုး

0
142

ပြီးခဲ့တဲ့တစ်ပတ်က နေတိုးရဲ့ ချစ်သူကောင်မလေးပါဆိုပြီး ဖေ့စ်ဘုတ်ခ်မှာ ဓာတ်ပုံနဲ့တကွတက်လာတဲ့အချိန်က Hot ဖြစ်ခဲ့ပါသေးတယ်။ နေတိုးကတော့ အဲဒီကောင်မလေးဟာ သူ့ချစ်သူ မဟုတ်ကြောင်းနဲ့ Rose Rider ရုပ်ရှင်ဇာတ်ကားမှ မင်းသမီးသာဖြစ်ကြောင်း သူ့ရဲ့ပေ့(ခ်ျ)ကနေ ပြန်ပြီးတော့ရှင်းပြခဲ့ပါတယ်။ အချစ်အကြောင်းနဲ့ပတ်သက်လို့ နေတိုးကအမြဲ တမ်းအဖွခံနေရတဲ့ မင်းသားဆိုတော့ ဒီတစ်ခေါက်မှာကော သူ့ဘက်၊ ကိုယ့်ဘက် နစ်နာမှုရှိသလားလို့မေးတဲ့အခါ…

”မရှိပါဘူး။ ဘာဖြစ်လို့ဆို ဒါကသတင်းအမှားကြီးကိုး”လို့ နေတိုးက ပြောပါ တယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး Public ကိုချမပြတာကြောင့် နေတိုးရဲ့ အချစ်ရေးကို ပရိသတ်တွေက ပိုပြီး စိတ်ဝင်စားကြတာလားလို့ဆိုတော့ …

”အင်းပေါ့လေ။ လူတွေရဲ့ သဘာဝကဒီလိုပါပဲ။ သိချင်ကြတာ ပေါ့လေ။ သရုပ်ဆောင်တစ်ယောက်ရဲ့ နှလုံးသားရေးဆိုတော့လည်း ပိုပြီးတော့ သိချင်ကြတာပေါ့”လို့ နေတိုးက ပြောပြပါတယ်။ ဒါဆိုရင် ဘယ်တော့လောက်များ နေတိုးရဲ့ ချစ်ရေးချစ်ရာကို ပရိသတ်က သိရှိရ မလဲ၊ နီးလာပြီလားလို့ဆိုတော့…

”ကျွန်တော်ချပြသွားမှာပါ။ သိပ်မကြာခင်အချိန် အတွင်းမှာ ချပြသွားတော့မှာပါ” လို့ နေတိုးက ဆိုပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ‘တိမ်တိုက်တံတား’ ရုပ်ရှင် ဇာတ်ကားကြီးမှာ နေတိုးက ဗီယက်နမ်မင်းသမီးနဲ့ အချစ် ဇာတ်ဝင်ခန်းမှာ တကယ်နမ်းလိုက်တယ်လို့ ဝန်ခံထားပါတယ်။ ငုရင်ထရန်ဟုရန်မေအပေါ်ကိုကော နေတိုးဘယ်လိုမြင်ပါသလဲလို့မေးတော့ …

”သူက ဒီဇာတ်ကားမှာ ပရိသတ် မထင်မှတ်ထား လောက်အောင် သရုပ်ဆောင်သွားနိုင်ပါတယ်။ အရှင်းဆုံး ပြောရရင်တော့ ဒီဇာတ်ကားမှာ ဇာတ်လမ်းတော်တော် များများပေါ်ပြီးတော့မှ ငုရင်ကပေါ်လာတာ ပေါ့နော်။ သူ ပေါ်လာတဲ့အချိန်ကျတော့မှပဲ အကုန်လုံးက Silent တွေ ဖြစ်ကုန်ကြတယ်။ ပရိသတ်ကြည့်တဲ့ အချိန်မှာ ဒီဇာတ်ကားကို မျှော်လင့်တာထက်ပိုပြီးတော့ အားရ ကျေနပ်မယ်လို့လည်းထင်ပါတယ်” လို့ နေတိုးက ပြောပြ ခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here