သီချင်းဆိုရင် ရင်ဘတ်တွေ မခံမရပ်နိုင်အောင် အောင့်ခဲ့ရတဲ့ အဆိုတော်ကြက်ဖ

0
481

ကြက်ဖဆိုတာ ရှိုးပွဲတွေမှာ ပရိသတ်တွေကို မြူးကြွအောင် ဖျော်ဖြေ ပေးတတ်တဲ့ အဆိုတော်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သလို သီချင်းတွေသီဆိုတဲ့အခါမှာလည်း ပရိသတ်တွေနဲ့ တစ်သားတည်းကျအောင် သီဆိုတတ်တဲ့ အဆို တော်ရယ်ပါ။ အခုဆိုရင်သူက ကျန်းမာရေးအရ ဆေးလိပ်သောက်တာကိုလည်းဖြတ်လိုက်ပြီ ဖြစ်တဲ့အတွက် ပရိသတ်တွေကို အရင်ထက် ပိုပြီးဖျော်ဖြေပေးနိုင်တော့မှာလည်း ဖြစ် ပါတယ်။

”အရင်ထက်ပိုပြီး ပေါ့ပါးလာတာ တော့ မဟုတ်ဘူး။ လူက ပုံမှန်အားဖြင့်လည်း ကြာရင်ပိုပြီးတော့ ကျလာတတ်တာကိုး။ ဒါ ပေမဲ့ ကျွန်တော်က မကျသင့်တဲ့ အရွယ်မှာစော ပြီးကျသွားတာလေ။ အခုမှ ၃၂ နှစ် ပဲရှိသေးတာ။ တကယ်ဆို ဒီအချိန်က ထိပ်ဆုံးအဆင့်မှာ ရှိရမှာ။ ကျွန်တော့်သက်တမ်း တစ်လျှောက်မှာ ဒီအချိန်မှာ အသန်မာဆုံးနဲ့ အကြံ့ခိုင်ဆုံး ဖြစ်ရမှာပါ။ ဒါပေမဲ့ ကျ သွားတယ်ဆိုပေမယ့် တော် တော်လေးပြန်ပြီးတော့ တည် ဆောက်ထားနိုင်တယ်။ ကျွန်တော် နောက်ဆုံးဘယ်လိုဖြစ်သွားလဲဆိုရင် သီချင်းတစ်ပုဒ်မှာ စာသားလေးကြောင်းကို ဆက်တိုက်ဆိုတာကို ရင်ဘတ်က မခံမရပ်နိုင်အောင် အောင့်သွားတယ်။ အဲဒီလောက်အထိဖြစ်သွားဖူးတယ်။ ဟိုးအရင် ကောင်းတဲ့အချိန်တုန်းကတော့ သီချင်း ၉ ပုဒ်ကို ဆက်တိုက်ဆိုနိုင်တယ်။ ကျွန်တော်က သီချင်းဆို ရင်လည်း ခုန်ပေါက်ပြီးတော့ဆိုတာလေ။ အရင်တုန်းက အဲဒီလောက်ဆိုနိုင်တယ်။ ဒါပေမဲ့ အခုက တော့ ၄ ပုဒ်လောက်အထိပဲရသေးတယ်။ တစ်ဝက်ကျော်ကျော်လောက်ကျသွားတယ်။ ကျွန်တော် ပြန်တော့တင်နေတယ်”လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ကြက်ဖက ပြောပြတာပါ။

ကြက်ဖက အခုလက်ရှိမှာလည်း ကျန်းမာရေးကိုဂရုစိုက်ရင်းနေထိုင်လျက်ရှိပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ကျန်းမာရေးကို ဘယ်လိုဂရု စိုက်သင့်သလဲဆိုတာကို သူ့ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး အကြံပြုပြောပြလာ တာက…

”တစ်ချိန်တော့ သေမှာပေါ့ လေ။ ဒါပေမဲ့လည်း သေသင့်တဲ့ အချိန်မှ သေတာကောင်းတယ်လေ။ တစ်ချိန်သေမှာပဲဆိုပြီးတော့ ကျွန်တော်တို့ အရွဲ့တိုက်မိတာကိုး။ တစ်ချိန်သေတာတော့ ဟုတ်တယ်လေ။ ဒါပေမဲ့အဲဒီတစ်ချိန်လည်း မရောက်သေးဘဲနဲ့ သေရမှာကတော့ တစ်အားနှမြောဖို့ကောင်းတယ်။ မသိရင်တော့လူဖြစ်ရတာ သိပ်ပြီးတော့ မခဲယဉ်းဘူးလို့ ထင်ရင်ထင်လိမ့်မယ်။ လူဖြစ်ဖို့ ကြိုးစားနေတဲ့ ဘုံဘဝတွေအများကြီးပဲလေ။ တကယ်တော့ လူ့ဘဝရောက်ဖို့က တအားခဲယဉ်းပါတယ်။ အဲဒါကို တဖြည်းဖြည်းသိလာတာနဲ့ ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း နောင်တရတယ်”လို့ ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here