၆ နှစ်ကြာမှ ထွက်ရှိလာတဲ့ဥာဏ်လင်းအောင်တစ်ကိုယ်တော်ခွေအကြောင်း

0
252

ဥာဏ်လင်းအောင်ရဲ့ တတိယတစ်ကိုယ်တော်စီးရီးခွေကို ဇူလိုင်၂၁ ရက်နေ့မှာ တစ် နိုင်ငံလုံးကို ဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဒီအခွေမှာတော့ သီချင်း ၆ ပုဒ်ပါဝင်မှာဖြစ်ပြီး သောမတ်(စ်)၊ ရယ်ဂျီ၊ အောင်ကိုမြင့်၊ ဝေကြီး၊ ဒိုးပတ်တို့ရေးသားထားတဲ့ သီချင်းတွေ ပါဝင်မှာဖြစ်ပါတယ်။

အရင်နှစ်ခွေလိုပဲ Rock ကိုပဲ အခြေခံထားတဲ့ သီချင်းပုံစံမျိုးတွေဖြစ်ပေမယ့် Music စတိုင်ပုံစံတွေကတော့ ပြောင်းလဲသွားမယ်လို့ ပြောပါတယ်။

ဥာဏ်လင်းအောင်က ပထမစီးရီးခွေကို ၂၀ဝ၉ ခုနှစ်၊ ဒုတိယစီးရီးခွေကို ၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ ပထမစီးရီးခွေနဲ့ ပရိသတ်တွေရဲ့ အားပေး မှုကိုရရှိခဲ့ပြီး ဒုတိယစီးရီးခွေကတော့ ပရိသတ်တွေကြားထဲမှာ ပျံ့နှံ့မှုအား နည်းခဲ့ပါတယ်။ အဲဒီအပေါ်ကိုလည်း ဥာဏ်လင်းအောင်က…

“သီချင်းတွေနဲ့ ပရိသတ်အကြိုက် ထပ်တူမကျတာလည်းဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ နား ထောင်ပြီးတဲ့ လူတွေကတော့ ကြိုက်ကြတယ်။ ပြီးတော့ ကြော်ငြာအားလည်း နည်းသွားတာပါတယ်။ အဘက်ဘက်က အကြောင်းအမျိုးမျိုးကြောင့် ပရိ သတ်လက်ထဲ သိပ်မရောက်လိုက်ဘူး။ ဒုတိယအခွေထွက်တာ သိပ်မသိ လိုက်ကြဘူး”လို့ ပြောပါတယ်။ အခုထွက်ရှိမယ့် တတိယစီးရီးခွေမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်လောက်မယ့် သီချင်းမျိုးတွေပါဝင်မှာဖြစ်ပြီး ပရိသတ်အကြိုက်နဲ့ သူ့အကြိုက်ထပ်တူကျလိမ့်မယ်လို့ ဥာဏ်လင်းအောင် က မျှော်လင့်ထားပါတယ်။

“သီချင်းတွေကို ကျွန်တော်လည်းကြိုက်တယ်။ ပြီးတော့ ကျွန်တော့် ဘေးကလူတွေကိုလည်း နားထောင်ခိုင်းတယ်။ သူတို့ကလည်းကြိုက် တယ်။ ကျွန်တော့်ထက်ငယ်တဲ့လူတွေကိုလည်း နားထောင်ခိုင်းတယ်။ သူတို့အရွယ်လေးတွေ နားထောင်မှလည်း အဆင်ပြေမှာကိုး။ အားလုံး ကိုတော့ အကောင်းဆုံးလုပ်ဆောင်ထားပါတယ်”လို့ တတိယစီးရီး ခွေနဲ့ပတ်သက်လို့ ဥာဏ်လင်းအောင်က သူ့ရဲ့သီချင်းရွေးချယ်ထားမှု အပိုင်းကို ပြောပြပါတယ်။ တတိယစီးရီးခွေရဲ့ နာမည်ကိုတော့ တွန်း အားလို့ အမည်ပေးထားပါတယ်။ တွန်းအားလို့ ပေးဖြစ်ရခြင်းကလည်း အဖေနဲ့ ပရိသတ်တွေရဲ့ တွန်းအား ပေးမှုတွေကြောင့် စီးရီးခွေထွက်ဖြစ် ခြင်းကို ရည်ညွှန်းချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအခွေနဲ့ တတိယအခွေကကြားထဲမှာ ၆ နှစ်လောက်ကြာသွားပါတယ်။ ဒီလိုကြာသွားရခြင်းက လည်း သီချင်းတွေ ရှားပါးလာခြင်း ကြောင့်ဖြစ်ပြီး ပြီးပြီးရောလည်း မလုပ်ကိုင်ချင်တာကြောင့်ဖြစ်တယ်လို့ သူကပြောပြပါတယ်။ ဥာဏ် လင်းအောင်က စီးရီးခွေထွက်ရှိခြင်း အမှတ်တရအနေနဲ့ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ မှာတော့ လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here