Musical Performance ကို ပထမဆုံးအဖြစ်ချပြသွားတဲ့ AYA NUAC ORCHESTRA MUSIC SHOW CASE -2018

0
194

AYA NUAC ORCHESTRA MUSIC SHOWCASE-2018 ဂီတဖျော်ဖြေပွဲကြီးကို ဇူလိုင် ၇ ရက်၊ ညပိုင်းက ရန်ကုန်မြို့၊ မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဂီတ ဖျော်ဖြေပွဲကြီးမှာ တက္ကသိုလ်သီချင်းတွေကိုချိတ်ဆက် ပြီး Musicle အဖြစ် ဖန်တီးသွားတဲ့ ‘သီချင်းများရဲ့ အချစ်ပုံပြင်’Music Love Story က ပရိသတ်ကို စိတ်ခံစားမှုရသတွေ များစွာပေးစွမ်းနိုင်ခဲ့ပါတယ်။ ပါဝင်တဲ့သူတွေကတော့ အောင်ထက်၊ နီနီခင်ဇော်နဲ့ NUAC ကျောင်းသားများပဲ ဖြစ်ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲအတွက် NUAC ကျောင်းသား၊ ကျောင်း သူများနဲ့ ဖွဲ့စည်းထားတဲ့ Orchestra ၇ဝ Choir ၈ဝ ဦးတို့က အပြင်းအထန်လေ့ကျင့်ခဲ့ကြတာ ဖြစ်ပါ တယ်။ ဂီတပညာရှင် အကယ်ဒမီ ဓီရာမိုရ်ကတော့ သူ့ကျောင်းက ကလေးတွေနဲ့ သေသေချာချာလေ့ကျင့် ပြီး ဖျော်ဖြေခွင့်ရတဲ့အတွက် ပီတိဖြစ်နေပါတယ်။

”Musicle ဆိုတဲ့အမျိုးအစားပေါ့။ ဂီတနဲ့ဇာတ်လမ်းကို ဖန်တီးတဲ့ အမျိုးအစားက ဂျပန်မှာတော့ တအားကို ခေတ်စားပါတယ်။ နိုင်ငံတကာတွေ ရောက်တဲ့အခါမှာ လေ့လာကြည့်ပြီးတော့ မြန်မာပြည်မှာလည်း လုပ်ချင်တယ်။ ဒီလို Musicle လုပ်ချင်နေတဲ့စိတ်က တော်တော်လေးကို ဖြစ်မိနေပါတယ်။ ဒါကြောင့် မို့လို့ အကောင်အထည်ဖော်ဖြစ်တာပါ” လို့ ဓီရာမိုရ်ကပြောပါတယ်။ NUAC ရဲ့ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အတွက်ကိုလည်း R ဇာနည်၊ အောင်ထက်၊DJ Wine၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ နီနီခင်ဇော်တို့နဲ့ တွဲဖက်ဖျော်ဖြေမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ- မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here