“တိမ်တိုက်တံတား”ထဲက ဆရာဝန်မလေး ခင်ဝင့်ဝါ

0
515

“တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ခင်ဝင့်ဝါအတွက် သရုပ်ဆောင်လုပ်ကွက်ရတဲ့ ရုပ်ရှင်ဇာတ်ကားလို့ဆိုရမှာပါ။ ဆရာဝန်မလေးရဲ့ အချစ်က ဘယ်သူ့ကိုပေးထားတာလဲ၊ ဆရာဝန်မလေးကိုကော ဘယ်သူကချစ်တာလဲ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ရိုမန့် ဇာတ်ကားလေးပါ။ နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်မလေးကာရိုက်တာကနေ သရုပ်ဆောင်ထားတဲ့ခင်ဝင့်ဝါက ဆေးပညာ အသုံးအနှုန်းတွေကိုလည်း တကယ့်ဆရာဝန်တစ်ယောက်အတိုင်း အထစ်အငေါ့မရှိ ပြောဆိုသွားနိုင်တာတွေ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါက…

“ရိုက်တဲ့အချိန်မှာ ညီမကို ဒိုင်ယာလော့ခ်ချပေးတယ်။ ဒိုင်ယာလော့ခ်ကို အလွတ်ကျက်တယ်။ ပြီးတော့ ကိုယ့်ရဲ့ကာရိုက်တာကို အကောင်းဆုံးဖြစ်အောင်စီးမျော ပြီးတော့ သရုပ်ဆောင်ပါတယ်။ ဆေးစက်ကျရာပေါ့။ ညီမလည်း အစွမ်းကုန် ကြိုးစားတယ်။ သရုပ်ဆောင်ကောင်းခြင်း၊ မကောင်းခြင်းကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုပဲ နားစွင့်ရ မှာပေါ့နော်။ ဇာတ်လမ်းကို ဒါရိုက်တာရဲ့ စေခိုင်းရာ ဇာတ်ကောင်အတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်”လို့ ပြောပါတယ်။
ကိုယ်နဲ့အပြိုင် သရုပ်ဆောင်ရတဲ့ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေကိုလည်း သဘောကောင်းတဲ့ မင်းသမီး၊ ပွင့်လင်းပြီးအနေအေးတဲ့ မင်းသမီးလို့ ခင်ဝင့်ဝါက မှတ် ချက်ပြုပါတယ်။ အချစ်ဒရာမာဇာတ်ကားတွေကို တကယ်ထိမိအောင်ရိုက်ကူးနိုင်တဲ့ မြန်မာ ရုပ်ရှင်ဇာတ်ကားတွေပေါ်လာပြီနော်။ “တိမ်တိုက်တံတား”ဟာလည်း အဲဒီလိုထဲက တစ် ကားပဲ။ ခင်ဝင့်ဝါကော အချစ်ဒရာမာကားတွေအပေါ် ဘယ်လိုမြင်သလဲလို့ဆိုတော့ …

“အမှန်အတိုင်းပြောရရင် ညီမက အင်္ဂလိပ်ကားတို့၊ အိန္ဒိယကားတို့ကိုကြည့်ရင် အချစ်ဒရာမာကားတွေပဲကြည့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က လူငယ်တစ်ယောက် လည်းဖြစ်တယ်။ ပြီးတော့ ကိုယ်က Actor တစ်ယောက်လည်းဖြစ်တဲ့အတွက်ကြောင့် လေ့လာရင်းနဲ့ ကြည့်ဖြစ်တယ်ပေါ့နော်။ တကယ်တမ်း မြန်မာကားတွေမှာလည်း အချစ် ကားတွေရှိရင်လည်း ကြည့်ဖြစ်တယ်။ သာမန်ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင် အချစ် ကားကို ပိုသဘောကျပါတယ်”လို့ သူက ပြောပါတယ်။
ခင်ဝင့်ဝါလက်ရှိရိုက်ကူးနေတာက ဒါရိုက်တာ ဝိုင်းနဲ့။ ဒါရိုက်တာဝိုင်းဆိုတော့ မင်း သမီးတွေ သိပ်ကိုလေးစားမှုရှိတဲ့ ဒါရိုက်တာတစ်ယောက်ပေါ့။ ခင်ဝင့်ဝါကလည်း ဒါ ရိုက်တာဝိုင်းရဲ့ သင်ကြားပြသမှုတွေကို လေးစားပါတယ်တဲ့။

“လက်ရှိရိုက်ကူးနေတာက’လှုပ်…၍…လွင့်…သော’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ပေါ့။ အဲဒီကားမှာ ညီမကမမို့ရဲ့ငယ်ဘဝ။ ပြည်သူချစ်တဲ့ မင်းသမီးတစ်ယောက်ရဲ့ ငယ်ဘဝကိုသရုပ်ဆောင်ရတာ ညီမအရမ်းကိုဝန်ကြီးပါတယ်။ သူ့အိုက်တင်ကိုမီပါ့ မလား၊ လုပ်နိုင်ပါ့မလားဆိုပြီးတော့လည်း ညီမစိုးရိမ်တယ်ပေါ့နော်။ အဲဒီလိုပဲ၊ ညီမကို ချစ်တဲ့ ပရိသတ်ရော၊ မမို့ကိုချစ်တဲ့ပရိသတ်ရော စိုးရိမ်လိမ့်မယ်လို့ထင်တယ်။ ဘယ်လို ပဲဖြစ်ဖြစ်ပါ။ မမို့ရဲ့ငယ်ဘဝကို ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် အရမ်းကိုဂုဏ်ယူပါ တယ်”လို့ ခင်ဝင့်ဝါက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here