L’OREAL ပွဲကို အလန်းစားဖက်ရှင်နဲ့ တက်ရောက်လာခဲ့တဲ့ နေခြည်ဦးတစ်ယောက် ကိုရီးယားသွားမယ်ဆို တာဘာလုပ်ဖို့ လဲလို့ ဆိုတော့…
”ကိုရီးယားသွားတာ နေခြည်ပလတ်စတစ်ဆာဂျရီလုပ် ဖို့ပါ။ နှာခေါင်းရယ်၊ မျက်ရစ်ရယ်ပြင်ဖို့ကိစ္စပါ”လို့ သူက ပြော ပါတယ်။ ဒီ အတိုင်းလေးကလည်းလှနေပြီးသားပါ။ ဘာဖြစ်လို့ ခွဲစိတ်မှာလဲလို့ နေခြည်ဦးကိုမေးတော့ …
”နေခြည်ကအမြဲတမ်းအဲဒီလိုမျိုးပဲ။ အစကတည်းက Beauty Blogger လုပ်တုန်းကလည်း Tutorial ကအစ မထပ်အောင်လုပ်ခဲ့တယ်။ အခုချိန်မှာလည်း နေခြည်က အစကတည်းက နှာခေါင်းက ပြင်ဖို့ရည်ရွယ် ပြီးသား။ အချိန်မပေးတဲ့အချိန်မှာ နေခြည် Filler ထိုးလိုက်တယ်။ Filler ထိုးလိုက်တဲ့အချိန်မှာ နေခြည်နှာခေါင်းနည်းနည်းမြင့်လာတာကို တအား ကြိုက်တယ်။ အဲဒီတော့ Filler မထိုးဖြစ်တဲ့ အချိန် မှာနေခြည် Permanent ဖြစ်သွားအောင် ဆီလီကွန် ထည့် လိုက်တဲ့ သဘောပါပဲ။ မျက်လုံးကကျတော့ Eye Shadow ပြင်လို့ရှိရင် နည်းနည်းလေး Western ဘက်သွားတဲ့ ပုံစံကို ကြိုက်တယ်။ အဲဒီတော့ မျက်ရစ်လေးကြီးအောင်ဖော်ချင် တယ်။ အဲဒီလောက်ပါပဲ။ အကြီးကြီး ပြောင်းတာတော့ မဟုတ် ပါဘူး” လို့ နေခြည်ဦးကပြောပြပါတယ်။
အဲဒီလို ခွဲစိတ်တဲ့အခါ ဘေးထွက်ဆိုးကျိုး တွေကောရှိမှာလား။ ပရိသတ်တွေကို ပြန် Share ပါဦးလို့ ဆိုတော့…
”ခွဲစိတ်ပြုပြင်လို့ရှိရင် အကောင်း၊ အဆိုးကတော့ အမြဲ တမ်းရှိပါတယ်။ တစ်ရာရာခိုင်နှုန်း Perfect ဖြစ်မယ်ဆိုတာ တော့ မဟုတ်ဘူးပေါ့နော်။ အဲဒီတော့ သူ့ဆီမှာ ဖြစ်နိုင်မယ့် ဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးလေးတွေကို Learn လုပ်သွားတယ်။ ပြီးတော့ဆရာဝန်၊ ဆေးရုံကအစသေသေချာချာလေး ရွေးတယ်။ နားလည်တတ် ကျွမ်းတဲ့သူတွေကို မေးတယ်။ နေခြည် ၆ လလောက်စုထားတဲ့ Knowledge တွေကိုလည်း Sharing လုပ်ပေးဖို့ အသင့်ပါပဲ။ အဲဒါကြောင့် နေခြည် ဇူလိုင်လကုန် လောက်ပြန်လာလို့ရှိ ရင် နေခြည့်ဗဟုသုတတွေကို အကုန်လုံး Sharing လုပ်ပေးသွားမှာပါ” လို့နေခြည်ဦးက ပြောပြ ခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း