အနုပညာ နဲ့ ပညာရေးကို အချိုးညီမျှအောင် လုပ်နေရပါတယ်ဆိုတဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်

0
432

အနုပညာလောကထဲကို ကလေးသရုပ်ဆောင်အနေနဲ့ ဝင်ရောက်လာခဲ့တဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်ဟာ လက်ရှိမှာတော့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားကြီး ၅ ကား၊ ဗီဒီယိုဇာတ် ကား ၂၀ ကျော်ပါဝင်သရုပ်ဆောင်ရိုက်ကူးမှုရှိနေပြီလို့သိရပါတယ်။ ကလေးသရုပ်ဆောင်အလုပ်ကို ဘယ် အချိန်ကတည်းက လုပ်ကိုင်ဖြစ်ခဲ့လဲလို့ မေးကြည့်တဲ့အခါမှာတော့ ပြည့်ပြည့်က…

“သမီးကလေးသရုပ်ဆောင် အလုပ်ကို စလုပ်ဖြစ်တာက ၃ နှစ်သမီးကတည်းကပါ။ သမီးငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေ ကြည့်တာဝါသနာပါတယ်။ ကိုယ့်ဘာသာ မှန်ရှေ့မှာ သရုပ်ဆောင်ကြည့်တယ်။ အဲဒါကို ဖေဖေတို့ မေမေတို့ကတွေ့ပြီး သမီးကိုသရုပ်ဆောင်အလုပ်ထဲ ထည့်ပေးတယ်။ သမီးအဒေါ်ကလည်း သတင်းထောက်ဆိုတော့ ဒါရိုက်တာဦးမျိုးမင်း (ရင်းတွင်းဖြစ်)ဆီ ခေါ်သွားပေးခဲ့တယ်။ အဲဒါနဲ့ အဲဒီကနေပြီး အနု ပညာလောကထဲရောက်လာတာပါ။ အခု သမီးက သုံးတန်းရှိပါပြီ။ ရုပ်ရှင်တွေရိုက်ကူးနေတဲ့အချိန်မှာ ပညာရေးကို အားလျော့သွားမှာ စိုးတဲ့အတွက် ပညာရေးကိုလည်း တော်တော်အားစိုက်ပါတယ်။ ရိုက်ကူးရေးတွေရှိလို့ ကျောင်းပျက်ရင်လည်း ဆရာမက ခွင့်ပေးပါ တယ်။ ဒါပေမဲ့ ကျောင်းပျက်တဲ့ကျောင်းစာတွေကိုတော့ ဖေဖေ၊ မေမေ တို့ကိုမလုပ်ခိုင်းရဘူးတဲ့။ ကိုယ့်ဘာသာလုပ်ရမယ်လို့ပြောပါတယ်။ အနုပညာအလုပ်ရော၊ ကျောင်း စာတွေရော ပုံမှန်လုပ်ပါတယ်။ နှစ်ဖက်စလုံးကို အချိုးညီညီလုပ်ပါတယ်။ တစ်ခါတလေကျရင် ဇာတ်ညွှန်းတွေကို ဖတ်လို့ သိပ်နားမလည်ဘူးဆိုရင် မေမေက ဘေးကနေ ကူဖတ်ပေးတယ်။ ငိုတဲ့အခန်းတွေရိုက်ရင်လည်း သမီးအတွက်တော့ တအားမခက်ခဲပါဘူး။ ငိုတဲ့အခန်းတွေဆို သမီး စဉ်းစားလိုက်တယ်။ မေမေက သမီးငယ်ငယ်ကတည်းက ပြောတယ်။ သမီး စာမကြိုးစားရင် အမေတို့ နိုင်ငံခြားကိုထွက်ပြီး ပိုက်ဆံရှာရမှာလို့ ပြောတယ်။ အဲဒီလိုမျိုးဆို သမီးတအားငိုတယ်။ အဲဒါကြောင့် ငိုတဲ့အခန်းတွေဆို မေမေပြောတဲ့စကားတွေကို စဉ်းစားပြီးငိုလိုက်တယ်”လို့ ပြည့် ပြည့်က ပြောပါတယ်။

ကလေးသရုပ်ဆောင်အနေနဲ့ လူကြီးသရုပ်ဆောင်တွေနဲ့အတူတွဲပြီး ပါဝင်သရုပ်ဆောင်ရတဲ့အခါ မှာ ဘယ်သူ့ကို သဘောကျသလဲလို့ မေးကြည့်လိုက်တော့ ပြည့်ပြည့်က….

“သမီးက အန်တီအူဝဲနဲ့ မမကစ်ကစ်တို့ နှစ်ယောက်ကို တအားသဘောကျတယ်။ သူတို့ သရုပ်ဆောင်တဲ့ပုံစံတွေကို ကြည့် ထားတယ်။ လေ့လာပြီးတော့ ပြန်ပြီး အန်တီတို့ဆီက သင်ယူတယ်။ အန်တီအူဝဲနဲ့ မမကစ်ကစ်တို့ဆီက မျက်လုံးအနေအထားလေးတွေ ဘယ်လိုလုပ်တယ်ဆိုတာတွေကို အမြဲတမ်းသင်ယူရင်းနဲ့ပဲ သရုပ် ဆောင်တာကို လေ့လာပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here