ချစ်သူ ကောင်မလေးကို အမေနဲ့တူတဲ့သူမျိုးပဲ ဖြစ်စေချင်တယ်ဆိုသူ သရုပ်ဆောင် အိစိကွေး

0
424

သရုပ်ဆောင် အိစိကွေးက လတ်တလောမှာ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူး လျက်ရှိပြီး သရုပ်ဆောင်ပိုင်း အပြင် ဂီတနဲ့ပတ်သက်တဲ့ သီချင်းတွေ သီဆို ဖို့ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အိစိကွေးက သီချင်းတွေကို MTV ရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်ဖို့ရှိကြောင်းကို ”အိစိ ဒီရက်ပိုင်း ကြော်ငြာတွေ ရိုက်ကူးဖို့လက်ခံထားတာတွေလည်း ရှိတယ်။ ရုပ်ရှင်ဇာတ် ကားတွေလည်း ရိုက်ကူးဖို့ ရှိပါတယ်။ သရုပ်ဆောင်ပိုင်းကို စိတ်ဝင်စားသလိုပဲ ဂီတနဲ့ ပတ်သက်ပြီးတော့ လည်း သီချင်းတွေဆိုဖို့ လုပ်ကိုင်နေပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီကို MTV ရိုက်ပြီး အွန်လိုင်းမှာ တင်သွား ဖို့ ရှိပါတယ်။ သီချင်းခွေ မထုတ်သေးဘဲနဲ့ တစ်ပုဒ်ချင်းစီကိုပဲ အွန် လိုင်းကနေ တင်သွားဖို့ ရှိပါတယ်။ ဒီရက်ပိုင်း ဇာတ်ကားရိုက်ကူးနေတော့ အဲဒီဘက်ကို မလှည့်နိုင်သေးဘဲ အချိန်တွေ ကြန့်ကြာနေတယ်။ အိစိရဲ့ သီချင်းတွေ ထွက်လာရင်လည်း ပရိသတ်တွေ အားပေး ကြပါဦး”လို့ ပြောပါတယ်။

ကလေးသရုပ်ဆောင်ဘဝကနေ ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်ခဲ့ တဲ့အတွက် အခုကိုယ့်ကို ကာရိုက်တာပိုင်း ရွေးချယ်ခိုင်းရင် ဘယ်ကာရိုက် တာမျိုးရိုက်ချင်လဲသလို့ မေးကြည့် တဲ့အခါ မှာတော့ အိစိကွေးက ”ကာရိုက်တာကို ဟိုရိုက်ချင် ဒီရိုက်ချင်တော့မရှိပါဘူး။ ကာရိုက်တာ အကုန် လုံးကို သဘောကျတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သရုပ်ဆောင်တစ်ယောက်သည် ဘယ်ကာရိုက် တာမဆို ကိုယ်နဲ့ လိုက်လိုက် မလိုက်လိုက် အကောင်း ဆုံးသရုပ်ဆောင်နိုင်ရမယ်။ ဘယ် ကာရိုက်တာမဆို Ready ဖြစ်နေရ မယ်။ ကာရိုက်တာကို ဟိုရွေးချယ်၊ ဒီရွေးချယ်လုပ်ဖို့လည်း အခွင့်အရေး မရှိသေးပါဘူး”လို့ ပြောပါတယ်။

ကိုရီးယားမင်းသမီးလေးတွေကို သဘောကျတဲ့ အိစိကွေးတစ်ယောက် ကိုယ့်ရဲ့ ချစ်သူကောင် မလေးကိုကော ဘယ်လိုပုံစံမျိုး ဖြစ်စေချင်သလဲလို့ မေးကြည့်တဲ့အခါမှာတော့ အိစိကွေးက ”အခုတော့ အိစိမှာ ရည်းစား မရှိသေးပါဘူး။ (ရယ် လျက်)။ ဒါပေမဲ့ တကယ်လို့ ကိုယ့်ရဲ့ ချစ်သူကို ရွေးချယ်လာတဲ့အခါ အိစိ ရဲ့ အမေလိုပဲ အိမ်မှုကိစ္စနိုင်နင်းပြီး ရိုးသားကြိုးစားတဲ့သူဖြစ်ရမယ်။ ရုပ် ချောချော၊ မချောချော ရိုးရိုးသားသားလေးနဲ့ဆို အိစိအတွက် အဆင်ပြေပါတယ်”လို့ အိစိကွေးက ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here