သဘင်မင်းသားပဲဖြစ်ချင်သူသ ဘ င် မ င်း သား ရဲရင့်ထက်အောင်

0
251

တင်မောင်ဆန်းမင်းဝင်းတို့ မိုးရာသီအထူးဖျော်ဖြေပွဲမှာ သဘင်မင်းသားရဲရင့်ထက်အောင်လည်း ပါဝင်ကပြမှာ ဖြစ်ပါတယ်။ သူကတင်မောင်ဆန်းမင်းဝင်းတို့ ဇာတ်မှာ၂၀၁၄ခုနှစ်ကတည်းက စတင်ကပြခဲ့ပြီး ကြားကာလမှာတော့ ကျန်းမာရေးအရ ၂ နှစ်ရပ်နားခဲ့ရာကနေ အခုနှစ်မှစတင်ပြီး ပြန်လည်ကပြမှာဖြစ်ပါတယ်။ သူဟာ သဘင်မျိုးရိုး မရှိပေမယ့် သဘင်ကိုချစ်တဲ့စိတ်နဲ့ ဇာတ်မင်းသားတစ်ယောက်ဖြစ်ချင်ခဲ့သူပါ။

“ကျွန်တော် ၁၀ တန်းစာမေးပွဲဖြေဆိုပြီးတော့ အမေကဦးမိုးမင်းဇာတ်ကိုလိုက်ပြတယ်။ အဲဒီမှာ ဦးမိုးမင်းနှစ်ပါးက ပြတာကိုကြည့်ရှုပြီးတော့ တအားကချင်သွားတယ်။ အဲဒါနဲ့ ကျွန်တော် ၁၀တန်းအောင်တော့ ငါမင်းသားဖြစ်အောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ တခြားမင်းသားမဖြစ်ချင်ဘူး။ ဇာတ်မင်းသားပဲဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလောကထဲကိုဝင်ခဲ့တာပါ။ နှစ်ပါးသွားဝတ်စုံဝတ်ရတာကို ကျွန်တော်တအားပျော်တယ်။ ကနေရရင်ကို ပျော်တယ်။ ဒါကြောင့်ကျွန်တော် ယဉ်ကျေးမှုတက္ကသိုလ်တက်ခဲ့တယ်။ ဘွဲ့ရပြီးတော့ ကိုဆန်းမင်းဆီမှာကဖြစ်တာပါ”လို့ သဘင်ကိုဝါသနာပါခဲ့ပုံကို ရဲရင့်ထက်အောင်က ပြောပါတယ်။

ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုက ပရိသတ်ကို Live တင်ဆက်ရတာဖြစ်တဲ့အတွက် အမှားအယွင်းမခံပါဘူး။ ဒီလိုအမှားအယွင်းမခံတဲ့အတွက်လည်း ဇာတ်စင်ပေါ် ကပြမှုမှာ မကောင်းဘူးဆိုရင်လည်း ချက်ချင်း အ ပြောခံရမှာဖြစ်တာကြောင့် အထူးဂရုစိုက်ရတယ်လို့ သူ ကပြောပါတယ်။

“ဒီအပေါ်မှာကျွန်တော်တို့တွေက ဘယ်လို ကောင်းအောင်တင်ဆက်ရမလဲဆိုတာ ကိုဆန်း မင်းဝင်း သင်ပြပေးတဲ့ပညာတွေ၊ တက္ကသိုလ် ကပေးလိုက်တဲ့ပညာတွေ၊ မြင်ဆရာ ကြား ဆရာတွေပေးလိုက်တဲ့ပညာတွေနဲ့ ပရိ သတ်တွေ မငြီးငွေ့သွားရအောင် တင်ဆက် ရပါတယ်။ ကျွန်တော်တို့မှာ သဘင်ပညာ နဲ့ပတ်သက်ပြီးတော့ သင်စရာတွေက အ များကြီးပါပဲ။ ဘယ်တော့မှလည်း ကုန်ဆုံး သွားမှာမဟုတ်ပါဘူး။ လက်ရှိမှာလည်းဆက် လက်သင်ယူနေဆဲပါပဲ။ အဲဒါကြောင့် ပရိသတ် တွေကိုလည်း အကောင်းဆုံးဖျော်ဖြေတင် ဆက်နိုင်အောင် ဒီထက်မက ကြိုးစားသွားမှာပါ” လို့ တင်ဆက်မှုပိုင်းနဲ့ပတ်သက်လို့ ပြောပြပါတယ်။ ပရိသတ်တွေကို အမြဲဦးထိပ်ထားတဲ့သူက သူ့ရဲ့ We Love တွေနဲ့လည်း တွေ့ဆုံခဲ့ပြီးပါပြီ။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here