သဘင်ကို မြှင့်တင်ချင်တဲ့သဘင်မင်းသားစမ်းရေမိုး

0
291

သဘင်မင်းသားစမ်းရေမိုးက တင်မောင်ဆန်းမင်းဝင်းရဲ့ရွှေမန်း သဘင်မှာ ကပြနေတာ ၃ နှစ်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ သူငယ်ရွယ်စဉ်ရွာမှာ နေထိုင်ကတည်းက ရွာဘုရားပွဲတွေမှာကပြခဲ့ပြီး ဇာတ်သဘင်ပိုးကို အဲဒီ ကတည်းက စခဲ့တာပါ။ ဇာတ်သဘင်ပိုင်းမှာ မင်းသားတွေ အကုန်လုံးကို အားကျ အတုယူပြီး ပရိသတ်ချစ်တဲ့သဘင် မင်းသားတစ်ယောက်ဖြစ် အောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ သဘင်လောကထဲကို ဝင်ရောက်လာခဲ့တာ ပဲဖြစ်ပါတယ်။ ဒီလိုနဲ့တင် မောင်ဆန်းမင်းဝင်းရဲ့ရွှေမန်းသဘင်ဇာတ်မှာ မင်း သားတစ်ယောက်အနေနဲ့ ကြိုးစားလာခဲ့တာအခုဆိုရင် ပရိသတ်တွေ အတော် အတန်သိတဲ့ မင်းသားတစ်လက်အဖြစ် ရောက်ရှိလို့လာခဲ့ပါပြီ။

“ပရိသတ်တွေက ကျွန်တော်တို့ရဲ့ ထမင်းရှင်ပါ။ ကျွန်တော်တို့ ကို ထမင်းကျွေးနေတာလို့ သဘောထားပါတယ်။ ကျွန်တော့် We Love တွေနဲ့တွေ့ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အသံ ကိုလည်း ကျွန်တော်နားထောင်တယ်”လို့ ပရိသတ်နဲ့ သူ့ ကြားက ဆက်သွယ်မှုကို စမ်းရေမိုးက ပြောပြပါတယ်။ သူက လူငယ်ပီပီ လူငယ်ခွန်အားတွေနဲ့အတူ အတွေး သစ် အမြင်သစ်တွေနဲ့ မြန်မာ့ဇာတ်သဘင်ကို ဒီ့ထက် ပိုအောင်မြင်စေဖို့ ကြိုးစားသွားချင်သူပါ။

“အဆင့်အတန်းမြှင့်တင်ချင်တာပေါ့လေ။ ကျွန် တော်တို့တတ် နိုင်တဲ့ဘက်ကနေပေါ့။ ကိုဆန်းမင်း ရဲ့ သင်ပြပေးမှုတွေနဲ့အတူ အစ်ကို့အတွက်လည်း အထောက်အကူဖြစ်အောင် သဘင်ကိုလည်းမြှင့် တင်ချင်တယ်။ အဲဒီအတွက်လည်းကြိုးစားမှာပါ”လို့ စမ်းရေမိုးက ပြောပါတယ်။

စမ်းရေမိုးနဲ့ ရဲရင့်ထက်အောင်က တင်မောင် ဆန်းမင်းဝင်းရဲ့ မိုးရာသီအထူးဖျော်ဖြေပွဲမှာ ကပြတင်ဆက် သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေလာရောက်ကြည့်ရှုနိုင် ဖို့အတွက်ကိုလည်းစမ်းရေမိုးက . . .

“ကျွန်တော်တို့တွေ ကြိုးစားထားပါတယ်။ ပရိ သတ်တွေအတွက် အားလုံးပြင်ဆင်ထားပါတယ်။ ကိုကြီး တင်မောင်ဆန်းမင်းဝင်းနဲ့အတူ အသစ်အသစ်တွေနဲ့ ပရိ သတ်တွေကိုတင်ဆက်မှာပါ။ လာကြည့်ပါဦး။ မျှော်စင် ကျွန်းကနေကြိုနေပါမယ်”လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here