ချစ်သူသက်တမ်း တစ်နှစ်ခွဲ ရောက်လာတဲ့အခါ ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ အရင်ထက် နားလည်မှု ပိုရှိလာ

0
817

 

နာမည်ကျော် အဆိုတော်တစ်ဦး ဖြစ်တဲ့ ရဲရင့်အောင်နဲ့ သရုပ်ဆောင် ဧငြိမ်းဖြူတို့ရဲ့ အချစ်ဇာတ်လမ်းက တစ်နှစ်ခွဲသက်တမ်းကို ရောက်ရှိလာပါပြီ။ သူတို့နှစ်ဦးရဲ့ အချစ်ရေး အကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟထားကြတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်အချိန်ကတည်းက စတင်ပြီး သဘောကျခဲ့ကြတာလဲဆို တာကိုတော့ ရဲရင့်အောင်က …

”ကျွန်တော်နဲ့ သူနဲ့စပြီး ရင်းနှီးနေကတည်းက ကြိတ်ပြီး သဘောကျနေတာပါ။ အမှန်အတိုင်း ပြောရရင်ဟိုးငယ်ငယ်ကတည်းက ကမ္ဘာပေါ်မှာ ကျွန်တော်ရှိနေမှန်း သူမသိခင်က တည်းက ကျွန်တော် သူ့ကို ကြိတ်ပြီးကြိုက်နေတာပါ” လို့ ချစ်သူနဲ့ ပတ်သက်ပြီး အရွှန်းဖောက်ခဲ့ပါတယ်။ ဧငြိမ်းဖြူကလည်း …

”သူနဲ့ စသိတာက သူ့ fan အနေနဲ့စပြီး မိတ်ဆက်တော့ သူက ညီမကိုသိနေတယ်။ အဲဒီက စပြီး ရင်းနှီးသွားတာပါ” လို့ ဆိုပါတယ်။ သူတို့ချစ်သူနှစ်ဦးမှာ ရဲရင့်အောင်က ပိုပြီးသဝန်တိုတတ်တယ်လို့ ဆိုပြီး ချစ်သူစုံတွဲတွေကြားမှာ နားလည်မှုက အရေးကြီးဆုံးပါပဲဆိုတဲ့ ဧငြိမ်းဖြူက …

”ပထမဦးဆုံးစချစ်တော့ သူစိမ်းနှစ်ယောက်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အကြောင်း မသိ ဘူး။ အခုနောက်ပိုင်းကျတော့ ပြောစရာမလိုအောင် သူ့မျက်နှာအနေအထားကို ကြည့်တာနဲ့ ဘာ ဖြစ်နေလဲဆိုတာ သိလာတော့ နားလည်မှုတွေ အများကြီးပိုရှိလာတယ်” လို့ ပြောပါတယ်။ ဧငြိမ်းဖြူက ရဲရင့်အောင်ရဲ့သီချင်းတွေ အကုန်လုံးကို ကြိုက်နှစ်သက်ပြီး သရုပ်ဆောင်ဘက်မှာလည်း တော်ကြောင်း ဝေဖန်ခဲ့ပါတယ်။ လူငယ်အနုပညာရှင်တွေဖြစ်တဲ့အတွက် နှစ်ဦးကြားမှာ ပြဿနာလေးတွေ ကြုံတွေ့လာရတဲ့အခါမှာ ဘယ်လိုညှိနှိုင်းကြသလဲဆိုတာကိုတော့ ရဲရင့်အောင်က …

”ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပြဿနာတက်တာပဲဖြစ်ဖြစ် ကျွန်တော်က ယောက်ျားလေး၊ အဲဒီတော့ ကျွန်တော်က ဦးဆောင်ပြီးတော့ ပြန်အဆင်ပြေအောင် ကြိုးစားရတာပေါ့။ ပြန်အဆင်ပြေအောင်ပဲဖြစ်ဖြစ် သူ နားလည်အောင် ပြောတာပဲဖြစ်ဖြစ် အားလုံးက ကျွန်တော့်အပေါ်မှာမူတည်နေတယ်လို့ ကျွန်တော်ထင်တယ်” လို့ ဆိုပါတယ်။ ဒါကို ဧငြိမ်းဖြူကလည်း …

”သူက ညီမကို သူ ငယ်ချင်းတစ်ယောက်အနေနဲ့ရော အစ်ကိုတစ်ယောက်အနေနဲ့ရော၊ မိဘအနေနဲ့ရော နားလည်အောင် ရှင်းပြတယ်။ ညီမက အရင်ကဆို ကလေးတအားဆန်တယ်။ အခုကလေး သိပ်မဆန်တော့ဘူး။ သူဆုံးမလို့ပါ” လို့ ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here