မိန်းကလေးတိုင်းမှာ အလှကိုယ်စီရှိကြပါတယ်အိချောပို

0
561

မြန်မာနိုင်ငံက နာမည်ကျော် မင်းသမီးတွေထဲမှာတော့ အိချောပို ကို သရုပ်ဆောင်လည်း ကောင်းသလို ခန္ဓာကိုယ်လှပမှုရှိတဲ့အတွက်လည်း ပရိသတ်တွေ သဘောကျနှစ်သက်ကြပါတယ်။ ခန္ဓာကိုယ်ထိန်းသိမ်းတာကို ထွေထွေထူးထူး မလုပ်ဖြစ်ပေမယ့် နည်းနည်းလေး ပြည့်လာတဲ့အခါမျိုး ဆိုရင်တော့ လမ်းလျှောက်တဲ့လေ့ကျင့်ခန်းမျိုးပဲ လုပ်ဖြစ်တယ်လို့ အိ ချောပိုက ဆိုပါတယ်။ မိန်းကလေးတိုင်းမှာ အလှကိုယ်စီရှိပါတယ်လို့ ဆို တဲ့ အိချောပိုက …

”ကိုယ်လည်း တခြားသူကို အားကျတာမျိုးရှိတာပဲ။ လူတိုင်းမှာ သူတို့ အလှနဲ့ သူတို့ရှိကြတာပဲလေ။ သူများတွေကို အားကျနေမယ့်အတူတူ ကိုယ့်မှာလည်း အလှအပလေးတွေ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီး အားကျလို့ ရပါတယ်” လို့ ပြောပါတယ်။

လွှမ်းပိုင်နဲ့ အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားပြီး တက္ကသိုလ် နောက်ခံ လူငယ်အချစ်ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတဲ့ ‘ကြွေ’ ရုပ်ရှင် ဇာတ်ကားကိုတော့ ဇူလိုင်လထဲမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းကို ကိုယ်တိုင်လည်းကြိုက်နှစ်သက်တဲ့အတွက် ရိုက်ကူးခဲ့တာ ဖြစ်ပြီး ပြန်ကြည့်ရတဲ့အချိန်မှာတော့ ရင်ခုန်မှုရှိတယ်လို့ အိချောပိုက ဆိုပါ တယ်။ ဒီဇာတ်ကားထဲမှာတော့ အိချောပိုက တက္ကသိုလ်ကျောင်းသူတစ် ယောက်ဖြစ်တဲ့အတွက် မြန်မာဆန်ဆန်ဝတ်ဆင်ရပေမယ့် ခေတ်နဲ့ ညီတဲ့ မြန်မာဝတ်စုံဖက်ရှင်ဆန်းဆန်းလေးတွေကို တစ်မျိုးပြီး တစ်မျိုးဝတ် ဆင် ထားတာကို မြင်တွေ့ကြရမှာပါ။ သူ့အနေနဲ့ လူငယ်ဆန်တဲ့ မြန်မာ ဝတ်စုံ တွေကိုဝတ်ဆင်ရတာ စိတ်ကျေနပ်မှုဖြစ်စေတယ်လို့လည်း ဆိုပါ တယ်။ ဇာတ်ကားရိုက်ကူးမှုအမှတ်တရတွေနဲ့ပတ်သက်ပြီး အိချောပိုက …

”ဒီဇာတ်ကားကို ရိုက်ကူးတုန်းက တကယ်ကိုအပင်ပန်းခံပြီး အချိန် ပေးပြီး ရိုက်ထားပါတယ်။ ၃ ခါလောက် ပြန်ရိုက်ရတယ်။ မိုးတွင်း ကြီးမှာဆိုတော့ မိုးတွေကလည်း အဆက်မပြတ်ရွာတယ်။ မိုးတွင်းပြီးမှ ထပ်ရိုက်ရတယ်။ နောက်တစ်ခါ လည်းမပြီးလို့ ထပ်ရိုက်ရတယ်။ ဇာတ်ဝင်ခန်းတွေထဲမှာတော့ အင်းယားကန်ထဲ ဆင်းရတဲ့ ဇာတ်ဝင်ခန်း ကတော့ အမှတ် တရ ပိုဖြစ်ပါတယ်” လို့ပြောပြီး ‘ကြွေ’ ရုပ်ရှင်ဇာတ်ကားက တော့ပရိသတ်တွေကို ပျော်ရွှင် ရယ်မောစရာ၊ အချစ်နဲ့ ဝမ်းနည်းစရာစတဲ့ ရသစုံကို ပေး စွမ်းနိုင်မယ့်ဇာတ်ကား ကောင်းတစ်ကားပါလို့ အိချောပိုကဆိုပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here