မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်

0
238

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က ဦးစီးပြီး အနုပညာရှင်အလှူရှင် များနဲ့ အခြားပြင်ပအလှူရှင်များရဲ့ လှူဒါန်းမှုများပါဝင်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် သားသမီး များ အတွက်ပညာသင်ထောက်ပံ့ကြေး ပေးအပ်လှူဒါန်းပွဲကို ဇူလိုင်လ ၇ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင် အ စည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

အစည်းအရုံးဝင်သားသမီးများ ရဲ့ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းကို နှစ်စဉ် ကျောင်းဖွင့်ရာသီ ရောက် တိုင်းပေးအပ်လျက်ရှိခဲ့တာ လည်း ဖြစ်ပါတယ်။

”မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ဦးဆောင်တယ်ဆိုပေမယ့် လည်း အနုပညာရှင်၊ အတတ်ပညာ ရှင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ လှူဒါန်းငွေတွေလည်းပါဝင်ပါတယ်။ ဒါ့အပြင် အခြားအပြင်က ကုမ္ပဏီ တွေကလည်း စာရေးကိရိယာနဲ့ ပတ်သက်တာတွေ အသုံးအဆောင် ပစ္စည်းတွေကိုလည်း လာရောက် လှူဒါန်း ကြတာရှိပါတယ်။ သူတို့ တွေရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် သာ အခုလိုမျိုး အစဉ်အလာ မပျက် နှစ်စဉ် လှူဒါန်းနေနိုင်တာ ဖြစ်ပါ တယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေးက မှတ်ချက်ပြုပြောပါတယ်။
ပညာသင်ထောက်ပံ့စရိတ်နဲ့စား ရေးပစ္စည်းတွေ လာရောက်ထုတ်ယူ ကြတဲ့ အများစုဟာ ငွေကြေးအခက် အခဲရှိတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောက သားများဖြစ်ကြပြီး အထူးသဖြင့်စက်မှု အလွှာနဲ့ ဇာတ်ပို့ဇာတ်ရံအလွှာက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ထောက်ပံ့စရိတ်အ နေနဲ့ ကျောင်းသား၊ကျောင်းသူတစ်ဦး စီကို ကျပ်နှစ်သောင်း၊ ဗလာစာအုပ် ၅ ဒါဇင်၊ ကျောင်းဝတ်စုံ၊ ထမင်းချိုင့်နဲ့ ထီး အစရှိတဲ့ ကျောင်းသုံးပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့တာဖြစ် ပါတယ်။

”အဓိကကတော့ ငွေကြေးအ ခက်အခဲရှိတဲ့ လောကသားတွေ အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့သဘောပါ။ အခုလို လှူဒါန်း ပေးလိုက်တာတွေက သူတို့လေးတွေ အတွက် ခဏတာ အဆင်ပြေချောင် လည်သွားတယ် ဆိုရင်ပဲ ကျွန်တော် တို့ ပီတိဖြစ်ပါပြီ” လို့ ဦးအေးကြူ လေးက ပြောပြခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here