သားနှစ်ယောက်စလုံးကို သဘင်မင်းသားပဲ ဖြစ်စေချင်တဲ့သဘင်မင်းသမီးကြီး နန်းခင်မွှေး

0
171

ဇာတ်သဘင်လောကမှာ ဆို၊ ငို၊ ပြော ပညာရပ်ပိုင်နိုင်လွန်းလှတဲ့ သဘင် မင်းသမီးကြီးတွေထဲမှာ သဘင်မင်းသမီးကြီးနန်းခင်မွှေးလည်း တစ်ယောက်အပါအဝင်ပါ။ သူဟာနန်းတော်ရှေ့ ဆရာတင်ရဲ့မြေး၊ သဘင်မင်းသားကြီး ရွှေနန်းတင်ရဲ့ သမီးဖြစ်တာကြောင့်လည်း အဘိုးနဲ့ အဖေတို့ဆီကနေ အနုပညာဗီဇသွေးက ဆက်လက်စီးဆင်းခဲ့ပါတယ်။ သူ့မှာ ဘွန်းနဲ့ သွန်းဆိုတဲ့ သားနှစ်ယောက်ရှိပြီး နှစ်ယောက်စလုံး ကလည်း ဇာတ်မင်းသားဘဝကို ခုံမင်ကြပါတယ်။ ဘွန်းကတော့ တင် မောင်ဆန်းမင်းဝင်းဇာတ်အဖွဲ့မှာ ကပြလျက်ရှိပြီး သွန်းကတော့ မန္တလေးက ဗလာဇာတ်တစ်ဇာတ်မှာ ကပြလျက်ရှိပါတယ်။

”အန်တီမွှေးကသားတွေကို မင်းသားဖြစ်ဖို့ပဲ ရည်ရွယ်တယ်။ ကိုယ် တတ်ကျွမ်းတာကလည်း ဒီအနုပညာပဲ တတ်ကျွမ်းတာလေ။ အဲဒီတော့ ကိုယ့်ရဲ့ မျိုးဆက်တွေကလည်း သဘင်မင်းသားပဲ ဖြစ်ရမယ်ဆိုတဲ့ရည် ရွယ်ချက်ရှိတယ်” လို့ သားနှစ်ယောက်နဲ့ပတ်သက်လို့ သူ့ရဲ့ဖြစ်စေလိုမှုကို မင်းသမီးကြီး နန်းခင်မွှေးက ပြောပါတယ်။ သူက သားနှစ်ယောက်ကို လည်း သဘင်ပညာနဲ့ပတ်သက်လို့ အမြဲသင်ပြပေးနေသလို ပရိသတ်တွေ နဲ့ ထိတွေ့ပြောဆိုမှုအပိုင်းမှာလည်း ထားရှိရမယ့် စိတ်ထားပိုင်းဆိုင်ရာကို အမြဲ ပြောပြပါတယ်။ ”ကိုယ်ကမင်းသားဖြစ်နေတဲ့အတွက် သည်းခံနိုင်စိတ် မွေးရမယ်။ တကယ်နောက်ပြောင်တာတွေလည်းရှိတယ်။ မုန်းလို့ပြောတာမျိုး တွေလည်း ရှိချင်ရှိမှာပေါ့လေ။ ဒါပေမဲ့ ကိုယ်က သည်းခံနိုင်ဖို့ကတော့ အများကြီး လိုအပ်တယ်လို့ သားတွေကို အမြဲတမ်းမှာကြားထားတယ်” လို့ ပရိသတ်တွေနဲ့ ပတ်သက်လို့ ထားရရှိမယ့် စိတ်ထားကို မင်းသမီးကြီးနန်းခင်မွှေးကပြောပြခဲ့ပါတယ်။

ဓာတ်ပုံ- အောင်ဇော်မင်း ၊

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here