ကိုသားကြီး(ဒွေး)၊ ကိုရန်အောင် တို့လို စွယ်စုံရ အနုပညာရှင် ဖြစ်အောင် ကြိုးစားနေတဲ့ အလင်းရောင်

0
333

လတ်တလောမှာတော့ သရုပ်ဆောင် အလင်း ရောင်က ‘သစ္စာ တရား၏ အမိန့်ပေးသံ’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ်နဲ့အတူ ပါဝင် ရိုက်ကူးနေတယ်လို့သိရပါတယ်။ သရုပ်ဆောင် အသစ်တစ်ယောက် ဖြစ်ပေမယ့်လည်း ထူးခြားတဲ့ သရုပ်ဆောင်မှုတွေ ရှိတဲ့အတွက်ရုပ်ရှင်ဇာတ်ကားကြီး တွေမှာပဲပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းမှုကို ပိုင်ဆိုင်ထား နေပြီဖြစ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အလင်းရောင် ဟာသရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန် သလို၊ ဂီတပိုင်းမှာလည်း ပါရမီပါတဲ့ အတွက် သရုပ် ဆောင်နဲ့ ဂီတနှစ်ခုစလုံးကိုအချိုးညီညီ လုပ်ဆောင် သွားဖို့ရှိလားလို့ မေးမြန်းကြည့်တဲ့အခါမှာတော့ အလင်းရောင်က …

”ကျွန်တော်ဖြစ်ချင်တာကတော့ သရုပ်ဆောင် ရော၊ ဂီတရော နှစ်ဖက်စလုံးကို အချိုးညီညီနဲ့ ဘက်စုံသေချာစွာ လုပ်ကိုင်သွားချင်တယ်။ သေချာ အောင်မြင်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်ဂီတပိုင်းမှာဆို တော်တော်လေး အားနည်းနေတယ်။ ကျွန်တော် ၂ နှစ်ကျော်သွားပြီ။ ကျွန်တော် MTV လည်း မထွက်ဖြစ် ဘူး။ နောက်စီးရီးခွေ တစ်ခွေထပ်လုပ်မယ်ဆိုပြီး သီချင်းတွေစုထားတာကလည်း recording မလုပ်ဖြစ် ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီသရုပ်ဆောင်ဘက် သေချာပြန် အခြေချနိုင်ဖို့၊ တစိုက်မတ်မတ် အာရုံ မစိုက်နိုင်မှာကြောင့်လည်းပါတယ်။ ကျွန်တော်အခု သရုပ်ဆောင်ဘက်ကို အဓိကအားစိုက်လုပ်ကိုင် နေတဲ့အချိန်မှာ ပိုပြီးတော့ အလေးပေးဖြစ်နေတယ်။ ဒါပေမဲ့ နောက် ပိုင်းမှာတော့ အဆိုပိုင်းနဲ့ ပတ်သက် ပြီးတော့လည်း ပြန်လုပ်ဖို့ရှိပါတယ်”လို့ပြောပါတယ်။

သရုပ်ဆောင်ပိုင်းမှာရော၊ အဆိုပိုင်းမှာရော ပရိသတ်ရဲ့ အားပေးမှုကို ရရှိနေတဲ့အချိန်မှာ အောင် မြင်တဲ့လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အနု ပညာရည်မှန်းချက်ကိုကော ဘယ်နေရာထိ တက်လှမ်း ဖို့မျှော်မှန်းထားလဲလို့ မေးမြန်းကြည့်တဲ့အခါမှာတော့…

”အဲဒီလိုအနုပညာရည်မှန်းချက်မျှော်မှန်းထားတာ မျိုးတော့ မရှိဘူး။ ကိုယ် လုပ်ချင်တဲ့ကာရိုက်တာမျိုး၊ ကိုယ်လုပ်ချင်တဲ့ သရုပ်ဆောင်မှုမျိုးကို ကျွန်တော် လုပ်ကြည့်ချင်တယ်။ ပရိသတ်ခံစားချက်နဲ့ ထပ်တူဖြစ် အောင် သရုပ်ဆောင်ဖူးချင်တယ်။ အဲဒီလောက်ပါပဲ။ ကျန်တာကတော့ပရိသတ်ကနေ ကျွန်တော့်ကို နောက် ထပ်လက်ခံတာ၊ အားပေးတာကျတော့ ကျွန်တော့်ရဲ့ ကြိုးစားမှု၊ ကျွန်တော့်ရဲ့ ကံတရားနဲ့လည်းအကုန်လုံး သက်ဆိုင်သွားပြီ ဆိုတော့ ကျွန်တော့်ဘက်ကပရိသတ် နဲ့ထပ်တူကျအောင်အကောင်းဆုံး ကြိုးစားနေပါ တယ်။ ကျွန်တော်စွယ်စုံရအနုပညာရှင် တစ်ယောက် ဖြစ်အောင်လည်း ကြိုးစားနေတယ်။ ဘာဖြစ်လို့လဲဆို တော့ကျွန်တော် အလွန်အားကျရတဲ့ ကိုသားကြီး၊ ကို ရန်အောင်တို့ကလည်းပရိသတ်အားပေးတဲ့စွယ်စုံရ အနုပညာရှင်တွေ ဖြစ်တဲ့အတွက် သူတို့လို မျိုးဖြစ် အောင်ကြိုးစားချင်တယ်”လို့ အလင်းရောင်က ပြောပါ တယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here