သိပ်တော်တဲ့ အဆိုရှင် ဖြစ်ချင်တယ်ဆိုသူ စံထိပ်ထားဦး

0
334

လက်ရှိမှာ အကယ်ဒမီ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦး ကတော့ အသက် ၁၅ နှစ်အရွယ်ထဲ ရောက်ရှိနေပြီး သူဟာ အနုပညာနဲ့ပတ်သက်ပြီး သရုပ်ဆောင်ပိုင်းရော၊ ဂီတပိုင်းရော စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ စံထိပ်ထား ဦးက လတ်တလောမှာတော့ သရုပ်ဆောင်ပိုင်းအနေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေပြီး အဆိုပိုင်းနဲ့ ပတ်သက်လို့ သီချင်းတွေလည်း သီဆိုဖို့ လေ့ကျင့်နေ တယ်လို့ သိရပါတယ်။ လူငယ်တစ် ယောက်ဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ မျှော်မှန်းထားလဲလို့ မေးမြန်းကြည့်တဲ့အခါမှာတော့ စံထိပ်ထားဦးက …

”အရင်ဆုံးတော့ ထိပ်ထိပ်စာမေးပွဲ အရင်အောင်မြင်အောင်ဖြေဆိုရမယ်။ စာမေးပွဲ အောင်မြင်ပြီးမှ ကိုယ်လုပ်ကိုင်ချင်တဲ့ အရာတွေကို ဆက်လုပ်ကိုင်လို့ရမှာ။ ဒါပေမဲ့ စာမေးပွဲဖြေဆို ပြီးသွားရင်တော့ သရုပ်ဆောင်ရော၊ ဂီတပိုင်းမှာရော စွယ်စုံရတဲ့ အနုပ ညာ ရှင်တစ်ယောက်ဖြစ်ချင်တယ်။ တကယ်လို့ အဲဒီလိုမျိုးမလုပ်နိုင်ရင်တော့ အဆိုပိုင်းပဲ အဓိကထားလုပ်ကိုင်သွားဖို့ အစီအစဉ်ရှိပါတယ်။ ထိပ်ထိပ်ကမေမေ့သွေးပါလို့လား မသိ ဘူး။ အနုပညာကို တော်တော် ချစ်တယ်။ နောက်ပိုင်း စာမေးပွဲဖြေဆိုပြီးလို့ အနုပညာအလုပ်တွေ လုပ်ကိုင်တော့မယ်ဆိုရင် ထိပ်ထိပ်ရဲ့ အနုပညာရည်မှန်းချက်က ထိပ်ထိပ်က သီချင်းဆိုတာ ဝါသနာပါတယ်။ စန္ဒရားတီးတာဝါသနာပါတယ်။ အဲဒီလိုမျိုး ထိပ်ထိပ်က သီချင်းဆိုတာတွေ၊ စန္ဒ ရားတီးတာတွေလုပ်နေရရင်ကို ပျော်နေတာ။ ငါဒါလုပ်လည်း ဘာဖြစ်မယ်၊ ဘာဆုရမယ်ဆိုပြီး မမျှော်မှန်းဖူးဘူး။ ဆုရရင်တော့အကောင်းဆုံးပေါ့။ မရရင်လည်း ဒီအတိုင်းပဲ။ သီချင်း ဆိုနိုင် မယ်ဆိုရင်လည်းရပါပြီ။ အနုပညာရည်မှန်းချက် ဆိုပြီးတော့ ထူးထူးခြားခြား မရှိပါဘူး။ ဒါပေမဲ့ ထိပ်ထိပ်က သရုပ်ဆောင်နဲ့ ဂီတမှာ ဂီတကို ဝါသနာပိုပါတယ်။ အဲဒီအတွက် တကယ်လို့ အရွယ်ရောက်လာရင်လည်း သိပ်တော်တဲ့ အဆိုရှင်တစ်ယောက် ဖြစ်ချင်ပါတယ်”လို့ စံထိပ် ထားဦးက ပြောပါတယ်။

မေမေကလည်း ပရိသတ်အများအပြားက ချစ်ကြတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ် တဲ့အတွက် မေမေ့ကို အားကျတဲ့အပိုင်းကောရှိလားလို့ မေးမြန်းကြည့်တဲ့အခါမှာတော့ စံထိပ် ထားဦးက …

”မေမေ့ကို အလွန်အားကျတယ်။ မေမေကထိပ်ထိပ်ရဲ့ Idol ပါပဲ။ မေမေကချစ်ဖို့လည်း ကောင်း တယ်။ တစ်ခါတလေကျရင် ထိပ်ထိပ်ကို ဆူနေတဲ့အခါကျရင် ပိုချစ်ဖို့ကောင်းတယ်။ မေမေ့လို တော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here