ထွန်းထွန်း ကို ထပ်ဆင့် အကယ်ဒမီ ဆုရှင်အဖြစ် မြင်ရဖို့ရှိမလား

0
433

နယ်မြို့တစ်မြို့မှာ တာဝန်ကျတဲ့ ကျောင်း ဆရာလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးထဲက အကယ်ဒမီ ထွန်းထွန်း။ သံယောဇဉ်ဖြစ်တဲ့ သူ့ ရပ်ရွာအပေါ် အကျိုးပြုနေတဲ့အချိန်မှာ မထင်မှတ် ဘဲ အပြောင်းအလဲလေးတစ်ခု ဖြစ်ပေါ်သွားတယ်။ အဲဒီလို ဇာတ်လမ်းဇာတ်ရုပ်အပေါ်မှာ ထွန်းထွန်း က လိုက်ပါ စီးမျောသရုပ်ဆောင်ရတာပါ။ အဆိုပါ ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ထွန်းထွန်းက …

“၅၂၈ နဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ ၁၅၀ဝ နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် တွေဝေသင့် တဲ့နေရာရှိတယ်၊ မတွေဝေသင့်တဲ့နေရာရှိတယ်။ အဲဒါလေးတွေကို ရုပ်လုံးပေါ်အောင် သရုပ် ဆောင်ထားတယ်ဆိုတော့ ပရိသတ်တွေအနေနဲ့ လာရောက်ကြည့်ရှုတဲ့အခါမှာ မချိတင်ကဲဖြစ်တာ လေးတွေပေါ့။ အဲဒီလိုမျိုး ခံစားမှုရသလေးတွေ ဖြစ်မယ်လို့ထင်တယ်” လို့ ပြောပါတယ်။ လတ် တလောမှာ ထွန်းထွန်းက ဒါရိုက်တာ စတီး(လ်)(ဒွေးမေတ္တာ) ရိုက်ကူးနေတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါ တယ်။ ပရိသတ်က ထွန်းထွန်းကို အကယ်ဒမီ ရွှေစင်ရုပ်တု ထပ်မံရစေချင်ကြတယ်နော်။ အဲဒီ လိုဇာတ်ကားတွေလည်း ရုံတင်ထားတယ်ဆိုတော့ ထွန်းထွန်းကော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင် သလဲလို့မေးတော့…
“အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားနေပါ တယ်။ ပရိသတ်ဆန္ဒပြည့်ဝအောင် ပိုပြီးကြိုးစားဖို့ပဲ ရှိပါတယ်။ ကျန်တာကတော့ ထွေထွေထူးထူးမရှိ ပါဘူး”လို့ ထွန်းထွန်းက ပြောပါတယ်။ ရုပ်ရှင် ဘက်ချည်းပဲတောက်လျှောက်သွား ဖြစ်နေတော့ အဆိုတော် ထွန်းထွန်း (Examplez)ဆိုတာကို တောင် သိပ်မသိကြတော့ဘူးနော်လို့ဆိုတော့…

“ဟုတ်တယ်ဗျ။ Examplez အဖွဲ့က လူတွေလည်း ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်နေကြပြီ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း ဒီဘက် နှစ်ပိုင်းမှာ ရုပ်ရှင်ဘက်ကိုပဲ ပိုလုပ်ဖြစ်နေတယ်။ အခုလည်း ရုပ်ရှင်တွေချည်းပဲ ပါဝင်ရိုက်ကူးနေတာ ဆိုတော့ ရုပ်ရှင်ဘက်မှာပဲ ကျွန်တော့်ကို ပိုတွေ့ရ ဖို့ ရှိပါတယ်” လို့ ထွန်းထွန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here