တတိယမြောက် ရုပ်ရှင်ဇာတ်ကားအတွက် စိန်ခေါ်မှုရှိလေ ပိုကျေနပ်လေဆိုတဲ့လိုင်လာခမ်း

0
206

L’OREAL PARIS ရဲ့ RED CARPET EVENT ကို ဒီဇိုင်နာ သျှတြဖန်တီး ပေးထားတဲ့ ဝတ်စုံနဲ့ တက်ရောက်လာတဲ့ မင်းသမီး လိုင်လာခမ်းရဲ့ပုံစံက တကယ့်ကို ယုံကြည်မှုအပြည့် ရှိနေပါတယ်။L’OREAL ဆိုတော့ မိတ်ကပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု လိုင်လာခမ်းကို မေးဖြစ်ခဲ့ပါတယ်။ အစ်မက ဘောလိဝုဒ်မှာလည်း ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးနေတယ်။ မြန်မာပြည်မှာလည်း ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးတယ်။ သရုပ်များအတွက် ဇာတ်ရုပ်အမျိုးမျိုး ပီပြင်စွာ သရုပ်ဆောင် နိုင်ဖို့အတွက် မိတ်ကပ်က သိပ်အရေး ကြီးတယ်လေ။ မြန်မာပြည်က မိတ်ကပ် Artist တွေနဲ့ နိုင်ငံခြားကမိတ်ကပ် Artist တွေကို နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုအခြေအနေ ရှိမလဲလို့ မေးတဲ့အခါ …

“မိတ်ကပ်ပညာက တော်တော်လေးကောင်းပါတယ်။ ဒီမှာကလည်း နိုင်ငံခြားကို တော်တော်လေးလိုက်နိုင်ပါတယ်။ လိုင်လာဆိုရင် မိတ်ကပ်ဆရာတော်တော်များများ နဲ့ လိမ်းဖူးပါတယ်။ တော်ကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ ကိုယ့်လက်စွဲဖြစ်သွား တာပေါ့။ သူတို့ကျတော့ ကိုယ့်မျက်နှာရဲ့သဘောသဘာဝကို နားလည်သွားတယ်ဆို တော့လေ။ အမြဲတမ်းလိုလို သုံးဖြစ်သွားတာပေါ့”လို့ လိုင်လာခမ်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာပဲ ရှိနေဦးမယ်ဆိုတဲ့ လိုင်လာခမ်းက သူ့ရဲ့ တတိယမြောက် ရုပ်ရှင် ဇာတ်ကား ပါဝင်ရိုက်ကူးဖို့ရှိကြောင်းလည်း အခုလိုပြောပြပါတယ်။

“သိပ်တော့ပြောလို့မရဘူးရှင့်။ အခုမှ Script ကရေးနေတုန်းဆိုတောလေ။ မိုးအကုန်လောက်တော့ ရိုက်ကူး မယ်လို့ မျှော်လင့်ထားပါတယ်။ ဦးမျိုးမင်းနဲ့ပါပဲ” လို့ လိုင်လာခမ်းက ပြောပါတယ်။ အခုဇာတ်ကားကကော လိုင်လာ့အတွက် ဘယ်လောက်စိန်ခေါ်မှုရှိမလဲလို့ဆိုတော့ …

“ဒါကတော့ ဦးမျိုးအပေါ် မူတည်တယ်။ ဘယ်လိုစိန်ခေါ်ခိုင်းမလဲတော့မသိ ဘူး။ ကိုယ်ကတော့ ပြောထားပါတယ်။ ကိုယ့်အတွက် Challenging ဖြစ်လေ၊ ပိုကျေနပ်လေလို့ ပြောထားပါတယ်” လို့ သူက ပြောပါတယ်။ လိုင်လာခမ်းက သူ့ရဲ့ ပရိသတ်တွေကိုလည်း …”ပရိသတ်ကို တအားကျေးဇူးတင်ပါတယ်။ ပရိသတ် အားပေးမှုကြောင့်လည်း “တိုက်ဆိုင်မှုရှိလျှင်” ဇာတ်ကား။ ပြီးတော့ “ရာဇဝင်ရိုင်း သူများ” ဇာတ်ကားကို ဆက်လက်ရိုက်ကူးခွင့်ရခဲ့တာပါ။ အခုလည်း ပရိသတ်ကြီးရဲ့ အားပေးမှုကြောင့် လိုင်လာ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ပါဝင် ရိုက်ကူးဖို့ ကြိုးစားနေပါတယ်။ ရုံတင်ပြသတဲ့အခါကျရင်လည်း အရင်ဇာတ်ကား တွေလိုမျိုးပဲ ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here