မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီးများ ဘဝမြှင့်တင်ရေး ပခုက္ကူမြို့တွင် စကားဝိုင်းကျင်းပ

0
172

ဇူလိုင်လ ၃ ရက်နေ့က ကျ ရောက်ခဲ့သော မြန်မာအမျိုးသမီးများ နေ့ အထိမ်းအမှတ် အမျိုးသမီး စကားဝိုင်းကို နံနက် ၉ နာရီအချိန် တွင်အထက -၂ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ အမျိုးသမီးစကား ဝိုင်းတွင် ဒေါ်ဖြူဖြူစံ (မြို့နယ် သမအသင်းစု၊ ဒါရိုက်တာ)၊ ဒေါ်သီရိ သိန်းမြင့်(လူမှုဝန်ထမ်းမူကြို ကျောင်းအုပ်ကြီး)၊ ဒေါ်ဝင်းဝင်းမော် (အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး)၊ ဒေါ်ခင်စောဝင်း(အက်ရှင်အေ့-စီမံ ချက်အရာရှိ)တို့က နိုင်ငံတော်တွင်းရှိအမျိုးသမီးများအခန်းကဏ္ဍ ပိုမို မြှင့်တင်နိုင်ရေး ဦးဆောင်ဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသူများမှ အမျိုးသမီးများအခန်းစွမ်းဆောင် ရည်ကောင်းမွန်လာစေရန် ပွင့်လင်းစွာမေးမြန်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားတွင် ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က မြန်မာအမျိုးသမီးများနေ့အကြောင်းအဖွင့်စကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း (အက်ရှင်အေ့ မြန်မာ)နှင့် စီမံကိန်းတာဝန်ခံဒေါ်နွယ် နွယ်လှိုင်တို့က မြန်မာအမျိုးသမီးများ အကြောင်းဟောပြောဆွေးနွေးခဲ့ကြသည်။ ယင်းနောက်စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးပြီး စကားဝိုင်း ဖွဲ့ကြသည်။ အမျိုးသမီးစကားဝိုင်း ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူများ ပြားစွာ တက်ရောက်မေးမြန်းခဲ့ကြ ကြောင်းသိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here