ပြိုင်ပွဲမှာ ရရှိတဲ့ ဆုကြေးငွေတွေကို လှူဒါန်းသွားမယ့် ဟန်တီ

0
235

Miss Myanmar World 2018 သရဖူဆွတ်ခူးသွားတဲ့ ဟန်တီ က ပြိုင်ပွဲမှာ ဆုကြေးငွေကျပ် သိန်း ၁ဝဝ ရရှိခဲ့ပြီး သူရရှိခဲ့တဲ့ ဆုကြေး တွေကို Charity Campaign ပြုလုပ်ပြီး လှူဒါန်းသွားမှာဖြစ်ပါ တယ်။ Organization နဲ့ တိုင်ပင်ပြီး အမှန်တကယ်လိုအပ်တဲ့နေရာ တွေကို လှူဒါန်းသွားချင်ကြောင်းကို ဟန်တီက

“Public Health Awareness ခေါင်းစဉ် အောက်မှာ Charity Campaign လေးလုပ်မယ့် အပေါ်မှာ လှူဒါန်းဖို့ အကုန်လုံးကို အသုံးချသွားမှာပါ။ ဟန်တီ့အနေနဲ့ ကူညီချင်တာက လူတွေရဲ့နေထိုင်မှု စနစ်ရယ်၊ သူတို့ရဲ့ အစားအသောက်နဲ့ ပတ်သက်ပြီး ပညာပေးလေးတွေ ရယ်၊ ပြီးတော့ လူတွေရဲ့နေထိုင်မှု စနစ်ကို မြင့်မားလာအောင်အများ ကြီးကူညီပေးချင်တယ်။ နောက်တစ် ခုကကျတော့ နောင်လာမယ့်လူငယ်တွေ ကလေးတွေအတွက် မြန်မာနိုင်ငံကြီးဒီ့ထက်ပိုတိုးတက် အောင် သူတို့ကိုအများကြီး သင်ပြပေးချင်ပါတယ်” လို့ ဆိုပါတယ်။
ဟန်တီက အသက် ၁၇နှစ်အရွယ်မှာ နိုင့်ငံကိုယ်စားပြုအလှမယ်တစ်ဦးအနေနဲ့ Miss Supranational 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Miss Supranational Asia & Oceania နဲ့ Miss Internet ဆုတို့ကိုရရှိခဲ့သလို Top 10 ဝင်ခဲ့သူလည်းဖြစ်ပါတယ်။ အရည်အချင်းလည်းရှိသလို အတွေ့အကြုံကောင်းတွေ ရှိသူလည်းဖြစ်တာ ကြောင့် Miss World 2018 ပြိုင်ပွဲအတွက် အလားအလာရှိတဲ့ ပြိုင်ပွဲဝင်အလှမယ်တစ်ဦးလို့ ဆိုရမှာပါ။

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကနေ ရရှိခဲ့တဲ့ပြိုင်ပွဲအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဟန်တီက “ဟန်တီ့ရဲ့အတွေ့အကြုံတွေကဘာနဲ့မှလဲလို့မရဘူး။ ဒါကငွေနဲ့ ဝယ်ယူလို့မရတဲ့ အတွေ့အကြုံ မဟုတ်သလို၊ ကိုယ်တအားကြိုးစားရတဲ့ အတွေ့အကြုံတွေဆိုတော့ ပွဲတွေက ဘယ်လိုမျိုးစီစဉ်တယ်၊ ဘယ်လိုမျိုးအမှတ်ပေးတယ်ဆိုတာ ယေဘုယျအားဖြင့် နားလည်တယ်။ ဟန်တီအကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ အဓိကကတော့ အမှားအနည်းဆုံးဖြစ်အောင် လုပ်ဖြစ်ပါတယ်။ ပြိုင်ပွဲတွေ ဝင် ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံ တွေမှာ ကိုယ့်အားနည်းချက် တွေကို သုံးသပ်လို့ရတယ်။ ဟန်တီ့ရဲ့ အား နည်းချက်တွေကို အားသာချက် အဖြစ်ပြောင်းလဲပြီး ယှဉ်ပြိုင်ခဲ့ပါ တယ်” လို့ပြောပါတယ်။

ဟန်တီက နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss World 2018 ပြိုင်ပွဲကိုလည်းဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

ခိုင်ဝေလွင်၊
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here