တစ်နှစ်ထက် တစ်နှစ်ပိုပြီး ရင့်ကျက် လာပြီဆိုတ သရုပ်ဆောင် ဧကရီစုစံရဲ့ မွေးနေ့အလှူ

0
330

သရုပ်ဆောင်ဧကရီစုစံရဲ့မွေး နေ့အလှူကိုတော့ မွေးနေ့ရက်ဖြစ်တဲ့ ဇူလိုင်လ ၁၈ ရက်နေ့၊ မနက် ၁ဝ နာရီက မှော်ဘီမြို့နယ်၊ ​​အောင်​ဇမ္ဗူ​တောရကျောင်းမှာပြုလုပ်ခဲ့ပါ တယ်။ ​အောင်​ဇမ္ဗူ​တောရဆရာ တော်ထံ ဝတ္တုငွေဆက်ကပ်လှူဒါန်းခဲ့ ပြီး ဘုရားဖူးလာဧည့်သည်များကို စတုဒိသာထမင်းကျွေးမွေးကုသိုလ်ပြု ခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့ကိုတော့ မိသားစုနဲ့အတူသူငယ်ချင်းများ၊ Fan များကလိုက်ပါကုသိုလ်ယူခဲ့ကြပါတယ်။ နှစ်စဉ်မွေးနေ့တိုင်းကို အလှူအတန်းတွေနဲ့သာဖြတ်သန်းလေ့ရှိသူ တစ်ဦးဖြစ်တာကြောင့်ဒီနှစ်မှာ လည်း မွန်မြတ်လှတဲ့အလှူဒါနတွေနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။

မိခင်ဖြစ်သူကွယ်လွန်ဆုံးပါး သွားခဲ့ပြီ ဖြစ်တဲ့အတွက် ဒီနေ့လို မွေးနေ့မျိုးမှာ အမေ့ကိုပိုပြီးသတိရမိ တယ်လို့ သူကပြောပါတယ်။
“ဒီလိုနေ့မျိုးမှာပိုပြီးသတိရတာပေါ့။ ကိုယ့်ကိုမွေးပေးခဲ့တဲ့အမေမရှိတော့ဘူးဆိုတော့ စိတ်ထဲမှာခံစားရ တာပေါ့လေ။ ဒါပေမဲ့ အဲဒီလိုဝမ်း နည်းတဲ့စိတ်ကို အမေ့အတွက်ရည် စူးပြီးတော့ ကောင်းမှုကုသိုလ်တွေ လုပ်တယ်။ ဒီကုသိုလ်တွေကိုအမေ ရပါစေလို့ ဆုတောင်းတယ်။ အမေမ ရှိတော့သူများတွေလိုမျိုး အမေ့ကို ချစ်ချစ်ခင်ခင် ကန်တော့တာမျိုးတွေ လုပ်ခွင့်မရတော့ဘူး။ ဒါကြောင့် စုပြောချင်တာကတော့မိဘကို ပိုပြီး တော့ချစ်ခင်ပါ။ စိတ်ချမ်းသာကိုယ် ချမ်းသာနဲ့ထားပေးပါလို့ ပြောချင် ပါတယ်”” လို့ မွေးနေ့မှာအမေ့ကို သတိရစိတ်ဖြစ်မိပုံကိုဧကရီစုစံက ပြောပါတယ်။ မွေးနေ့ဆိုတာ တစ်နှစ် ထက်တစ်နှစ်ပိုပြီးအသက်ကြီးလာ တာကိုကိုယ်စားပြုသလို တစ်နှစ် ထက် တစ်နှစ်ပိုရင့်ကျက်လာစေဖို့ လည်းရည်ညွန်းပါတယ်။ အဲဒီ အတိုင်းသူ့အနေနဲ့လည်း ကိုယ့်ကိုယ် ကိုယ် ရင့်ကျက်လာပြီလို့ ထင်သလို လူကြီးဆန်လာပြီလို့လည်း ထင် ကြောင်းသူကပြောပါတယ်။


“အတွေးအခေါ်တွေအယူအဆ တွေ အရင်တုန်းက သည်းမခံနိုင်တာ တွေကအစ ကိုယ့်ဘာသာကိုယ် ပြောင်းလဲသွားတယ်။ အသက်တစ် နှစ်ကြီးရင် ကြီးသလောက်စိတ် လည်း ပိုပြီးတော့ ရင့်ကျက်လာပါ တယ်”” လို့ ဧကရီစုစံကပြောပါတယ်။သရုပ်ဆောင်ဧကရီစုစံက မင်းသမီး ကြီးဒေါ်ခင်လေးဆွေရဲ့ မြေးတစ်ဦး ဖြစ်ပြီးစမိုင်းလ်ရဲ့ ညီမတစ်ဦးလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ

၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here