ကံမကုန်သေးတဲ့အခါ
တို့တွေ ပြန်ဆုံဖြစ်ကြဦးမှာပါ
ဒါပေမဲ့အကြံကုန်သွားတဲ့အခါ
ပုံပြင်ထဲက ဆားချက်တဲ့
ဂဠုန်ပမာ ဆွေးမိတယ်
ပင်လယ်မှာ သာတဲ့လပဲ
လှမ်းငေးနေမိတယ်
မကြုံဆုံနိုင်တဲ့
ဘဝအကြောင်းတွေကိုမှ
တွေးနေမိတယ်
ပေါက်တဲ့နဖူးဟာမထူးတော့ပြီပဲလို့
ဒီလိုသာ ကိုယ်တွေးနေမိတော့တယ်
အမှတ်မထင် စိတ်မှာရေးရေးမျှ
(ရေးရေးမျှ ) မှတ်မိနေသေးတဲ့အရာတွေ
ဘေးနားက မခွာနိုင်ခဲ့တဲ့စိတ်တွေ
အဝေးမှာ နေလို့မှကောင်းရဲ့လား
ပျော်ရွှင်ပါရဲ့လား
ကိုယ်မေးချင်နေမိသေးတယ်။
ကမ်းနဲ့ ဝေးလို့ ရွက်သင်္ဘောလို
လူးလွန့်နေရတယ်
ရေကျသွားတဲ့နောက်
ဆားပွင့်ပမာ
စိုလက်တောက်ပလာရမယ်
အခုကူတွယ်ရာမဲ့နေတယ်ဆိုတာ
ငြိမ်နေတဲ့လေထဲ ရေပြာပြာထဲမှာ
လေနှင်ရာအရပ်သာကိုယ့်ဘဝလို့
ဘယ်တော့မှကိုယ်မဆိုပါ
‘တစ်နေ့တော့ရောက်ရမှာပါ ‘
ဒီစကားကိုလည်း
ကိုယ်အတပ်မပြောနိုင်ပါ
အခုကတည်းကိုက လမ်းစပျောက်နေ
မိုးတိမ်ဆိုတာ လေထဲမှာ
အဆက်အသွယ်မဲ့လာ ထိုးစိုက်ဆင်းနေတဲ့ မီးငှက်ပမာ
မိုးကောင်းကင်အဖျား ဟိုး တိမ်ကြားမှာ
ပြာသောလမင်း ဝေးလွန်းသောကမ္ဘာ
ရေပြင်ကျယ် ပင်လယ်သေကြီးထဲမှာ။
နိုလှိုင်း