Documentary ဒါရိုက်တာ အဖြစ် ရပ်တည်ခဲ့တဲ့ ဒါရိုက်တာ ရှင်ဒေဝီက သူ့ရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ စမ်းချောင်းဆစ်ကွန် ဆစ်ကွန်စမ်းချောင်းကို ရိုက်ကူးခဲ့ ပါတယ်။ ဆရာမနုနုရည် (အင်းဝ)ရဲ့ ဇာတ်လမ်း ဖြစ်တဲ့အတွက်လည်း သူ့အနေနဲ့ တာဝန်ကြီးပြီး ရိုက်ကူး မှုပိုင်းမှာ နိုင်နင်းအောင်မလုပ် နိုင်တာမျိုး ပရိသတ်တွေကဝေဖန် ကြမှာကို စိုးရိမ်ခဲ့ရကြောင်း ဒါရိုက်တာရှင်ဒေဝီက ပြောပါတယ်။
“ကျွန်မအာမခံနိုင်တာတစ်ခုရှိပါတယ်။ ဒီဇာတ်လမ်းတွဲကို ပရိသတ်တွေ ကို ပျော်ပျော်ရွှင်ရွှင်နဲ့အန်တာတိန်းလုပ်ပေးချင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ မွန်းကျပ်မှုတွေနဲ့ ကျော်ဖြတ်နေရတဲ့ ကျွန်မတို့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို ပျော်ရွှင်မှုတစ်ခု ခံစားချက်တစ်ခုရစေဖို့ ဒီဇာတ်လမ်းတွဲကို ကြည့်ကြည့်ပါလို့ ပြောချင်ပါတယ်”လို့ ဇာတ်လမ်းတွဲ နဲ့ပတ်သက်လို့ ဒါရိုက်တာရှင်ဒေဝီက ပြောပါတယ်။
သူ့အနေနဲ့ ဒီဇာတ်လမ်းတွဲမရိုက်ကူးခင်အထိတော့ ရုပ်ရှင်ဇာတ်ကား တွေရိုက်ကူးဖို့သတ္တိမရှိဘဲ အခုအချိန်မှာတော့ ရုပ်ရှင်ရိုက်ကူးဖို့ ပိုးဝင်သွား သလိုခံစားရပြီး ရုပ်ရှင် ရိုက်ကူးချင်တာမျိုးကတော့ စတင်ပြီးစိတ်ကူးယဉ်နေ ပြီလို့ ပြောပါတယ်။
“ကျွန်မကတော့ Reality နဲ့ သိပ်မကွဲပြားတဲ့ ဇာတ်လမ်းမျိုးတွေကို ပိုပြီးကြိုက်နှစ်သက်ပါတယ်။ ပြီးတော့ တအားလည်း ပိုနေတာမျိုး မဟုတ်ဘဲ တအားလည်းလိုနေတာမျိုးမဟုတ်တဲ့ လူမှုဘဝတွေမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေ တွေနဲ့ သိပ်မကွာခြားလှတဲ့ အနေအထားမျိုးတွေကို ရိုက်ကူး ရတာလည်း ကြိုက်ပါတယ်။ ကျွန်မတို့ ကျော်ဖြတ်နေတဲ့ခေတ်ကြီးကို ထင် ဟပ်နေတဲ့ ဇာတ်လမ်းမျိုးတွေကို ပိုကြိုက်ပါတယ်။ ကျွန်မအနေနဲ့ စိတ်ကူး ယဉ်မိနေတာလားတော့မသိဘူး။ ဆရာနိုင်ဝင်းဆွေရေးသားတဲ့ ဇာတ်လမ်း မျိုးတွေကိုရိုက်ကူးချင်တယ်။ ဒါဟာကျွန်မရဲ့အိပ်မက်တစ်ခုပါပဲ”လို့ သူရိုက် ကူးချင်တဲ့ ဇာတ်လမ်းမျိုးတွေနဲ့ ပတ်သက်လို့ ဒါရိုက်တာ ရှင်ဒေဝီကပြောပါတယ်။
လင်းအက္ခရာ