ခေတ်လူငယ်တွေကိုစာများများဖတ်ဖို့ တိုက်တွန်းလိုက်တဲ့ အကယ်ဒမီ ဗေလုဝ

0
699

သရုပ်ဆောင် ဗေလုဝကတော့ လက်ရှိမှာရုံတင်ပြသလျက်ရှိတဲ့ “တိုး ကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင် ဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေတီ ဦး၊ အေးမြတ်သူ၊ သင်ဇာဝင့်ကျော် စတဲ့ သရုပ်ဆောင်များနဲ့အတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ဇာတ်ရဲ့သဘော သဘာဝအရ အပျိုစင်ရွာကို ရောက် ရှိသွားကြတဲ့ လူပျိုသိုး သုံးယောက် ထဲမှ လူပျိုတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားခြင်းလည်း ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သရုပ်ဆောင်ဗေလုဝကို မေးမြန်းခဲ့ ရာ …

“ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင် ထားတဲ့ ဇာတ်ကောင်စရိုက်ကတော့ ဝန်ထမ်းတွေပေါ့။ သူငယ်ချင်းသုံး ယောက် အဆောင်ငှားနေတာကနေ ဖြစ်သွားတဲ့ ဇာတ်လေးပါ။ အခက် အခဲကတော့ မရှိခဲ့ပါဘူး။ အားလုံး ပျော်ပျော်ပါးပါးရိုက်ကူးခဲ့ကြတဲ့ ဇာတ် ကားလေးပါ။ အမှတ်တရကတော့ ဇာတ်ကားရိုက်ကူးတဲ့အခါ ပင်ပင် ပန်းပန်းနဲ့ ကြိုးစားခဲ့ကြတယ်။ နည်း နည်းတော့ ပင်ပန်းကြတယ်ပေါ့။ ပရိသတ်ကိုလည်း ဒီဇာတ်ကားလေး ကို ကြည့်ဖြစ်အောင် ကြည့်စေချင်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်တစ်ဦး ဖြစ်သလို စာအုပ်စာပေချစ်မြတ်နိုးသူတစ်ဦး လည်းဖြစ်တဲ့ သူ့ကို စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို ဆက်လက်မေးမြန်း ခဲ့ပါတယ်။ လူငယ်တွေကို စာဖတ်ကြ ပါလို့ ဆိုလာတဲ့သရုပ်ဆောင် ဗေလုဝ က …

“လူငယ်တွေအနေနဲ့ စာဖတ်ကြ ရင်တော့ကောင်းတာပေါ့။ ကျွန်တော် တို့ ခေတ်တုန်းကတော့ စာအုပ်ဖတ် တာကို ဂုဏ်ယူကြတယ်။ အခုခေတ် ကျမှ တစ်မျိုးဖြစ်ကုန်ကြတာပါ့။ ကျွန် တော်တို့က ငယ်ငယ်လေးကတည်းက စာအုပ်ပုံကြားမှာနေလာရတာကိုး။ အစ်ကိုတွေက စာပေသမားတွေဖြစ် တယ်။ ကိုယ်တိုင်လည်း တက္ကသိုလ် ကျောင်းသားဘဝမှာ စာအုပ်စာပေ တွေ အများကြီးလေ့လာကြတယ်။ စာပေလေ့လာတဲ့အခါကျတော့ စာ ဖတ်တတ်သွားတယ်။ စာအုပ်စာပေ လေ့လာရတာကိုလည်း နှစ်သက်လာ တယ်။ လူငယ်တွေကိုလည်း အဓိက ပြောချင်တာကတော့ စာအုပ်များများ ဖတ်ကြပါ”လို့လည်း သရုပ်ဆောင် ဗေလုဝ ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here