ဗြိတိန်ရဲ့ ပထမဆုံး လူမည်းအလှမယ် Dee Ann Kentish

0
144

၆၇ ကြိမ်မြောက် ကျင်းပခဲ့တဲ့ ဗြိတိန် နိုင်ငံက အလှမယ်ရွေးချယ်ပွဲကြီးရဲ့ သရဖူကိုတော့ အသက် ၂၅ နှစ် အရွယ် လူမည်းမိန်းကလေးက ဆွတ်ခူးရယူပြီး ဗြိတိန်ရဲ့ ပထမ ဆုံး လူမည်းအလှမယ်ဆိုတဲ့ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူ လိုက်နိုင်ပြီဖြစ်ပါတယ်။

ပူပူနွေးနွေးအလှမယ် Dee Ann Kentish တစ်ယောက် အခုလို ဗြိတိန်အလှမယ်အဖြစ် ရွေးချယ်ခံရမှုကြောင့် မကြာမီကျင်းပမယ့် မယ်စကြဝဠာပြိုင်ပွဲကြီးမှာ ဗြိတိန်နိုင်ငံကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ အဆိုပါဗြိတိန် အလှမယ်ရွေးချယ်ပွဲ ကျင်းပခဲ့တဲ့ ၆၇ ကြိမ်သက်တမ်းတစ်လျှောက် ရှေ့ပိုင်း ၆၆ ကြိမ်စလုံးမှာ လူဖြူအမျိုးသမီးတွေကိုပဲ သရဖူချီးမြှင့်ခဲ့တဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ၆၇ ကြိမ်မြောက် သရဖူကိုတော့ လူမည်းအမျိုးသမီးကို ပေးအပ်ခဲ့တာပါ။

အလှမယ် Kentish ဆိုတာ တကယ်တော့ လန်ဒန်သူလည်း မဟုတ်သလို ဗြိတိန်နွယ်ဖွားလည်း မဟုတ်ပါဘူး။ မြောက်အမေရိကမှာရှိတဲ့ ၉၁ စတုရန်း ကီလိုမီတာပဲ ကျယ်ဝန်းတဲ့ အန်ဂီလာလို့ အမည်ရတဲ့ ကာရစ်ဘီယန်ပင်လယ် ကြီးထဲက ကျွန်းလေးတစ်ကျွန်းမှာ မွေးဖွားခဲ့သူပါ။ မည်မျှပင် ဝေးကွာနေ စေကာမူ ဗြိတိန်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပင်လယ်ရပ်ခြားဒေသတစ်ခု ဖြစ်တာကြောင့် ဗြိတိန်ကို ကိုယ်စားပြုခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

Ref: Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here