သရုပ်ဆောင်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ် သရုပ်ဆောင် ဆုအိမ့်စံ

0
64

ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင်ဆုအိမ့်စံကတော့ လက် ရှိရုံတင်ပြသလျက်ရှိတဲ့ ‘ဘော်ဘော် ကထှော်’ ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ခင်လှိုင်၊ ရွှေသမီး၊ မုဏ်းစတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး…

”ဒီရုပ်ရှင်ဇာတ်ကားကို ပြန်ပြီးကြည့်ရှုလိုက်တော့ ဒီဇာတ်ကားရိုက် ကူးခဲ့တုန်းက အမှတ်တရတွေကို ပြန်သတိရမိပါတယ်။ ကိုမြင့်မြတ်တို့ ကိုခင် လှိုင်တို့ဆိုလည်း Tattoo တွေကို ဖျက်ပြီး ခက်ခက်ခဲခဲရိုက် ကူးခဲ့ကြတာပါ။ အမှတ်တရတွေကတော့ အများကြီးပါပဲ။ သင်္ဘောပေါ်မှာ ရိုက်ကူးခဲ့တဲ့ အခန်းတွေလည်းပါတယ်။ မိုး ရွာလို့မရိုက်ဘဲ စောင့်နေရတာတွေလည်းရှိတယ်။ ပြီးတော့ ဆုဆုရယ်၊ ရွှေသမီးရယ်၊ မုဏ်းရယ်၊ ကိုခင်လှိုင်ရယ် ပင်လယ်စာတွေ သွားစားကြတာပေါ့နော်။ အဲဒါကိုတော့ တအားသတိရတယ်။ အခက်အခဲရယ်လို့တော့ ထွေထွေထူးထူးမရှိခဲ့ပါဘူး။ ဒါရိုက်တာ ကိုပေါက်ဆိုလည်း ဘာမှပြောစရာမလိုဘူး။ လိုအပ်တာတွေ အားလုံးကိုသင်ပြပေးတယ်။ အနုပညာမောင်နှမတွေ အားလုံး ပျော်ပျော်ရွှင်ရွှင်သရုပ်ဆောင်ခဲ့ကြတဲ့ဇာတ်ကားလေး တစ် ကားပါ။ အခုပြန်ကြည့်တဲ့အခါမှာလည်း ကျေနပ်အားရမှုရှိပါ တယ်။ ပရိသတ်တွေကိုလည်း ဒီဇာတ်ကားလေးကို လာရောက် ကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ ဆုအိမ့်စံက ပြောပြခဲ့ ပါတယ်။

လတ်တလောမှာ ကြော်ငြာနဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖြစ်နေပေမယ့် သရုပ်ဆောင်ပိုင်းနဲ့ ပတ် သက်ပြီး လိုအပ်ချက်တွေရှိနေပါသေးတယ်လို့ ပြောလာတဲ့ ဆုအိမ့်စံက…

”အရင်က ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား တွေလည်း ရုံတင်ပြသဖို့ရှိပါသေးတယ်။ ‘သရဲ သင်္ဘော’၊ ‘Facebook ရွာ ၂’ လည်း ရှိပါတယ်။ ပြီးတော့ ‘လွမ်းတယ်ကြာဖြူရယ်’ Video ဇာတ် ကားလည်းထွက်ဖို့ရှိပါတယ်။ ကိုယ့်ဇာတ်ကား တွေကို ပရိသတ်တွေအားပေးကြတဲ့အတွက် တအားပျော်ပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ် သက်ပြီး လိုအပ်ချက်တွေရှိနေပါသေးတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ လုပ်ကိုင်သွားမှာပါ”လို့ ပြော ပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here