နယ်လ်ဆန် မန်ဒဲလား မွေးနေ့မှာ သတိရစကားဆိုတဲ့ ဘောလိဝုဒ်မင်းသမီး

0
173

ကွယ်လွန်သူ အာဖရိက သူရဲ ကောင်း နယ်လ်ဆန် မန်ဒဲလားရဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကျရောက် ခဲ့တဲ့ မွေးနေ့မှာ ဘောလိဝုဒ်မင်းသမီး Aishwarya Rai Bachchan က အောက်မေ့စကားဆိုလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက ကွယ်လွန်သူ ခေါင်းဆောင်ကြီး မန်ဒဲလားရဲ့ မွေး နေ့မှာ ဆုတောင်းစကားတွေ အသီး သီးရေးသားပြောဆိုခဲ့ကြပါတယ်။ အဲ ဒီအထဲမှာမင်းသမီးRai Bachchan လည်း တစ်ယောက် အပါအဝင်ဖြစ်ခဲ့ ပါတယ်။

မင်းသမီးက သူ့ရဲ့အင်စတာ ဂရမ်မှာ မန်ဒဲလားဟာ ကြီးမြတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ် ကြောင်း ဂုဏ်ပြုစကားဆိုခဲ့သလို သူ့ဘဝမှာ တန်ဖိုးအဇြကီးဆုံးဆိုတဲ့ ဓာတ်ပုံတစ်ပုံကို မင်းသမီးက တင်ခဲ့ ပါတယ်။ ဓာတ်ပုံက မန်ဒဲလားနဲ့ မင်း သမီးလက်ဆွဲနှုတ်ဆက်နေပုံဖြစ်ပြီး၊ ၁၉၉၄ ခုနှစ်က တောင်အာဖရိက နိုင်ငံမှာ ကျင်းပခဲ့တဲ့ မယ်စကြဝဠာ ပြိုင်ပွဲကို မင်းသမီးRai Bachchan က အိန္ဒိယနိုင်ငံ ကိုယ်စားပြု မယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲ ကြီးမှာRai Bachchan ကပဲ မယ် စကြဝဠာဘွဲ့ကြီးကို ဆွတ်ခူးရရှိခဲ့တာ ပါ။ ဓာတ်ပုံအောက်မှာလည်း မင်း သမီးက “Honoured Privileged and Humbled” ဆိုတဲ့ ပုံစာတစ် ကြောင်း ရေးထိုးခဲ့ပါသေးတယ်။

Ref: Bollywood Express


LEAVE A REPLY

Please enter your comment!
Please enter your name here