BBC နဲ့ ရင်ဆိုင်ခဲ့တဲ့ အမှုမှာ အဆိုတော်ကြီး ကလစ်ဖ်ရစ်ချတ် အနိုင် ရ

0
138

၂ဝ၁၄ ခုနှစ်ကတည်းက ဖြစ် ပွားခဲ့တဲ့ BBC နဲ့ ဗြိတိန်နိုင်ငံရဲ့ အအောင်မြင်ဆုံး ဆာဘွဲ့ရအဆိုတော်ကြီး ကလစ်ဖ်ရစ်ချတ်တို့ အမှုကို ဗြိတိန်ရဲ့ အဆင့်အမြင့်ဆုံးတရား ရုံးချုပ်က အပြီးသတ်အမိန့်ချမှတ်ရာမှာ အဆိုတော်ကြီး ဘက်က အနိုင်ရရှိသွားကြောင်း သိရပါတယ်။

BBC ရဲ့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုကို ခံရတယ်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ အဆိုတော်ကြီးက သူ့မှာ ဘာပြစ်မှုဟောင်း တစ်စုံတစ်ရာမှ မရှိကြောင်း၊ ကလေးသူငယ်လိင်စော်ကားမှု ကျူးလွန်ဖူးတယ်ဆိုတာလည်း မဟုတ်ကြောင်း ရှင်းလင်းပြောဆိုပါတယ်။ သတင်းမှားတွေကြောင့် ရဲတပ်ဖွဲ့ရဲ့ ပိုင်နက်ကျူးလွန်မှုကို ခံခဲ့ရကြောင်းလည်း ပြောပါသေးတယ်။

BBC ရဲ့ ထုတ်လွှင့်မှုတွေဟာ ခိုင်မာမှုမရှိခဲ့ဘူး။ ဒါကြောင့် ပြဿနာ ဖြစ်ရတာပါလို့ ရှင်းပြပါတယ်။ ဗြိတိန်တရားရုံးချုပ်ရဲ့ တရားသူကြီး မစ္စတာ ဂျပ်စတစ်မန်းရဲ့ ပြောဆိုချက် အရတော့ အဆိုတော်ကြီးရဲ့ နစ်နာမှုတွေအားလုံးအတွက် လျော်ကြေးငွေ ပြန်လည်ရရှိမှာဖြစ်တယ် လို့ ဆိုပါတယ်။

“Devil Woman” သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ကလစ်ဖ်ရစ်ချတ်ကို အိန္ဒိယနိုင်ငံမှာ ၁၉၄ဝ ပြည့်နှစ်က မွေးဖွားခဲ့ပါတယ်။ လန်ဒန်မှာ ကြီးပြင်းခဲ့ပြီး အဲလ်ဗစ်ပရက်စလေတို့ ဘီးတဲလ်စ် တို့လိုပဲ ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။

 

Ref: BBC


LEAVE A REPLY

Please enter your comment!
Please enter your name here