စွမ်းအားရှင်ဇာတ်လမ်းပုံစံမျိုး ရိုက်ကူးဦးမယ့် ခါရာ

0
355

ခါရာရဲ့ အက်ရှင်ဇာတ်ကားသစ်ကို ဃညေေူ’ ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့ပြီး အက်ရှင်ဇာတ်လမ်း ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်အတော်များများက သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။ အက်ရှင်ဇာတ်ကားတွေနဲ့ အသားကျနေတဲ့ခါရာကတော့ လက်ရှိမှာဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးဖို့ စတင်နေပြီး ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ ဇာတ်လမ်းတွဲကတော့ စွမ်းအားရှင်လူသား တစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ့် ထူးဆန်း တဲ့ဇာတ်လမ်းတွဲ ဖြစ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားကတော့ အချစ်ဇာတ်လမ်းလေးတွေ ပါဝင်ရိုက်ကူးသွားမှာဖြစ်တယ်လို့ဆိုတယ်။

”စွမ်းအားရှင် ပုံစံဇာတ်လမ်းအတွက်တော့ ပြင်ဆင်နေတယ်။ ရုပ်ရှင်ကလည်း အချစ်ဇာတ် ကားလေးဖြစ်တယ်။ အပြင်မှာ ပရိသတ်တွေနွေးနွေးထွေးထွေးနဲ့ လိုက်လံခံစားလို့ရတဲ့ဇာတ် ကားလေးတစ်ကားအဖြစ် ချပြချင်လို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ပုံမှန်အချစ်ဇာတ်ကား လေးတွေ ပုံစံနဲ့ကွဲထွက်မယ်။ တအားကို သဘာဝကျတဲ့ အချစ်ဇာတ်ကားလေးဖြစ်လာမယ်။ ပရိသတ်တွေစွဲထင်ပြီး ကျန်ခဲ့မယ့် ရိုမန့်စစ်စစ်ကို ဒီနှစ်အတွင်းမှာ ပရိသတ်တွေ အတွက် ရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်”လို့ ခါရာက ပြောပြပေးပါတယ်။

အက်ရှင် ဇာတ်လမ်းတွေပိုကြိုက်တဲ့ ခါရာက အက်ရှင်ဇာတ်ကားတွေဟာ ရိုက်ကူး ရေးအပိုင်းတွေမှာ တအားခက်ခဲတယ်လို့ဆိုပါတယ်။

”အက်ရှင်တွေအတွက် ကျွန်တော်ဆိုရင် ကစ်ဘောက်ဆင်တွေ တိုက်ကွမ်ဒိုတွေကို သင်ထားတယ်။ ဘာကြောင့်လဲဆိုရင် အဓိကကတော့ ခန္ဓာကိုယ်ကိုယ်နေဟန်ထားတွေ တိတိကျကျဖြစ်မှရမယ်။ တကယ်ဖိုက်တင် ဖိုက်နိုင်သူနဲ့ မဖိုက်တတ်တဲ့သူနဲ့ ကွာဟမှု လေးတွေရှိတယ်။ အက်ရှင်နဲ့ပတ်သက်ပြီး ကျွန်တော်အများကြီး လေ့လာသင်ယူနေတယ်။ နောက်ပိုင်းဇာတ်ကားတွေမှာ အခုထက်ပိုကောင်းတဲ့ အက်ရှင်တွေလုပ်ပြသွားနိုင်မယ်”လို့ ခါရာက ပြောပါတယ်။

မြို့ပြမုဆိုးများလို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကလည်း မကြာခင် ပရိသတ်တွေကြည့်ရှုခံစားခွင့်ရ လာတော့မှာဖြစ်သလို ဇာတ်လမ်းတွဲအနေနဲ့ ‘မနေ့ကဖြစ်သည်-၂’ နဲ့ ‘ချစ်ခြင်းစတုဂံ’ဆိုတဲ့ဇာတ်ကား တွေက ဒီနှစ်အတွင်း ပရိသတ်တွေခံစားခွင့် ရလာနိုင်မယ့် ဇာတ်ကားတွေ ဖြစ်တယ်လို့ ပြောပြပါတယ်။

အချစ်ရေးကလည်း တည်ငြိမ်သူ မို့ ပရိသတ်တွေအတွက် အခုနှစ်အတွင်း သတင်းကောင်းကြားရဖို့ ရှိ မရှိဆိုတာနဲ့ပတ်သက်ပြီးတော့ ခါရာပြောပြခဲ့တာက ”ကိုယ်ရေးကိုယ်တာကိစ္စသတင်းကောင်းဆို တာကတော့ မရှိသေးဘူးပေါ့နော်။ ကျွန်တော်လည်း ရှိဖို့လုပ်နေပါတယ်။ (ရယ်လျက်) ကျွန်တော့်မှာ Plan တွေရှိပါတယ်။ အခြေအနေပေါ်မူတည်ပြီးတော့ စီစဉ်ရမှာဖြစ်ပါတယ်။ နောက်နှစ်နှစ် သုံးနှစ်ပေါ့။ မယူလို့လည်း မရဘူးလေဗျာ။ ကျွန်တော်က ကလေးတအားချစ်တတ်တော့ ကလေးတွေ ဘာတွေလည်း လိုချင်သေးတယ်။ အခုတော့ အနုပညာနဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက် အများကြီးကြိုးစား လိုက်ပါဦးမယ်”လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here