လူကြိုက်များနေတဲ့ စကော့နဲ့ ကိုင်လီတို့ရဲ့ GQ ဖက်ရှင်မဂ္ဂဇင်း ကာဗာ

0
73

နောက်ဆုံးထွက်ရှိလာတဲ့ အမျိုးသားဖက်ရှင်ဦးစားပေး GQ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံအဖြစ် အမေရိကန် မော်ဒယ်လ် ကိုင်လီဂျန်နာနဲ့ ရက်ပ်ပါ ထရာဗစ်စကော့တို့ စုံတွဲပုံကို ဖော်ပြပေးထားပါတယ်။ သူတို့နှစ်ဦးရဲ့ စုံတွဲ ဓာတ်ပုံတွေကို မကြာခဏဆိုသလို မြင်တွေ့နေကြရပေမယ့် အခုလိုမျိုး မဂ္ဂဇင်းမျက်နှာဖုံးအဖြစ် ထွက်လာတဲ့အခါ မှာတော့ ပရိသတ်အကြိုက် ဖမ်းစားနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကမှ စကော့နဲ့ ကိုင်လီတို့ရဲ့ သမီးဦးလေး စတာမီဝက်ဘ် စတားကို မွေးဖွားပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ စတူဒီယိုဓာတ်ပုံတစ်ပုံလည်းဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကိုင်လီဂျန်နာကို အမေရိကန် နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ မွေးဖွားခဲ့ပြီး ရုပ်သံတင်ဆက်သူ၊ မော်ဒယ်လ်၊ စီးပွားရေးလုပ်ငန်းရှင်အဖြစ် အောင် အောင်မြင်မြင် ရပ်တည်နေသူဖြစ်ပြီး ထရာဗစ်စကော့ကတော့ အသက် ၂၇ နှစ်အရွယ်ရှိပြီး ဟူစတန်မြို့သား အမေရိကန်နာမည်ကျော် ရက်ပ်ပါတစ်ယောက်ဖြစ်ပါတယ်။

Ref: Hollywood Gossip


LEAVE A REPLY

Please enter your comment!
Please enter your name here