မြန်မာပြည်ရဲ့ ယဉ်ကျေးမှုတွေအကြောင်း ရိုက်ကူးပြသတဲ့ ဇာတ်လမ်းတွဲတွေက နိုင်ငံတကာက စိတ်ဝင်စားကြမယ်ထင်တယ်မေသဉ္ဇာဦး

0
265

အကယ်ဒမီမေသဉ္ဇာဦးက mntv ရုပ်သံလိုင်းက ပြန်လည်ထုတ်လွှင့်ပြသမယ့် အိုးရှင်း ဇာတ်လမ်းတွဲမှာ နောက်ခံအသံအနေနဲ့ ဇာတ်ကြောင်းပြန်ပြောဆိုထားပါတယ်။ ဒီဇာတ် လမ်းတွဲက လွန်ခဲ့တဲ့ ၂၃ နှစ်က မြန်မာနိုင်ငံမှာ ပထမဦးဆုံးပြသခဲ့တဲ့ နိုင်ငံခြားဇာတ်လမ်း တွဲဖြစ်ပြီး မြန်မာပရိသတ်တွေကြား အောင်မြင်မှုရရှိခဲ့တာကြောင့် မေသဉ္ဇာဦးအနေနဲ့ လည်း အထူးတလည် ပြောစရာမလိုဘဲ ဒီအလုပ်ကို လက်ခံဖြစ်ခဲ့ပါတယ်။

“အဲဒီတုန်းက သရုပ်ဆောင်တဲ့ ဒီကလေးလေးကို ချစ်တယ်။ အရွယ်အလတ် မင်းသမီးလေးကလည်း ချောတော့ သဘောကျတာပေါ့။ သူ့ဆံထုံးလေးလည်း အိုးရှင်းဆံထုံးဆိုပြီး နာမည်ကြီးကြတယ်လေ။ ကြည့်တော့ ကြည့်ဖြစ်ပါတယ်။ ကိုယ် ကလည်း ဇာတ်ကားတွေ ရိုက်ကူးနေတာဆိုတော့ လွတ်သွားတာလေးတွေတော့ ရှိတာ ပေါ့။ ဒီကလေးကိုလည်း ချစ်တယ်။ သူတို့လည်း ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြတယ်။ အိုးရှင်းလို့ ပြောလိုက်တာနဲ့ သိတယ်လို့။ ကလေးလေးက ပါးဖောင်းဖောင်းလေးနဲ့ အမေကြီးကပေးတဲ့ ပစ္စည်းတွေကို ရှုံ့ကြိုးလေးနဲ့ အိတ်ကလေးထဲထည့်တာက မြန်မာနဲ့တူတယ်။ ကိုယ်သိတာလေးတွေ ပြောပြ တော့ အစ်မ ကြည့်ရတာပဲတဲ့။ ကိုယ်တိုင်လည်း ကြည့်ခဲ့တဲ့အတွက် ဒီအလုပ်ကို လက်ခံဖြစ်ခဲ့တာပါ” လို့ မေသဉ္ဇာဦးက ပြောပါတယ်။ နောက်ခံအသံသွင်းတဲ့အခါမှာ အထူးတလည် အခက်အခဲမရှိဘဲ ဂျပန်နာမည်တွေကို အသံထွက်မှန်အောင်ပဲ ဂရု တစိုက် ပြောဆိုဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာ ဇာတ်လမ်းတွဲတွေအနေနဲ့ ကမ္ဘာကို ထိုးဖောက်နိုင်ဖို့ဆိုရင် ဘာတွေလိုအပ်မလဲဆိုတာကိုတော့ မေသဉ္ဇာဦးက …

“မြန်မာဇာတ်လမ်းတွဲတွေ အနေနဲ့ကတော့ ယဉ်ကျေးမှု၊ နေရာဒေသ လေးတွေနဲ့ ရိုက်ပြမှာပဲ စိတ်ဝင်စားကြမယ်ထင်တယ်။ အဖြစ်အပျက်တွေက လူတိုင်းရိုက်ကူးနိုင်တယ်။ ကိုယ်တွေဆိုလည်း သူတို့ရိုက်ကူးသမျှ ရိုက်ကူးနိုင် တာပဲ။ နေရာဒေသ ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်မှပဲရမယ်လို့ ထင်တယ်။ သူ တို့ဆီမှာက တိုးတက်ပြီးသားပဲ။ ကိုယ်တွေ အကောင်းစားကြီးတွေ ရိုက်ကူးပြ နေလည်း သူတို့ဆီမှာ ဒီထက်တောင်ပိုကောင်းဦးမယ်။ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုတွေ၊ နေရာဒေသတွေ ရိုက်ကူးပြမှပဲ စကြည့်ဖြစ်မှာပေါ့” လို့ ဆိုပါတယ်။

ခိုင်ဝေလွင် ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here