အနုပညာရှင်များအတွက် ရည်ရွယ်ပြီး Club Cele Bar စတင်ဖွင့်လှစ်

0
302

အနုပညာရှင်များအတွက် ရည် ရွယ် ဖွင့်လှစ်ထားတဲ့ Club Cele Grand Opening ကို ဇူလိုင်လ ၁၄ ရက်နေ့က အင်းယားလိတ် ဟိုတယ် ဝင်းထဲမှာ ပြုလုပ်ခဲ့ပါတယ်။

အနု ပညာရှင်များအတွက် သီးသန့်ရည် ရွယ်ပြီး ဖွင့်လှစ်ခဲ့တဲ့အတွက် Club Cele ရဲ့ အားသာချက်တွေက ဘာ တွေရှိမလဲလို့ မေးကြည့်တဲ့အခါမှာ တော့ Club Cele ကို တည်ထောင် ခဲ့တဲ့ ကိုထူးဇော်က …

“ကျွန်တော်တို့ Club Cele ကို လာတဲ့ ဧည့်သည်တွေကို စိတ်ချမ်း သာမှုပေးမယ်။ လုံခြုံမှုပေးမယ်။ ဒါ ကြောင့် ကျွန်တော်တို့ Club Cele ကိုလည်း လာရောက်ပြီးတော့ အား ပေးကြပါဦး။ Club Cele ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာ့အဆင့် မီ DJ သမားတွေကို ခေါ်ပြီးတော့ လာတဲ့ဧည့်သည်တွေကို အကောင်းဆုံး ဖျော်ဖြေမယ်လို့ စဉ်းစားထားပါ တယ်။ ကျွန်တော်တို့ ဒီဆိုင်ဖွင့်ဖို့ကိုလည်း ၁ နှစ်ကျော်လောက် အချိန်ယူခဲ့ရတယ်။ မောင်နှမ၊ မိသားစုတွေ၊ သူငယ်ချင်းတွေ စည်းစည်းလုံးလုံးနဲ့ ဒီ Club Cele ကိုလာပြီး စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်လို့ရ မယ်။ ကျွန်တော်တို့ Club Cele လို့ နာမည်ပေးဖြစ်တာကလည်း တစ်လတစ်ခါ Celebrity တွေကို ဖိတ်ပြီးတော့ Party တွေ ကျင်းပမယ်။ Cele တွေနဲ့ အများ ကြီးပွဲတွေ၊ အခမ်းအနားတွေလုပ်ဖို့ရှိတယ်။ အဲဒါကြောင့် နာမည်လေးကို Club Cele လို့ ပေးဖြစ်တာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here