လေးကျွန်းသူ ဖောင်ဒေးရှင်း မိသားစု၏ အလှူတော် မင်္ဂလာ

0
417

လေးကျွန်းသူဖောင်ဒေးရှင်း မိသားစု၏ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်စွယ်တော် မြတ်စေတီတော်အနီးရှိအပြည် ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဝင်းအတွင်း အသစ်တည်ဆောက်ပြီးစီးသွားသည့် ပါမောက္ခဝိဟာရ-Professor’s Residence ကျောင်းဆောင်တော်ကြီးအားရေစက် သွန်းချကျောင်း လွှတ်ပူဇာအလှူတော်မင်္ဂလာကို ဇူလိုင်လ ၂၁ရက်နေ့၊ မနက် ၉နာရီက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် တွင်ကျင်းပခဲ့ပါတယ်။

ပါမောက္ခဝိဟာရ-Professor’s Residence ကျောင်း ဆောင် တည်ဆောက်ရခြင်းနဲ့ ပတ်သက်ပြီး လေးကျွန်းသူဖောင်ဒေး ရှင်းရဲ့ ဥက္ကဋ္ဌဒေါက်တာမြသီတာက . . .

”အစ်မတို့ဒီအလှူအတွက် အရမ်းပီတိဖြစ်ပါတယ်။ ဒီအလှူမှာ အစ်မတို့လေးကျွန်းသူအဖွဲ့က သိန်း၎ထောင်ကျော်နဲ့ မြတ်မေတ္တာ မွန်ကုမ္ပဏီက သိန်း ၄ ထောင်ကျော်နဲ့ စုစုပေါင်းသိန်း၈ထောင် ကျော်ပါတယ်။ ဒီလိုကျောင်းတော်၊ သိမ်တော်တွေ ဆောက်လုပ်ရ တဲ့အတွက်လည်း အစ်မတို့ လေးကျွန်းသူအဖွဲ့အနေနဲ့လည်းဂုဏ် ယူမိပါတယ်။ရှေ့ဆက်ပြီးတော့လည်း ဒီလိုမျိုး ဗုဒ္ဓဘာသာနဲ့ ဆက် နွှယ်နေတဲ့အရာတွေလုပ်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

အဆိုပါပွဲတွင် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကရေစက် သွန်းချအမျှဝေပေးခဲ့ပြီး အဆိုပါပွဲသို့ပြည်ထောင်စုဝန်ကြီး၊ရန်ကုန် တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများတို့တက်ရောက်ခဲ့ပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here