သီဟတင်စိုးအမှု အမှုမှန်ပေါ်ပေါက်ခဲ့တဲ့အပေါ် ပရိသတ်တို့ရဲ့စကားသံ

0
241

ကိုအောင်ဇော်မျိုး

 

ကိုသီဟတင်စိုးကို ကျွန်တော် တို့ ငယ်ငယ်ကတည်းက အားပေးခဲ့ တာပါ။ သူ့ရဲ့ဇာတ်ကားတွေဆို အမြဲ ကြည့်တယ်။ သူ့ရဲ့အပြင်က စိတ် ဓာတ်ကိုလည်း ကြိုက်တယ်။ အခု ဒီလိုမျိုး စွပ်စွဲခံရတဲ့ကိစ္စမှာလည်း အစတုန်းကတော့ ဒေါသတွေ တအားထွက်တယ်။ စိတ်လည်း မကောင်းဖြစ်တယ်ပေါ့နော်။ ကိုယ် လေးစား၊ အားပေးခဲ့တဲ့ မင်းသားက အဲဒီလိုမျိုးဖြစ်သွားတဲ့ အတွက်။ ဒါပေမဲ့ အဲဒီသတင်းကြားပြီး နည်း နည်းကြာသွားတော့ စွပ်စွဲတဲ့ ဒေါ် ခင်မာမြင့်ရဲ့ ဗီဒီယိုဖိုင်တက်လာ တယ်။ မီဒီယာတွေက သူ့ကိုအင်တာ ဗျူးထားတာတွေ့တယ်။ အဲဒီ အချိန် မှာ သူ့ကိုကြည့်ပြီး သူပြောတဲ့ စကား တွေကို နားထောင်တဲ့အခါ ကိုသီဟ တင်စိုးမဟုတ်မှန်း ကျွန်တော် အစောကြီးကတည်းက သိခဲ့တယ်။ နောက်ပိုင်းရဲတွေ စစ်ဆေးတော့ လည်း ဒေါ်ခင်မာမြင့်ကြီးက လိမ် လည်ပြီး ပြောတာဆိုတာ သိခဲ့တယ်။ အဲဒီသတင်းကို ကြားရတဲ့အတွက် တအားဝမ်းသာပါတယ်။ အစ်ကို့ကို လည်း အမြဲအားပေးနေတဲ့ ပရိသတ် တစ်ယောက်ပါ။

ကိုရဲလင်းအောင်

ကျွန်တော်တို့တွေ ငယ်ငယ်က တည်းက ရုပ်ရှင်၊ ဗီဒီယိုတွေထဲမှာဆို ရင် လွတ်လပ်ရေးဇာတ်ကားတွေ ကြည့်ရင် ကိုသီဟတင်စိုးပဲ သရုပ် ဆောင်တာ တွေ့တယ်။ အဲဒီတည်း က အားပေးတယ်။ ငယ်ငယ် ကတည်းကလည်း ဒီလိုအားပေးတဲ့ ကိုယ်ကြိုက်တဲ့ အနုပညာရှင်တစ် ယောက်က ဒီလိုကိစ္စကြီးကို ပြုလုပ်ခဲ့ တယ်ဆိုတော့ အစပိုင်းမှာတော့နည်း နည်းတော့ မယုံလည်း ဖြစ်တယ်။ ယုံ လို့လည်း မရဘူး။ ဒါပေမဲ့ နောက် ပိုင်း ဖြေရှင်းချက်တွေ ကြည့်ပြီး အစ်ကိုမဟုတ်မှန်းသိရတော့ ဝမ်းသာ မိပါတယ်။ အစ်ကိုလည်း ဒီကိစ္စတွေ ပြီးသွားရင် အနုပညာ အလုပ်တွေကို ပြန်လည်လုပ်ကိုင်သွားဖို့ မျှော်လင့် ပါတယ်လို့ ပြောပါတယ်။

မမြင့်မြင့်အေး

ဒီလိုမျိုး ကိုသီဟမဟုတ်ဘူးဆို တဲ့ အမှုမှန်ပေါ်လာတဲ့အတွက် ဝမ်း သာတယ်။ အစကတည်းက ဒီလိုမျိုး မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။ ကိုယ်အားပေးတဲ့အနုပညာရှင်တစ် ယောက်က ဒီလိုမျိုးကိစ္စကြီး ကျူးလွန် လိုက်တယ်ဆိုတဲ့ သတင်းကြားတဲ့အခါ မှာ မိန်းမသားချင်းစဉ်းစားပြီး ကိုသီဟ ကို နည်းနည်းတော့ မုန်းမိတယ်။ ဒါပေမဲ့ နောက်ပိုင်းအဖြစ်မှန်သိသွား တဲ့အခါမှာတော့ တအားဝမ်းသာမိပါ တယ်။ ကိစ္စက ပြီးသွားပေမယ့် ဒီလို မဟုတ်မမှန်တဲ့ သတင်းတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ များရတယ်။ အဲဒီ အတွက်တော့ သနားမိပါတယ်။ နောက်ပိုင်းတွေလည်း အစ်မတို့အား ပေးတဲ့ အနုပညာရှင်တွေ ဒီလိုစွပ်စွဲ ခံရတဲ့ကိစ္စမျိုး မရှိပါစေနဲ့လို့ မျှော် လင့်မိပါတယ်။ အစ်ကိုလည်း ပရိ သတ်ရှေ့ မြန်မြန်ရောက်ပြီး ဇာတ် ကားတွေ ထပ်ရိုက်ပါဦး။


LEAVE A REPLY

Please enter your comment!
Please enter your name here