အိမ်ထောင်ရေးကွဲတာကျရှုံးမှုမဟုတ်ပါဘူး ခင်သဇင်

0
199

ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီးနောက် အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ ခင် သဇင်က အခုလတ်တလောမှာ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက် ကူးဖို့ လက်ခံထားသလို သူ့ရဲ့ ‘ခပ်ချေချေ’လို့ နာမည်ပေးထားတဲ့ တစ်ကိုယ်တော်အခွေကလည်း ပရိသတ်အားပေးမှုရရှိနေပါတယ်။ ဘဝရဲ့ အတိုက်အခိုက်တွေ အများ ကြီးကြုံခဲ့တဲ့ကြားက စိတ်ပျက်အားလျော့မသွားဘဲ ကြိုးစားနေတဲ့ ခင်သဇင်ကသူ့ရဲ့ အနုပညာတွေကို ပရိသတ်တွေအားပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပျော်ရွှင်ရတယ် လို့ဆိုပါတယ်။ သူ့လိုအိမ်ထောင်ရေးအဆင်မပြေတဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့လည်း ခင်သဇင် က . . .

”အိမ်ထောင်ရေးအဆင်မပြေတဲ့သူတွေကိုဇင်အကြံပေးချင်တာကတကယ်လို့ သားသမီး ရှိတယ်ဆိုရင် သားသမီးမျက်နှာကိုပဲထောက်ပါလို့ မှာချင်ပါတယ်။ ဇင်ကိုယ်တိုင် ဘမသုနည်ောငူပ ကလာတဲ့အခါမှာ မိစုံဖစုံမဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ခင်သဇင် ဆိုတဲ့ လူ့ဘဝတစ်သက် စာနဲ့အမျှဇင်ခံစားခဲ့ရတယ်။ ဒီဖီလင် ကို ဇင်ဘယ်ကလေး ကိုမှ မရစေချင်ဘူး။ ဆိုးတဲ့ယောက်ျားကို ကိုယ်ယူခဲ့ပြီဆိုရင်တော့ ဒါကိုယ့်ရဲ့ ကုသိုလ်ကံပဲလေ။ ကိုယ်ရွေးချယ် ခဲ့တာပဲ။ သားသမီးမျက်နှာကို ထောက် ပြီး ပြီးဆုံးအောင်ထိ ပေါင်းဖို့ ဇင်အကြံပြုတယ်။ သားသမီးက တကယ် လို့အသက်အရွယ်ရလာပြီး သူကိုယ်တိုင်ကိုက ဆက်မပေါင်းနဲ့ တော့ လို့ ပြောလာခဲ့တယ်ဆိုရင် ဒါသူတို့ရဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပြီ။ သူတို့ မသိလိုက်သေးတဲ့အချိန်ဆိုရင် တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လမ်းမခွဲစေချင်ဘူး။ ဒီခံစားချက်က တစ်ဘဝလုံးနဲ့ ရင်းပြီး ခံစား သွားရတဲ့အတွက်ကြောင့် သေရာပါဒဏ်ရာပေါ့။ သားသမီးရှိတယ် ဆိုရင် သားသမီးမျက်နှာကို ငဲ့စေချင်တယ်။ သားသမီးတွေအရွယ်ရောက် လာတဲ့ အထိစောင့်စေချင်တယ်” လို့ ပြောပါတယ်။

အိမ်ထောင်ရေး ပြိုပျက်ထားတဲ့ အမျိုးသမီးတွေအနေနဲ့လည်း စိတ်ဓာတ်ကျမနေဘဲ လဲရာကနေ ပြန်ထနိုင်ဖို့အတွက် ခင်သဇင်က အခုလို အားပေးခဲ့ပါသေးတယ်။”တကယ်လို့ အိမ်ထောင်ရေး ကွဲပြီးသားအမျိုးသမီးဆိုရင်လည်း ဘဝမှာ ကျရှုံးမှုတိုင်းက မအောင် မြင်တာ မဟုတ်ပါဘူး။ အိမ်ထောင် ရေးကွဲတယ်ဆိုတာ ကျရှုံးမှုမဟုတ် ပါဘူး။ နှစ်ဦးသဘောတူ လက်ထပ် ကြပြီးတော့ နှစ်ဦးသဘောတူလမ်းခွဲတာ ဒါကျရှုံးမှုမဟုတ်ပါဘူး။ မအောင်မြင် မှုလည်းမဟုတ်ပါဘူး။ ထပ်ပြီး အောင်မြင်နိုင်ပါသေးတယ်။ အဓိကက လဲနေတဲ့နေရာမှာပုံစံမှန်မှန်နဲ့ အကောင်းဆုံး နည်းလမ်းနဲ့ ပြန်ထနိုင်ဖို့ပဲလိုတယ်။ ကိုယ့်ဘာသာကိုယ် စိတ်ဓာတ်ကျနေမယ်၊ ကိုယ့်ဘာသာ ကိုယ် ကျရှုံးနေမယ်၊ သိမ်ငယ်နေမယ်၊ ကိုယ့်ဘဝကြီးကို မကျေမနပ်တွေဖြစ်နေမယ်၊ဘဝကိုရှေ့ဆက်ဖို့အတွက် အင်အားတွေမရှိဘူး။ ကိုယ်ကိုယ် တိုင်လည်း လမ်းသစ်ကိုမဖောက် ထွက်နိုင်ဘူးဆိုရင်တော့ သူဟာ တကယ်ကို ကျရှုံးသွားတာပေါ့။ လဲနေတဲ့နေရာကနေ ပြန်ထနိုင်ရင်တော့ သူဟာအောင်မြင်သူ ဖြစ်မှာပါ” လို့ ခင်သဇင်က အကြံပြုစကားပြောခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here