ရုပ်ဆိုးသွားမှာစိုးတဲ့ အတွက် မျက်နှာခွဲစိတ် ပြုပြင်တာမျိုးတွေကို အိမ်က လုပ်ခွင့် မပေးဘူး စံရတီမိုးမြင့်

0
305

အခုနောက်ပိုင်းမှာ ခေတ်မီတိုး တက်လာတာနဲ့အမျှ မင်းသမီးတွေသာမက အမျိုးသမီးတွေ တော်တော် များများဟာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်တာမျိုးတွေ လုပ်လာကြပါတယ်။ လူငယ်မင်းသမီးချောတစ်ဦး ဖြစ်တဲ့ စံရတီမိုးမြင့်ကတော့ အသားအရေထိန်းသိမ်းတာမျိုးတွေသာ လုပ်လေ့ရှိပြီး ခွဲစိတ်ပြုပြင်တာမျိုးကို လုပ်ရမှာကြောက်သလို သူ့ရဲ့ မိခင်ကလည်း ပြုလုပ်ဖို့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။

”Botox တို့၊ Filler တို့ထိုးတာမျိုး သဲသဲမလုပ်ဘူး။ ကြောက်တယ်။ အဓိကကတော့ သဲသဲမျက်နှာကို Skin ကောင်းအောင်ပဲ လုပ်တယ်။ အမည်းစက်လေးတွေ ပေါ်လာရင် လေဆာပစ်တာမျိုးတို့၊ မျက်နှာ မကြည်ရင် Vitamin C serum နဲ့ အသားထဲကို စိမ့်ဝင်အောင် စက်တွေ နဲ့လုပ်တာမျိုးတို့တော့ လုပ်ဖြစ်တယ်။ ကျန်တာတော့ မလုပ်ဖြစ်ဘူး။ သဲ မျက်နှာပုံပြောင်းသွားမှာကို အိမ်ကမကြိုက်ဘူး။ အမေက လုံးဝမကြိုက်ဘူး။ နှာခေါင်းတွေဘာတွေ ပြင်တာ ဆိုလည်း သူများတွေလုပ်တော့ ကိုယ်လည်း လုပ်ချင်တာပေါ့။ မေးစေ့ဆိုရှည်ရှည်လေး ဖြစ်ချင်တယ်။ မျက် နှာသေးသေးလေး ဖြစ်ချင်တယ်။ ဒါပေမဲ့ အခုတော့ ပိန်သွားပြီဆိုတော့ သိပ် မလိုတော့ဘူး။ ဒါပေမဲ့ အမေက တော့ ရုပ်ဆိုးမှာစိုးလို့ဆိုပြီး လုံးဝပေးမလုပ်ဘူး။ လုပ်ရင် အိမ်ပေါ်ကဆင်းရမယ်လို့ပြောတဲ့အတွက် မလုပ်ရဘူး။ အသားဖြူ ဆေးလည်း သဲသဲရဲ့ ကျန်းမာရေးအခြေအနေအရ သဲသဲရဲ့ ခန္ဓာကိုယ်ထဲထိုးထည့်လို့ မရတဲ့အတွက် Facial Treatment တွေ လောက်ပဲလုပ်ပါတယ်”လို့ သူ့ရဲ့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

အချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်းချပြလေ့ရှိတဲ့စံရတီမိုးမြင့်က လတ် တလော မှာတော့ အချစ်ရေးကရွေးချယ်နေဆဲ အခြေအနေပါပဲ။ ဒါပေမဲ့လည်း လက်ထပ်ရမယ့် သူမတွေ့မချင်း ပရိသတ်ကို အသိပေးမှာမဟုတ်တော့ဘူးဆိုတဲ့ စံရတီမိုးမြင့်က…

”ကံဆိုတာပြောလို့ မရဘူး။ ၃၊ ၄ နှစ်လောက် ကြိုက်ပြီးတော့ ယူမယ်လို့ ပြောပြီးတော့လည်း ပြတ် ချင်ရင်ပြတ်ကြတယ် ကွဲချင်လည်း ကွဲကြတယ်။ တစ်နှစ်၊ နှစ်နှစ် ကြိုက်ပြီးတော့ ကွဲချင်ကွဲကြတယ်။ တစ်လ နှစ်လ ကြိုက်ပြီးတော့လည်း ယူသွားတဲ့လူတွေ အများကြီးရှိတာပဲ။ ဘာမှ ကံသေကံမ ပြောလို့မရဘူး။ သေချာ ပြီဆိုတဲ့နေ့ကျရင် ပရိသတ်ကို အသိ ပေးပါ့မယ်”လို့ ဆိုပါတယ်။ အခု နောက်ပိုင်းမှာ ရင့်ကျက်လာတဲ့ အတွက် Relationship အပေါ်မှာ သိပ်မရစ်တတ်တော့သလို ကလေးလည်း သိပ်မဆန်တော့ဘဲ တစ်ဖက် သားအပေါ် နားလည်ပေးတတ်လာ တယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here