ရုပ်သံ ဇာတ်လမ်းတွဲတွေနဲ့ ကံစပ်တဲ့ မေမြင့်မိုရ် နောက်ထပ်ဘာတွေ လာဦးမလဲ

1
498

သရုပ်ဆောင်မေမြင့်မိုရ်က တီဗီ ဇာတ်လမ်းတွဲတွေနဲ့ ကံစပ်တယ်လို့ ဆိုရမှာပါ။ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဇာတ်လမ်းတွဲတွေတိုင်းကလည်း ပရိသတ်တွေကြား အောင်မြင်မှုရ ရှိခဲ့ပါတယ်။ အရိပ်ဇာတ်လမ်းတွဲ ပြသပြီးတဲ့နောက်မှာလည်း အပြင်မှာ ပရိသတ်တွေနဲ့တွေ့တဲ့အခါမှာ ဇာတ် လမ်းတွဲထဲက နာမည်အတိုင်း သူ့ကို စုစု၊ မမစုဆိုပြီးတော့လည်း ခေါ်ဝေါ် ခဲ့ကြပါတယ်။ ‘ပန်းနုသွေး’၊ ‘အရိပ်’ စတဲ့ ဇာတ်လမ်းတွဲတွေလိုပဲ နိုဝင်ဘာလမှာ ထုတ်လွှင့်ပြသသွားမယ့် ဒါရိုက်တာကျော်သူ ရိုက်ကူးတဲ့ ‘ပုဂံ မြို့သူ’ ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေသဘောကျကြဦးမှာ ဖြစ်ပါတယ်။ အခုလက်ရှိရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲတွေကလည်း သူ သဘောကျရတဲ့ ဇာတ်လမ်းတွေချည်းပဲဖြစ်ကြောင်းကို မေမြင့်မိုရ်က . . .

”စပြီးတော့ ဒိုင်ယာလော့ခ်တွေ ဖတ်တယ်။ ဇာတ်ညွှန်းတွေဖတ်တဲ့ အချိန်မှာ စိတ်လှုပ်ရှားတယ်။ ညီမအ ရမ်းကြိုက်တဲ့ ဇာတ်လမ်းတွေချည်းပဲ။ စာရေးဆရာ ဆရာကြီးမောင်သိန်းဇံရဲ့ ဝတ္ထု၊ ‘ပုဂံမြို့သူ’ဝတ္ထုကို ပြန်ရိုက်ကူးရတာ။ ဝတ္ထုချည်းပဲ သီးသန့်ဖတ်တဲ့အချိန်မှာလည်း တအားသဘောကျတယ်။ ဦးကျော်သူ ရိုက်ကူးမယ်လို့ ပြောတဲ့အချိန်မှာလည်း တအားကိုပျော်တယ်။ မြန်မာတွေ ချစ်တဲ့ ပုဂံမှာ သွားပြီးရိုက်ကူးရတဲ့ အတွက် ဒီဇာတ်ကားလေးကလည်း ကိုယ့်ဘဝမှာတော်တော်ကို ကြိုက်တဲ့ ဇာတ်ကားလေးပါ။ အမှတ်တရ တွေလည်း အများကြီးပဲ။ ထူးဆန်းတာတွေလည်း အများကြီးပဲ။ တော်တော်ထူးထူးခြားခြားလေးနဲ့မို့ ပရိသတ်ကြိုက်နှစ်သက်မယ်လို့ထင်တယ်။ ဇာတ်လမ်းတွဲမှာဆိုရင်လည်း လူဝင်စား ဇာတ်လေး ပြီးတော့ အချစ်ဇာတ် လမ်းပါ” လို့ ပြောပါတယ်။ ဝါရင့်သရုပ်ဆောင် ဦးကျော်သူရိုက်ကူးတဲ့ ဇာတ်ကားမှာ ပါဝင်တာ ဖြစ်တဲ့အတွက် ဘယ်လိုပညာတွေရရှိခဲ့သလဲဆိုတာကိုတော့ မေမြင့်မိုရ်က…

”ဦးမောင်(ဦးကျော်သူ)နဲ့ ပထမဦးဆုံး ဆုံတဲ့ဇာတ်ကားပါ။ ဦးမောင်ဆိုလည်း ပထမဦးဆုံးဇာတ် လမ်းတွဲမှာ ဒါရိုက်တာလုပ်တာ ဆိုတော့ ပညာတွေလည်း အများကြီးရတယ်။ ဗဟုသုတတွေလည်း အများ ကြီးရတယ်။ ဦးမောင်က ပုဂံမှာ ဘုရားတွေအများကြီးပဲထည့်ရိုက်တယ်။ ကြည့်လို့ရှိရင်ကြိုးစားထား တာတွေ့ရမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ အောင်ဇော်မင်း


1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here