Tuesday, January 14, 2025

ကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိက တို့...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံ‌ေတွ့‌ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင်...

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင်...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ...
HomeArticlesကလယ်ရီနက် သမား

ကလယ်ရီနက် သမား

သူသည် ကလယ်ရီနက်သမားအဘိုးအိုဖြစ်သည်။ ကလယ်ရီ နက်ဆိုသည်မှာ လေမှုတ်တူရိယာ တစ်ခုဖြစ်ကာ အနက်ရောင်ြေ>ွမ သဖွယ်ရှိပြီး လေပေါက်များကို ဖွင့် ပိတ်ပေးနိုင်သော ခလုတ်များပါရှိ သလို လျှာခင်ဖြင့် ဂီတသံပေါ်ထွက် အောင် မှုတ်နိုင်ပါသည်။ ကလယ်ရီ နက်သမား အဘိုးအိုသည် သူလူငယ် ဘဝက နာမည်သိပ်မကြီးသော ဆပ် ကပ်အဖွဲ့ တစ်ဖွဲ့ထဲတွင် လိုက်ပါခဲ့ သည်။ ထိုဆပ်ကပ်အဖွဲ့တွင် သူသည် ခုံမြင့်မြင့် တစ်ခုပေါ်၌ ထိုင်ကာ ကလယ်ရီနက်ကို မှုတ်ပြရသည်။

ဆပ်ကပ်အဖွဲ့မှာ သာမန်ဖြစ်သော် လည်း သူ၏ကလယ်ရီနက်မှ မှုတ် သံမှာ ညွှတ်နူးပျော့ပျောင်း၍ ငြိမ့် ညောင်းသာယာသော ဂီတသံသာဖြစ် သည်ကို ဆပ်ကပ်အဖွဲ့ ကြည့်ရှုရန် လာသူများ သတိပြုမိကြပေသည်။ ဆပ်ကပ်အဖွဲ့မှ ပြကွက်များမှာ အထူးအဆန်းများ သိပ်မပါချေ။ ဆပ် ကပ်အဖွဲ့၏ ပြကွက်များမှာ လာ ရောက်ကြည့်ရှုသူများပင် မိမိတို့ လည်း လုပ်ဆောင်နိုင်သည်ဟု ထင် မှတ်လာကြလေ့ရှိသည်။ ရွှေပွဲလာ များ သမ်းဝေလာကြပြီဆိုလျှင် ဆပ် ကပ်တည်ထောင်သူသည် ကလယ်ရီ နက်သမားကို ခုံမြင့်မြင့်ပေါ်တက်စေ ကာ တေးသွားတစ်ခုကို မှုတ်၍ ဖျော် ဖြေတင်ဆက်စေတော့သည်။ ခုံမြင့် မြင့်ပေါ်ရှိ အနက်ရောင်ကလယ်ရီ နက်မှ ဂီတသံထွက်ပေါ်လာပြီဆိုလျှင် ရွှေပွဲလာတို့သည် ထူးဆန်းသောတေး သံကို နားဆင်ကြရသလို ထင်မှတ်မိ ကြတော့သည်။

စောစောက ဆပ် ကပ်အဖွဲ့မှ အံ့သြဖွယ်မရှိသော ပြကွက်များကို မေ့လျော့သွားကြကာ ကလယ်ရီနက်ဂီတသံ မျှဉ်းမျှဉ်းကို ငေးမောကြည့်ရှုကြတော့သည်။ ဆပ် ကပ်အဖွဲ့မှ အစီအစဉ်ကြေညာသူ သည် ယခုဖျော်ဖြေနေသော တေး သွားမှာ မည်သည့်တေးသွားဖြစ် ကြောင်း ပြောပြနေသည်။ ‘မြောက် ပိုင်းဆီသို့ ခရီးသွားခြင်း’တေးသွား၊ ‘မြစ်ကြီး ဂင်္ဂါ’တေးသွား၊ ‘ပိတုန်း ကောင်ပျံဝဲခြင်း’ တေးသွားတို့မှာ ရွှေ ပွဲလာတို့၏ ဘဝင်နှလုံးကို ကျေနပ် ပီတိဖုံးစေတော့သည်။ ဂီတသံများထဲ တွင် မြင်းခွာသံများ ကြားမိရသလိုလို၊ ရေအလျဉ် တိုးဝှေ့စီးဆင်းသံများ ပါလာသလိုလို၊ ပိတုန်းကောင် အတောင်ပံ ခေတ်သည်ကို တွေ့နေရ သလိုလို ခံစားလာရစေသည်ဟု ဆို ကြပါသည်။ ကလယ်ရီနက်သမား သည် နာမည်သိပ်မကြီးသော ဆပ် ကပ်အဖွဲ့တွင် လိုက်ပါလျက် တီးမှုတ် ဖျော်ဖြေခဲ့သည်။

သူသည် ရံဖန်ရံခါြေ>ွမများ၊ မျောက်များနှင့်လည်း တွဲဖက်ကာ ဖျော်ဖြေခဲ့ရသည်။ ဆပ် ကပ်အဖွဲ့ကြေ>ွမများမှာ အထူးအဆန်း ဘာမျှသိပ် လုပ်မပြနိုင်ကြချေ။ သူ တို့သည် လူ၏ ခန္ဓာကိုယ်ကို ရစ်ပတ် လိမ်ကာ ပြီးလျှင် ပခြုပ်ထဲသို့ ပြန် လည်ဝင်ရောက် သွားကြသည်သာ ပင်။ ဆပ်ကပ်အဖွဲ့တွင် စိတ်ဝင်စား စရာကောင်းသည်ဟု ဆိုနိုင်သည် ကား မျောက်တို့၏ ပြကွက်များဖြစ် သည်။ ဆပ်ကပ်ပိုင်ရှင်သည် မျောက် များကို အမိန့်နာခံတတ်ရန် လေ့ကျင့် ပေးထားနိုင်ခြင်းမရှိပေ။

မျောက်များ သည် အချိန်မစေ့မချင်း မိမိတို့ ထင် ရာမြင်ရာများကို ပြုမူ လုပ်ဆောင် ကြပြီး ထိုအချိန်သည် ရွှေပွဲလာပရိ သတ်တို့ စိတ်ဝင်စားခြင်းခံရသော အချိန်လည်းဖြစ်ပေသည်။ အချိန်စေ့ သွားလျှင် မျောက်များအားလုံး စီတန်း ကာ ဇာတ်ခုံကို စက်ဝိုင်းပုံပတ်၍ လှောင်အိမ်အတွင်း အသီးသီး ပြန် ဝင်သွားကြပြီဆိုလျှင် လက်ခုပ်သံများ ကွင်းလုံးပြည့်ကြားလာရတော့သည်။ ထိုအချိန်တွင် ကလယ်ရီ နက်သမားသည် ‘မြောက်ပိုင်းဆီသို့ ခရီးသွားခြင်း’ တေးသွားကို ထွက်ပေါ်စေကာ ဖျော်ဖြေပါတော့သည်။ မှန်ပါသည်။ ယင်း ကြောင့်ပင် ဆပ်ကပ်အဖွဲ့သည် နာမည် သိပ်မကြီးသော်လည်း ကပြလေရာတွင် ရုံဝင်ကြေး တူတူတန်တန် ရရှိခြင်းဖြစ်ပါသည်။

ယခုမူ ကလယ်ရီနက်သမားသည် အဘိုးအိုဖြစ်လာကာ အဘိုးအိုသည် အိမ်ထဲမှ အိမ်ပြင်သို့ သိပ်မထွက်တော့ပေ။ ကလယ်ရီနက်သမား အဘိုးအိုသည် ရံဖန်ရံခါ အရက်ကလေး ခပ်ထွေထွေရှိသော ညနေခင်းများတွင် သူ၏ အနက်ရောင် ကလယ်ရီနက်ကိုထုတ်ယူကာ ဂီတသံထွက် ပေါ်လာစေတော့ သည်။ သူ၏ကလယ်ရီနက်မှုတ်သံမှာ ပီသကြည်လင်ခြင်းမရှိ တော့။

လမ်းပေါ်မှ ဖြတ်သန်းသွားလာသူတို့က ဘာသိဘာသာပင်။ သူတို့သည် ကလယ်ရီနက်သံကို အရေးတယူမရှိကြပေ။ သို့ရာ တွင် အချို့သော သိမီလိုက်သူတို့က အလွန်ခမ်းနားသော ‘မြောက်ပိုင်းဆီသို့ ခရီးသွားခြင်း’ တေးသွားဖြစ်ကြောင်း ပြောကြ သည်။ သို့ရာတွင် ထိုတေးသွားကို နားထောင်ဖူးသူမှာ အနည်း ငယ်မျှသာ။

နေမျိုး

Ads Space Available


Continue reading

ကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ဇန်နဝါရီ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။ ယခုအခါ လွှတ်တော်က သုံးသပ်ဆုံးဖြတ်နိုင်ရန် တင်ပြရမည်ဖြစ်သော ဥပဒေကြမ်းအရ ကြီးမားသော ဖျော်ဖြေရေးအဆောက်အအုံများတွင် လောင်းကစားလုပ်ခြင်းကို ခွင့်ပြုမည်ဖြစ်သည်။ လက်ရှိတွင် လောင်းကစားအမျိုးမျိုးကို ထိုင်းနိုင်ငံ၌ တားမြစ်ထားသော်လည်း မြင်းပြိုင်ပွဲနှင့် အစိုးရထီကဲ့သို့ တရားဝင်လောင်းကစားခွင့်ပြုထားသည့်အရာများနှင့်အတူ မြေအောက်လောင်းကစားလုပ်ငန်းများနှင့် ထီလောင်းကစားခြင်းများသည် ကျယ်ကျယ်ပြန့်ပြန့်ဆက်ကာရှိနေခဲ့သည်။ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် ဖိလစ်ပိုင်ကဲ့သို့...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိက တို့ ပိုမိုနက်ရှိုင်းစွာပူးပေါင်းမည်ဟု ကတိပြု

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံ‌ေတွ့‌ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင် အဆိုပါသုံးနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် ရာထူးမှဆင်းတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် အာရှစံတော်ချိန် တနင်္လာနေ့မနက်ပိုင်းက အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။ စီးပွားရေး၊ ရေကြောင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာ အားကောင်း လာစေရေးနှင့် နက်ရှိုင်းစေရေး ကို ခေါင်းဆောင်များက သဘောတူခဲ့ကြသည်ဟု...

မုံရွာမြို့တွင် မေမေများအတွက် ဈေးရောင်းပွဲတော်ကျင်းပ

မေမေများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လက်မှုအနုပညာလက်ရာများ၊ မြန်မာ့ရိုးရာအစားအစာများကို အမေများနေ့ဖြစ်သည့် ပြာသိုလပြည့်နေ့၊ ဇန်နဝါရီလ (၁၃)ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကျောက်ကာလမ်း၊ ဝါစက်ဝင်းရှေ့တွင် ရောင်းချပေးခဲ့သည်။ "ဒီပွဲလေးလုပ်တာဟာ ဝါသနာတူတဲ့ သူတွေစုပြီး အမေများနေ့တစ်ရက်တည်း မေမေတွေလက်ဆောင်ပေးဖို့ရည်ရွယ်ချက်နဲ့ ရောင်းပေးတာပါ။ ဒီလိုပွဲလုပ်တာ ပထမဆုံးအကြိမ်ပါ။ အရင်ကလုပ်ခဲ့တာမရှိဘူး။ အခုမှဝါသနာတူသူငယ်ချင်းတွေစုပြီး သွားရောင်းကြမယ်ဆိုပြီးစိတ်တူကိုယ်တူလာရောင်းဖြစ်ကြတာပါ။ အခုလာမယ့်ချစ်သူများနေ့မှာ ရောင်းဖြစ်ကြမလားဆိုတာတိုင်ပင်နေကြပါတယ်"ဟု မသက်ထားမောင် (ဒေါ်ကြီးရွှေ မြန်မာ့ရိုးရာအစားအစာ)က ပြောသည်။ အမေများနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတွင် မြေစာဥဆ နွင်းမကင်း၊ ရွှေကြည်ပူတင်း၊ သီးစုံဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ သာခွေယိုင်၊ အုန်းနို့ငှက်ပျောပေါင်း၊ ကလိန့်စေ့အုန်းနို့ပေါင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071