လူရွှင်တော် ဝိုင်းချစ်ရဲ့ သာယာချမ်းမြေ့တဲ့ မိသားစု ဘဝအကြောင်း

0
403

လူရွှင်တော်ဝိုင်းချစ်တို့ဇနီးမောင်နှံကတော့ တစ်ဦးနဲ့တစ်ဦး စိတ်ဆိုးစိတ် ကောက်တာ သိပ်မရှိဘူးလို့သိရပါတယ်။ ဒါကလည်း မိဘတွေနဲ့အတူတူနေထိုင် ရလို့ပဲဖြစ်ပြီး တစ်ခုခုဆိုရင် မိဘတွေကိုပြန်ငဲ့ရတာမျိုးတွေကြောင့် ရန်ဖြစ်တာ အလွန်နည်းပါးကြောင်း ကိုဝိုင်းချစ်က ပြောပြပါတယ်။ သူ့ထက်အသက်ငယ်ပေ မယ့် အိမ်ထောင်မှုကိုထိန်းသိမ်းတဲ့နေရာမှာတော့ အလွန်တော်တဲ့ ဇနီးကောင်း တစ်ယောက်ပဲဖြစ်ပြီး ပါရမီဖြည့်ဖက်ကောင်းတစ်ဦးလည်းဖြစ်တယ်လို့ ပြောပြ ပါတယ်။

”ဘဝမှာသူနဲ့ပေါင်းဖော်ပြီးတော့မှ ကျွန်တော်လုပ် ချင်တဲ့ သာသနာပြုလုပ်ငန်းလေးတွေကို လုပ်နိုင်တယ်။ ကုသိုလ်ဆက်တယ်ပေါ့လေ။ ကျွန်တော်တို့ဇနီးတွေဟာ စတင် တွေ့ဆုံတဲ့အချိန်ကနေ ဒီနေ့ဒီအချိန်အထိ ဖောက်လှဲဖောက် ပြန်တဲ့စိတ်လုံးဝမရှိဘူး။ လောကမှာသူတို့ ယောက်ျားကို သာ အလေးစားဆုံးပဲ။ အလေးစားဆုံးဆိုတာ ကျန်တဲ့ ယောက်ျားတွေကို မလေးစားတာမျိုးမဟုတ်ဘူး။ ဖောက်လှဲ ဖောက်ပြန် စိတ်သူတို့မထားဘူး။ အဲဒီအတွက် ကျွန်တော်တို့က အဆပေါင်းများစွာပိုပြီးတော့လေးစားရပါတယ်။ ကိုယ်ကလည်း သူ့ကိုလေးစားမှုထားသလို သူကလည်းကိုယ့်ကို ရိုသေမှုတွေနဲ့ အိမ်ထောင်သက်တမ်းကို ဆက်လက်လျှောက်လှမ်းပါ့မယ်။ တစ်လင် တစ်မယားစနစ်ဆိုတာက အင်မတန်တန်ဖိုးရှိပါတယ်။ ကိုယ့်မိန်းမကို တကယ်လေးလေးစားစား တန်ဖိုးထားပြီးတော့ ပေါင်းသင်းပါ။ အဲဒီလိုပေါင်းသင်းရင် ကိုယ့်ဇနီးကလည်းကိုယ့်ယောက်ျားကို တန်ဖိုးထားပြီးတော့ ပေါင်းသင်းမှာပါ” လို့ ဇနီးဖြစ်သူနဲ့ ပတ်သက်လို့ ကိုဝိုင်းချစ်ကပြောပြပါတယ်။ ကိုဝိုင်းချစ်ရဲ့ဇနီးက တစ်ချိန်က ဇာတ် မင်းသမီးတစ်ဦးအဖြစ် ကပြခဲ့ပြီး အနုပညာနာမည်ကတော့ ဆောင်းသ ဇင်ဦးဖြစ်ကာ နာမည်ရင်းကတော့ မသက်သက်ဇော်ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here