ဘဝမှာ အင်္ဂလိပ်လို သီဆိုထားတဲ့ တေးအယ်လ်ဘမ်တစ်ချပ်ကို စီစဉ် ထုတ်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်တိုင်တစ်ခု၊ ပြီးတော့ ဒီ့ထက် လေးလေးနက်နက် ပြောရမယ်ဆိုရင် ဂီတလောကအတွက်၊ ပြောင်းလဲမှုတစ်ခုခုအတွက် တစ် ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ခဲ့တယ်ဆိုတဲ့ မှတ်ချက်တစ်ခု စတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ အိမ့်ချစ်က ‘Slay’ ဆိုတဲ့ အင်္ဂလိပ်သီချင်းခွေကို ပရိသတ်လက်ထဲအပ်နှင်းတော့မှာပါ။
“အဓိကကတော့ ကြီးကြီးကျယ်ကျယ်တွေလျှောက်ပြီး လုပ်တာ မဟုတ် ဘူး။ ဒါပေမဲ့ ဂီတလောကမှာလည်း Change လေးတစ်ခုရှိသင့်ပြီလို့ အိမ့်ချစ် ယူဆတယ်။ အနုပညာရှင်တွေ နည်းနည်းလေး သွေးတိုးစမ်းပြီးတော့ အခွေ ထဲမှာ အင်္ဂလိပ်သီချင်းလေးတွေ တစ်ပုဒ်စ၊ နှစ်ပုဒ်စ ထည့်ကြတာ အိမ့်ချစ်တွေ့ ရတယ်။ ဒါပေမဲ့ တစ်ခွေလုံးကျတော့ မလုပ်ရဲကြဘူး။ အိမ့်ချစ်က အမြဲတမ်း ကိုယ်လုပ်ချင်တာတစ်ခုကို ရူးရူးမူးမူး လုပ်တတ်တဲ့အကျင့်တစ်ခုရှိတယ်။ ဒီအခွေကို အိမ့်ချစ်လုပ်တယ်ဆိုတာလည်း အင်တာနေရှင်နယ်ကို ထိုးဖောက် တာတွေ၊ မထိုးဖောက်တာတွေ အိမ့်ချစ်စိတ်မဝင်စားဘူး။ ပိုက်ဆံရတာတွေ၊ မရတာတွေလည်း အိမ့်ချစ်စိတ်မဝင်စားဘူး။ အိမ့်ချစ်အခွေကို နားထောင်တဲ့ သူရှိရှိ၊ နားမထောင်တဲ့သူရှိရှိ အိမ့်ချစ်ရဲ့ ဂီတသက်တမ်းတစ်လျှောက်မှာ အိမ့်ချစ်ပြန်ကြည့်ရင် ငါလုပ်ချင်တာကို လုပ်ခွင့်ရခဲ့တယ်ဆိုတာလေးပဲ အိမ့်ချစ် ဖြစ်ချင်တာ။ အဲဒီအတွက် အိမ့်ချစ် ဒီအခွေလေးကို စပြီးလုပ်ခဲ့တာ။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဘာပဲဖြစ်ဖြစ် ဂီတလောကကြီးအတွက် Change လေး တစ်ခုခုအတွက် တစ်ထောင့်တစ်နေရာကနေ ငါကူညီပေးခဲ့နိုင်ပါလားဆိုတာမျိုးဖြစ်သွားရင်တော့ ပိုကောင်းတာပေါ့” လို့ အိမ့်ချစ်ကပြောပါတယ်။Slay ဆိုတဲ့ အိမ့်ချစ်ရဲ့ တစ်ကိုယ်တော်စီးရီးခွေမှာ သီချင်း ၇ ပုဒ်ပါဝင်မှာဖြစ်ပြီး သူကိုယ်တိုင်ရေးသားထားတဲ့သီချင်းတွေလည်း ပါဝင်ကြောင်းကို အိမ့်ချစ်က…
“အမှန်တကယ်ဆို ဒီဇူလိုင်လကတည်းက အခွေထွက်ချင်ခဲ့တာ။ သီချင်း ၄ ပုဒ်ပဲ ထွက်မယ်ပေါ့။ မီနီအယ်လ်ဘမ်ပေါ့။ လုပ်လိုက်တယ်။ အဲဒီကနေတစ်ခါ ၅ ပုဒ်ဖြစ်သွားပြန်ရော။ ၅ ပုဒ်ကနေ မထွက်ဖြစ်ပြန်ဘူး။ ခဏထားလိုက်ပြန် ရော။ နောက်တစ်ခါ ၆ ပုဒ်ဖြစ်လာ ပြန်ရော။ အခု ၇ ပုဒ်လောက်ဖြစ်မယ့် သဘောမှာရှိနေတယ်။ ၇ ပုဒ်မှာတော့ ထွက် လိုက်တော့မယ်လို့ အိမ့်ချစ်စဉ်းစား ထားပါတယ်။ Title ကတော့ Slay လို့ ပေးထားပါတယ်။ အားလုံး ကတော့ အင်္ဂလိပ်သီချင်းလေး တွေပါ။ အိမ့်ချစ်ကိုယ်တိုင်ရေးထား တာတွေပါတယ်။ နောက်ပြီးတော့ တေးရေးဆရာအသစ် ၂ ယောက် ပါပါတယ်”လို့ ပြောပြခဲ့ပါတယ်။
သတင်း
ဓာတ်ပုံ- မျိုးမောင်