Musial ဖန် တီး မှု ကို မြန်မာပရိသတ်တွေနဲ့ ပထမဆုံးအဖြစ် မိတ်ဆက်ပေးလိုက်တဂီတပညာရှင် အကယ်ဒမီ ဓီရာမိုရ်

0
279

မျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်-ရန်ကုန်(NUAC) ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်လည်းဖြစ်သလို Musical ဆိုတဲ့ သီချင်းဆန်ဆန်၊ ပုံပြင်ဆန်ဆန်၊ ပြဇာတ်ဆန်ဆန် အနုပညာတင်ဆက်မှုကို ပထမဆုံးအကြိမ် ပြသခဲ့တဲ့ ပွဲကတော့ AYA NUAC ORCHESTRA MUSIC SHOWCASE ဂီတဖျော်ဖြေပွဲပဲဖြစ်ပါတယ်။ Music and Art Director ကတော့ အကယ်ဒမီ ဓီရာမိုရ် ပါ။ သူဖန်တီးတင်ဆက် ဖြစ်ခဲ့ တဲ့အပိုင်းနဲ့ ပတ်သက်ပြီး ဓီရာမိုရ်က …

“ဂီတနဲ့ပတ်သက်ပြီးတော့ ဂီတ ဖန်တီးမှုအပိုင်းကတော့ ကျွန်တော်တို့က နည်းနည်းကျင့် သားရနေပြီပေါ့နော်။ လုပ်နေ ကျ အပိုင်းပေါ့။ အဲဒီမှာလည်း နည်းနည်း အခက်အခဲရှိပါ တယ်။ International Notes တွေနဲ့ တကယ့်ကို သေသေချာ ချာလုပ်တာပေါ့။ အဲဒီအခက် အခဲက ကျော်လွန်နိုင်တဲ့အခက် အခဲပါ။ ဒါပေမဲ့ ကျွန်တော်က ဒီဘက်က အမူ အရာတွေ၊ ဇာတ်လမ်း၊ ဇာတ်ကွက်တွေ ချိတ်တာတွေ၊ သရုပ်ဆောင် အိုက်တင်တွေကို Directing ပေး တာတွေကျတော့ သိပ်မကျွမ်းကျင်ဘူးလေ။ ကိုယ်က တအား Crazy ဖြစ်လို့သာ ဒီဇာတ်လမ်းကို ဖန်တီး တာ။ အဲဒီမှာတော့ နည်းနည်းအခက်အခဲရှိပါတယ်။ ကျွန်တော်တို့ တင်ဆက်တဲ့ အပိုင်းမှာလည်း Error လေး နည်းနည်းရှိနိုင်ပါတယ်။ အဲဒါကတော့ ကျွန်တော်တော်တော်လေး ချိတ်ဆက်ရပါတယ်။ ဘယ် သီချင်းပြီးရင်၊ ဘယ်သီချင်းလာမယ် စသဖြင့်ပေါ့။ အဲဒါလေးက နည်း နည်းခက်ပါတယ်” လို့ ပြောပါတယ်။

Musical ဆိုတဲ့ ဖန်တီးမှုအပိုင်းကို သူက ပထမဦးဆုံး တင်ဆက်ခဲ့သူဖြစ်တော့ Musical ကို ရှုမြင် မခံစားရဖူးတဲ့ မြန်မာ ပရိသတ်တွေလည်း ခံစားသွားရတယ်။ တစ်ခုရှိတာက Musical က Opera နဲ့ နည်းနည်းဆင်နေတော့ Musical နဲ့ Opera ကွာခြားပုံ အကြောင်း ဓီရာမိုရ်ကို မေးမြန်းဖြစ်တဲ့အခါ…

“Opera ဆိုတာကတော့ အခြေခံကို စခဲ့တာပေါ့။ သူက Classic ဘက်ကိုသွားတယ်။ ကဗျာဆရာတွေ နဲ့ ဂီတသမားတွေ အတူတူဆုံကြတဲ့ အခါမှာ ကဗျာတွေကိုဂီတအဖြစ်နဲ့ ဖန်တီးရာကနေ ဇာတ်လမ်းတွေနဲ့ Opera ဆိုပြီးဖြစ်တာပေါ့နော်။ Opera နဲ့ Musical နဲ့ ဘာကွာလဲဆိုတော့ Opera ကကျတော့ တောက်လျှောက်သီချင်းဆိုတယ်။ သူ့ရဲ့ Technique တွေ၊ သူ့ရဲ့ Theory တွေ၊ သူ့ရဲ့ Form က အဓိကဖြစ်တယ်။ Musical ကျတော့ ဒီဘက်က နောက်ပိုင်းမှာ ပိုပြီးတော့ ထွန်းကားလာတာပေါ့။ ခေတ်ရဲ့အမြင်တွေ၊ ခေတ်ရဲ့ပုံစံတွေနဲ့ ပိုပြီး Flexible ဖြစ်တာပေါ့။ စကား ပြောတယ်။ ဒိုင်ယာလော့ခ်တွေလည်း ရှိတယ်။ ပုံသဏ္ဌာန်မျိုးစုံလည်းရှိတယ်။ အဲဒါလေးတော့ ကွာတာပေါ့” လို့ ဓီရာမိုရ်ကပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ- မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here