အိမ်သူသက်ထားက စိတ်ဆိုးလည်းလွယ်သလို စိတ်ဆိုးပြေတာလည်းမြန်တယ် လူရွှင်တော် ကောင်းကျော်

0
175

ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကောင်းကျော်က အနုပညာဘက်မှာလည်း ပရိသတ်တွေကို သူတတ်တဲ့အနုပညာနဲ့ ဖျော်ဖြေတင်ဆက်ပေးနေသလို မိသားစုတာဝန်ကိုလည်း မလစ်ဟင်းရအောင် ဖြည့်ဆည်းပေးနေသူပါ။ ဇနီးဖြစ် သူကလည်း ခင်ပွန်းဖြစ်သူအပေါ် မယားဝတ္တရားကျေပွန်တတ်သူတစ်ဦး ဖြစ်သလို ပါရမီဖြည့်ဖက်ကောင်း တစ်ဦးလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေနဲ့ အိမ်ထောင်တစ်ခုကို တည် ဆောက်ထားကြပါတယ်။ သို့ပေမဲ့လည်း လင်နဲ့မယားဆိုတာ လျှာနဲ့သွားဆိုတဲ့ အတိုင်း တစ်ခါတလေမှာတော့ စိတ်ဆိုးစိတ်ကောက်တာမျိုးတွေ ရှိတတ်ကြပြန် ပါတယ်။ အဲဒီအခါ ဇနီးဖြစ်သူ အိမ်သူသက်ထား စိတ်ကောက်ရင် ဘယ်လိုချော့သလဲ လို့ လူရွှင်တော်ကောင်းကျော်ကို မေးမြန်းတဲ့အခါမှာတော့…

”အစ်ကိုကတော့ သူ့ကို မချော့ဘူး။ ရှောင်သွားတာပဲ။ သူကချော့ရင် ပိုပြီး တော့ စိတ်ကြီးတယ်။ သူ့အနေအထားကို ကြည့်လိုက်တယ်။ မျက်နှာကြီး နည်းနည်း မာနေသေးတယ်ဆိုရင် မပြောသေးဘူး။ မျက်နှာလေး နည်းနည်းလေးပျော့သွားပြီ ဆိုတော့မှ လျှောက်စတော့တာပဲ။ စိတ်ဆိုးလည်း ခဏပါပဲ။ သူက စိတ်ဆိုးလည်းမြန် သလို စိတ်ပြေလည်းလွယ်တယ်။ သူစိတ်ဆိုးနေပြီဆိုရင် ကိုယ်က မစတော့ဘူးလေ” လို့ ပြောပြပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ နှစ် ၂ဝ ကျော်ပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သံယောဇဉ်ကတော့ တိုးလို့ တိုးလို့နေပါပြီ။ သူ့ရဲ့ အိမ်သူသက်ထားကို ကိုကောင်းကျော်က အခုလို အမှတ်တရစကားဆိုတာကတော့ …”အိမ်ထောင်ရှင်မကောင်းတစ်ဦးပီသအောင်ရယ် ရင်မမောအောင် ရင်မပူ အောင်ရယ် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ သူ့ရဲ့ကိုယ်ကျင့်သိက္ခာ တရားရယ်ကို တအားလေးစားတယ်။ တအားချစ်တယ်။ ထိုကဲ့သို့ပဲ အားလုံးသော ဇနီးမယားများ သည်လည်း လင်ယောက်ျားများသည်လည်း မိမိတို့ ဇနီးပေါ်မှာ ချစ်ချစ်ခင်ခင်ကြင် ကြင်နာနာသစ္စာရှိရှိနဲ့ ပေါင်းဖက်နိုင်ကြပါစေ”လို့ ပြောခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here