သားအကြီးရဲ့ ပညာရေး၊ သားအငယ်ရဲ့ ကျန်းမာရေးတွေနဲ့ ဖခင် မေတ္တာကိုအပြည့်အဝဖော်ကျူး နေတဲ့ R ဇာနည်

0
223

Rဇာနည်ကတော့ ဂီတဖျော်ဖြေပွဲတွေ၊ စီးရီးခွေအတွက် လှုပ်ရှား မှုတွေ၊ သား ၂ ယောက်အတွက် ဖခင်တစ်ယောက်ရဲ့ အချိန်ပေးဂရုစိုက်ရမှုတွေ စတာတွေနဲ့ ဖြတ်သန်း ဖြစ်နေပါတယ်။

“ရှိုးတွေဆိုတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ပုဂံက ပြန် လာတယ်။ ဦးညီထွဋ်တို့နဲ့ New Year အတွက် Promo လေး သွားရောက်ရိုက်ကူးဖြစ်တာပေါ့။ ပြီးတော့ ကျွန်တော့်အတွက် သီချင်းလေးတွေ စုပြီးတော့လုပ်နေတယ်။ EP Album လောက်ပေါ့။ Full Album တော့ မဟုတ် တော့ဘူးပေါ့။ သီချင်းရေးဆရာတွေ ကတော့ သေချာမှပဲပြောတော့မယ်။ သီချင်းအပုဒ်ရေတွေကလည်း သေချာမှပဲ ပြောတော့မယ်။ လောလောဆယ်မှာတော့ အယ်လ်ဘမ်လေးလုပ်နေတယ်ဆိုတာကိုပဲ သတင်း ပေးချင်ပါတယ်” လို့R ဇာနည်က ပြောပါတယ်။ သား ၂ ယောက်နဲ့ သူ့မိသားစု အကြောင်းကိုလည်း R ဇာနည်က …

“ချစ်ချစ်တုန်လေးက ဇူလိုင်လ ၁ဝ ရက်နေ့တုန်းက ၆ လပြည့်သွားပြီပေါ့။ ပုဂံမှာပြည့်သွားတာပေါ့လေ။ ကျွန်တော် လည်း သူရတော့ တအားပျော်သွားတာပေါ့လေ။ ကျွန်တော်တို့ မိသားစုလည်း အဆင်ပြေပါတယ်။ ကိုယ့်မိသားစုနဲ့ကိုယ်၊ ဒီကြားထဲ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်ယှက်တွေ ခတ်နေတာပေါ့လေ။ သားအကြီးရဲ့ ပညာရေး၊ သားအငယ်ရဲ့ ကျန်းမာရေး၊ ပြီးတော့ ကျွန်တော်တို့ရဲ့ လူမှုရေးတွေ၊ စီးပွားရေးတွေနဲ့ အချိန်အပြည့်ပဲပေါ့လေ” လို့ ပြောပြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်း က R ဇာနည်ရဲ့ ‘ကမ္ဘာသား’တေးစီးရီးရောင်းရငွေတွေကို သီလရှင်ကျောင်းဆောက်လုပ် လှူဒါန်းခဲ့သေးတယ်။ ဒီနှစ်မှာရော အလှူအတန်းနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ကိုင်ဖြစ်နေသေးလဲလို့မေးတော့ …

“ဟိုတလောက ဦးကျော်သူတို့ နာရေးကူညီမှု အသင်းဆီကို ကားတစ်စီးရယ်၊ ပြီးတော့ မန္တလေး အတွက် ကားတစ်စီးရယ်ကိုတော့ ကျွန်တော့်ရဲ့ ‘ကမ္ဘာသား’ စီးရီးနဲ့ ပတ်သက်ပြီးတော့ လှူဖြစ်ပါ တယ်။ ပြီးတော့ တော်တော်ဝေးတဲ့နေရာက မိဘမဲ့ ကျောင်းမှာ We Love R ဇာနည်အဖွဲ့နဲ့ အလှူလုပ်ဖြစ် တယ်။ အဲဒါကတော့ ၆ လ တစ်ကြိမ်လောက်တော့ လုပ်ဖြစ်တာပေါ့နော်။ ကျွန်တော့်ညီလေးတွေ၊ ညီမလေးတွေနဲ့ ပေါ့။ အခုလောလောဆယ်တော့ သွားရင်း လာရင်းနဲ့ပဲပေါ့” လို့ R ဇာနည်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ- မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here