အနုပညာဘက် သိပ်မလုပ်ဖြစ်ဘဲစီးပွားရေးဘက်ပဲ လုပ်ဖြစ်နေတဲ့ မေကဗျာ

0
427

အခုနောက်ပိုင်းမှာတော့ မေကဗျာက ဇာတ်ကား ရိုက်ကူးမှု တွေထက်စာရင် မိခင်ဖြစ်သူရဲ့ ချိတ် ထုတ်လုပ်မှုပိုင်းကို ဦးစားပေး လုပ်ကိုင်ဖြစ်နေပါတယ်။ မိခင်ဖြစ်သူကလည်း စီးပွား ရေးပိုင်းကိုဝင်ရောက် စေချင်ပြီး သူ့အနေနဲ့လည်းအသက် အရွယ် ကြီးလာတဲ့အခါမှာအနုပညာ အလုပ်ကို သိပ်မလုပ်ချင်တော့ တာကြောင့်မိခင်ဖြစ်သူရဲ့လုပ်ငန်းကိုဝင်ရောက်ကူညီလုပ် ကိုင်ပေးဖြစ်နေတယ်လို့ မေကဗျာက ပြောပါတယ်။

“ကိုယ်ကလည်းစက်ချုပ်တဲ့လုပ်ငန်း လုပ်တဲ့အခါကျ တော့နှစ်ခုက အဆင်ပြေတယ်လေ။ ဒါကြောင့် အမေ့ရဲ့ လုပ်ငန်းကိုကူရင်း အဲဒီဘက်ကိုပဲလုပ်ဖြစ်နေတာပါ။ ဖက်ရှင်ဒီဇိုင်းပိုင်းက အမှန်အတိုင်းပြောရရင်တော့ အမေ က ကိုယ့်ထက်ပိုပြီးတော့ အမြင်ရှိတယ်။ ကိုယ်ဒီအနုပညာလောကထဲကို စတင်ရောက်တဲ့အချိန်ကတည်းကလည်း ခေါင်း ကနေခြေဖျားအထိအမေကဆင်ယင်ပေးခဲ့တာ ဆိုတော့ချိတ် ကာလာတွေ အရောင်စပ်တာကျတော့ အမေပဲ စပ်တာများ တယ်။ ညီမကအစဝယ်တာတို့၊ စက်ရုံမှာအော်ဒါလာ ရင်လက်ခံပေးတာတို့၊ အထည်ပို့တာတို့လုပ်ပေးတယ်။ ပြီး တော့ညီမကအနုပညာအလုပ်လုပ်ကိုင်တဲ့အခါကျ တော့အော်ဒါကပိုများတာပေါ့နော်။ ကိုယ်လည်း ဒီ အလုပ်လုပ်တဲ့အခါကောင်းကောင်းလည်းလုပ်ပေး တဲ့အခါကျတော့ယုံကြည်မှုပိုရှိတာပေါ့” လို့ မိခင်ဖြစ်သူရဲ့လုပ်ငန်းကို ဝင်ရောက် လုပ်ကိုင် ဖြစ်နေတဲ့အကြောင်းကိုမေကဗျာက ပြောပါ တယ်။

မေကဗျာရဲ့သမီးလေးက ဖက်ရှင်ပိုင်း နဲ့ပတ်သက်လို့ ဝါသနာပါတယ်လို့ သိရပါ တယ်။ သူကငယ်ငယ်လေးကတည်း က သင်တန်းတွေလည်း တက်ရောက် ထားတဲ့ အတွက်ဒီဇိုင်းနဲ့ ပတ်သက်လို့ အမြင်ပိုရှိ တယ်လို့ ဆိုပါတယ်။

“သမီးလေးကို အနုပညာလော ကထက် စာရင် အတတ်ပညာအသက်မွေး ဝမ်းကျောင်းတစ်ခုခု သင်ပေးမယ် ဆိုတဲ့ စိတ်ကူးက အမေ့ရဲ့စိတ်ကူးပါ။ သူအဲဒီ လိုလေးတတ်ထားတော့ သူ့အနေနဲ့ ဒီဇိုင်းဆွဲစားရင်သူ့ဘာသာသူ ကွန် ပျူတာလေးတစ်လုံးနဲ့ အေးအေး ဆေးဆေးလုပ်နေလို့ရ တယ်လေ။ ဒါကလည်းမိန်းကလေးတစ် ယောက်ဖြစ်တဲ့အတွက် ကြောင့် တတ်ထားတာတော့ ကောင်း တာပေါ့” လို့သမီးဖြစ်သူနဲ့ ပတ် သက်လို့မေကဗျာကပြောပါ တယ်။

 

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here