ပုလဲပရဟိတဖောင်ဒေးရှင်းက နေ့စဉ် အောက်ဆီဂျင် အိုးပေါင်း ၃ဝဝ ကျော်ကိုမန္တလေးမြို့ ဆေးရုံများရှိ လူနာများကို လှူဒါန်း

0
167

နိုင်ငံကျော်ဓမ္မကထိက ပုလဲ ဆရာတော် တည်ထောင်သော ပုလဲ ပရဟိတဖောင်ဒေးရှင်း၏ “အသက် ကယ်လေ (အောက်ဆီဂျင်)” အလှူ တော်စီမံကိန်းသို့ မန္တလေးမြို့နေ ဦး ခင်မောင်ထွန်း၊ ဒေါ်သန်းသန်းစိုး မိသားစုက ကျပ်သိန်း ၁၂ဝ တန်ဖိုး ရှိ အသက်ကယ်လေ(အောက်ဆီဂျင်)အိုးပေါင်း ၁ဝဝ နှင့် အခြားအလှူရှင် နှစ်ဦးက အောက်ဆီဂျင်အိုး ၁၁ အိုး လှူဒါန်းပွဲကို ဇူလိုင် ၁၆ ရက် နံနက် ပိုင်းက မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ်၊ ၇၈ လမ်း၊ မဟာမင်းထင် တိုက် မိုးကုတ်ရိပ်သာကျောင်းမှာ ကျင်းပခဲ့ပါတယ်။

“အသက်ကယ်လေ (အောက်ဆီ ဂျင်) အလှူတော်စီမံကိန်းကို ၄-၁၂-၂ဝ၁၁ မှာ စတင်ခဲ့ပါတယ်။ ကိုယ်နိုင်တဲ့အားလေးနဲ့ စတင်ခဲ့တာ ပါ။ အောက်ဆီဂျင်လေရှူစက် ငါးလုံး၊ လက်ဆွဲအိုး ငါးလုံး၊ အိုးကြီး ၁၅ လုံး၊ အိုးသေး အလုံး ၅ဝ နဲ့ စခဲ့ တာ ပါ။ အခုဆိုရင် အောက်ဆီဂျင်အိုး ပေါင်း ၆ဝဝ ကျော်ရှိပါပြီ။ ၂၄ နာရီ ဝန်ဆောင်မှုနဲ့ ဖြန့်ဝေလှူဒါန်းနေပြီး နေ့စဉ်အောက်ဆီဂျင်အိုးပေါင်း ၃ဝဝ ကျော်ကို မန္တလေးမြို့ပေါ်ရှိ ဆေးရုံ များကို လှူဒါန်းပေးနေရပါတယ်။ ပုဂ္ဂလိက စက်ရုံကနေ အောက်ဆီဂျင် ကို ဝယ်ယူပြီး လှူဒါန်းပါတယ်။ လုပ် အား စေတနာရှင်နဲ့ ပြင်ပပညာရှင် လေးတွေက လေဖြည့်တဲ့ လုပ်အား လှူကြပါတယ်။ ပရဟိတဖောင်ဒေး ရှင်းစီမံကိန်းတွေထဲမှာ ငွေကုန်ကြေး ကျ အများဆုံးနဲ့ ပြည်သူတွေရဲ့ အ သက်ကို အထိရောက်ဆုံး ကယ်တင် ပေးနေတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ ယနေ့လို အောက်ဆီဂျင်အိုး ၁ဝဝ လောက်လှူတဲ့ သူလည်း မကြုံဖူးပါ ဘူး”ဟု ပုလဲဆရာတော် ဘဒ္ဒန္တ ပညာဝံသက မိန့်ကြားပါတယ်။

ပုလဲပရဟိတဖောင်ဒေးရှင်း အနေနဲ့ ရေအလှူတော်စီမံကိန်း၊ သောက်ရေသန့် အလှူတော်စီမံကိန်း၊ သဘာဝဘေးလူမှုကူညီရေးစီမံကိန်း၊ သံဃာတော်များ ဆွမ်းခံကြို/ ပို့ ယာဉ်စီမံကိန်းနဲ့ အသက်ကယ်လေ အောက်ဆီဂျင် အလှူတော်စီမံကိန်း များကို ဆောင်ရွက်လျက်ရှိပြီး စစ် ကိုင်းတိုင်းဒေသကြီး ပုလဲမြို့တွင် “ပုလဲမေတ္တာ” အခမဲ့ မျက်စိဆေးရုံကို လည်း ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် ဖွင့် လှစ်တော့မှာဖြစ်ကြောင်း သိရှိရပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here