အနုပညာကြယ်ပွင့်ဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ (၁)

0
236

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာပရိသတ်တွေထဲက အနုပညာပိုးပါတဲ့ လူငယ်ဝါသနာရှင်တွေအတွက် အနုပညာလမ်းကြောင်းကို ဘယ်လို စတင်လျှောက် လှမ်းကြမလဲ၊ ဘယ်လိုခံယူစိတ်ထားနဲ့ အနုပညာကြယ်ပွင့်အဖြစ် ဘယ်လိုကြိုးစားကြမလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ်တိုင်လည်း ပြိုင်ပွဲတွေမှာ ဆုရထားပြီး လက်ရှိမှာလည်း Art Academy သင်တန်းကျောင်းကို ကိုသီဟလင်းထက်နဲ့အတူ ဖွင့်လှစ်ထားတဲ့ မယဉ်သူဇာလွင်ကို အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။

ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ပြီဆိုရင် ဘယ်သူမဆို Winner ကို မှန်းပြီး တော့ ပြိုင်ကြတာပေါ့နော်။ အကယ် ၍များ ကိုယ်က Winner ဆုနဲ့ လွဲပြီး တော့ ဆုမရခဲ့ဘူးဆိုလို့ရှိရင် ကိုယ့် အတွက် အတွေ့အကြုံကျန်ပါတယ်၊ အတွေ့အကြုံရပါတယ်။ ပြိုင်ပြီ ဆို ကတည်းက အကျိုးကို မျှော်ကိုးပြီး ပြိုင်တယ်ဆိုပေမယ့် အဲဒီရလာတဲ့ ဆုံး ရှုံးမှုသည်လည်း တကယ်ဆုံးရှုံး တာ မဟုတ်ပါဘူး။ သူ့အတွက်တော့ သင်ယူစရာပါ။ Winner ရသွားလို့ ရှိရင်လည်း ငါက Winner အနေနဲ့ ကိုယ့်မြို့ကိုပဲ ကိုယ်စားပဲပြုရမယ်၊ ကိုယ့်ရဲ့ State ပြည်နယ်ကိုပဲ ကိုယ်စားပြုရမယ်၊ ဒါမှမဟုတ် နိုင်ငံကိုယ် စားပြုရမယ်ဆိုရင် ဘာလေးတွေလုပ်သင့်လဲ ဘယ်လိုလေးတွေ ထပ်ပြီးတော့ ကြိုးစားဖို့လိုသေးလဲပေါ့နော်။ နောက် Winner ရသွားရင်လည်း ကြိုးစားမှုဆိုတာက ရှိနေမှာပဲ။ Winner မရခဲ့ရင် နောက်ထပ်ပြိုင်ပွဲ တွေဆိုတာလည်း ရှိလာဦးမှာပဲ ဘယ်သူမဆိုတစ်ခါလေးလုပ်ကြည့်ရုံနဲ့က တော့ ဖြစ်သွားဖို့ဆိုတာက 20 percent လောက်ပဲရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတွေ့အကြုံတွေ ယူရတယ်။ ကိုယ်က နယ်ပယ်တစ်ခုကို field တစ်ခုကိုစပြီး စမ်းသပ်တော့မယ်ဆိုရင် ချက်ချင်းဖြစ်သွား တယ်ဆိုတာကတော့ သူ့ရဲ့ကံတရားကြောင့် သူသည်လုံးဝ perfect ဖြစ်နေလို့လား၊ သူသည် တအားကို အား ကြိုးအားမာန်အပြည့်နဲ့ ကြိုးစားခဲ့လို့ ပဲလား။ အဲဒါမျိုးတွေ အမျိုးမျိုး ရှိ တယ်ပေါ့နော်။ တန်းတစ်ခုကို တန်း ရောက်သွားဖို့ကတော့ မလွယ်ပါဘူး။ ဒီလောကမှာ ဘာဖြစ်လို့လဲဆိုရင် နယ်က ဆိုရင် ပိုခက်ခဲပါတယ်။ ဖိနပ် အမြင့်ကို ကိုယ်က ဖိနပ်လေးကို တောင်မှ ကိုယ်က စီးတတ်ဖို့ ကြိုး စားနေတယ်ဆိုရင် ဒါပထမဆုံးလည်း ဖြစ်တယ်။ သူ့အတွက် အတွေ့အကြုံ ဖြစ်သွားနိုင်တယ်။ တော်တော်များ များတော့ နယ်တွေရဲ့သဘော သ ဘာဝက ကိုယ့်မှာ Communication ကောင်းဖို့ အဆက်အသွယ်ရှိဖို့ဆို တာ မဖြစ်နိုင်ဘူး။ Supporting ကောင်းဖို့ဆိုတာလည်း ကိုယ်ကလည်း တအားကြီးဝါသနာပါနေရင်တောင် မှ လူကြီးမိဘတွေက ဒီလိုမျိုးအလုပ် ကို တစ်ရာမှာ တစ်ယောက်လောက် သော အမေတွေက Supporting ပေး တယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ် ဖြစ်နေတယ် ပညာရေးဘက်ကို Edcucation ဘက်လောက်ကိုပဲ Supporting လုပ်ပေးချင်နေကြတာများ တယ်။ မိဘတွေကို ဒီနေရာမှာ ပြော ချင်တာက ကိုယ့်သားသမီးရဲ့ Talent ကိုဖြစ်စေ၊ နောက်ပြီးဝါသနာကိုပဲ ဖြစ်စေ Supporting လုပ်ပေးမယ် ဆိုရင် ကျန်တာမပြောနဲ့ ကိုယ့်ရဲ့ နောက်မှာကိုယ့်ကို Supporting လုပ် ပေးတဲ့ လူတစ်ယောက်ပဲရှိနေစေဦး အဲဒီလူရဲ့ခရီးက ငါးဆယ်ရာခိုင်နှုန်း ရှေ့ကို ကြိုရောက်နေတယ်။ သူများ ထက် Supporting ကောင်းဖို့လည်း လိုတယ်။ သင်တန်းတွေကနေသွား ရင် ပိုပြီးတော့လွယ်ကူနိုင်တယ်။ သင်တန်းတွေမှာက ဘာပဲပြောပြော သူ့ Field ကို ရောက်သွားပြီဆို ဒါက Communication ပဲ။ တချို့ Brand တွေဆိုလည်း သင်တန်းတွေနဲ့ ဘာ နဲ့ချိတ်ပြီးတော့ သူတို့အတွက် မျက် နှာသစ်မော်ဒယ်လ်ပေါ့နော်။ ရှာမယ် ဆိုရင်သင်တန်းမှာလည်း သူတို့က Brand က ရွေးထုတ်သွားတာ ကိုယ် က ထည့်ပေးလိုက်တာ မျိုးမဟုတ်ဘူး။ အဲဒါဆို သင်တန်းက ကလေးတွေက ပိုပြီးတော့ Chance ပိုများမယ်လို့ အ ကြံပေးချင်ပါတယ်ရှင့်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here