အနုပညာကြယ်ပွင့်ဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ (၂)

0
139

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာပရိသတ်တွေထဲက အနုပညာပိုးပါတဲ့ လူငယ်ဝါသနာရှင်တွေအတွက် အနုပညာလမ်းကြောင်းကို ဘယ်လို စတင်လျှောက် လှမ်းကြမလဲ၊ ဘယ်လိုခံယူစိတ်ထားနဲ့ အနုပညာကြယ်ပွင့်အဖြစ် ဘယ်လိုကြိုးစားကြမလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ်တိုင်လည်း ပြိုင်ပွဲတွေမှာ ဆုရထားပြီး လက်ရှိမှာလည်း Art Academy သင်တန်းကျောင်းကို မယဉ်သူဇာလွင်နဲ့အတူ ဖွင့်လှစ်ထားတဲ့ ကိုသီဟလင်းထက်ကို အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။

ကျွန်တော်ဆိုရင် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခဲ့တဲ့အချိန်မှာဆိုရင် အများကြီး အခက်အခဲတွေ ရှိခဲ့တယ်။ ဒါကြောင့် အခုမှအနုပညာလမ်းကြောင်းမှာ စတင်လျှောက်လှမ်းကြမယ့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေကို အကူအညီပံ့ပိုးပေးတာတွေ လုပ်ချင်တယ်။ သင်တန်းတစ်ခု တက်တော့မယ်ဆိုရင် ဘယ်သင်တန်းကျောင်း က ဘာကောင်းလဲဆိုတာ သေချာရွေးရတယ်။ သင်တန်းတစ်ခုပြီးသွားရင် လည်း ဒီအနုပညာလမ်းမပေါ်ကို လျှောက်လှမ်းဖို့ အဆက်အသွယ်မရှိ ဘူးဆိုရင်လည်း အချိန်တွေကုန်ပြီး အကျိုးမရှိတွေဖြစ်ရတာပေါ့။ ဒါကြောင့် အခုဝါသနာပါတဲ့ အသစ်အသစ်သော လူငယ်တွေအနေနဲ့ အချိန်ကိုအကျိုးရှိစွာနဲ့ အောင်မြင်တဲ့ သင်တန်းမျိုးကိုတက်ဖို့ အကြံပေးချင်ပါတယ်။

အနုပညာလမ်းကြောင်းက အခုဆိုရင်ပြိုင်ပွဲတွေလည်း လုပ်နေကြတော့ ဘယ်သူမဆို ဒီပြိုင်ပွဲတွေကနေ လှေကားထစ်အဖြစ် အပေါ်ကို တက်နိုင်မှာပါ။ ဘာလို့ဆိုရင် ဒါပြိုင်ပွဲ မို့လို့ပါ။ ဒါပေမဲ့ ကိုယ်ကဖြစ်ချင် လို့လုပ်တဲ့နေရာမှာ ကြိုးစားရမယ်။ လုံ့လစိုက်ထုတ်ရမယ်။ ဒီလိုပဲ ပြိုင်ပွဲတစ်ခုမှာ ရှုံးနိမ့်ခဲ့ရင်လည်း ဇွဲရှိရမယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခု ကို ရောက်အောင်လျှောက်လှမ်းရမယ်ပေါ့။ ကိုယ့်အတွက် တစ်ခါတလေပြိုင် ပွဲဆိုတာ အတွေ့အကြုံအမြတ်ထွက် စေတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် အနုပညာအလုပ်ကို ဝါသနာ ပါတဲ့ လူငယ်တွေအနေနဲ့ ကိုယ်ဘာ ကိုဝါသနာပါနေလဲ ဘာကကိုယ်နဲ့ လိုက်ဖက်ညီပါလဲဆိုတာကို စဉ်းစား နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင် ပင်ပြီးမှ သင်တန်းတွေကိုတက်ပြီးပြိုင် ပွဲတွေကို ဇွဲရှိရှိနဲ့ကြိုးစားစေချင်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ ရှုံးသွားလို့ အားမငယ်နဲ့၊ စိတ်ဓာတ်မကျနဲ့ ဘယ်အောင်မြင်နေသူတွေမှာ တစ်ခါ တည်းဖြစ်လာတာ မဟုတ်ဘူးဆိုတာ သဘောပေါက်နားလည်ကြစေချင်ပါတယ်။

အနုပညာလောကထဲကို ဝင်ဖို့ အဆက်အသွယ် မရှိတဲ့သူတွေ အတွက်ဆိုရင် မြန်မာနိုင်ငံမှာ အခုဆိုရင် သင်တန်းကျောင်းတွေ အများကြီးရှိနေပြီမို့ ကိုယ်ဝါသနာပါတဲ့ သင်တန်းကို ရွေးချယ်ပြီး ပြိုင်ပွဲတွေက နေ လမ်းကြောင်းမှန်ကိုလျှောက်လှမ်း နိုင်ကြမှာပါ။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here