အကယ်ဒမီ နေတိုး ပြောတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ Quality အကြောင်း

0
455

Quality ရှိရှိ ကြည့်ရှုခံစားနိုင် တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကား ဆိုပါစို့။ ဘယ်လိုအချက်တွေက အရေးကြီးလဲ။ ဟာသပဲဖြစ်ဖြစ်၊ ဒရာ မာပဲဖြစ်ဖြစ်၊ အက်ရှင်ပဲဖြစ်ဖြစ်ပေါ့။ ရုပ်ရှင်သည် သူ့ဘဝလို့ခံယူထားတဲ့ နေတိုးကို ရုပ်ရှင်ဇာတ်ကားတွေရဲ့Quality အကြောင်း မေးမြန်းဖြစ်ခဲ့ပါ တယ်။ သူက နောက်ပိုင်းRomance Drama ပုံစံလေးတွေ ရိုက်ကူးဖြစ်နေ တယ်။ သူရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ် ကားတွေမှာ ဝင်ရောက်တိုင်ပင်ပေး တာမျိုးရှိတာလည်း သူနဲ့ ရိုက်ဖူးတဲ့ အဖွဲ့သားတွေ အသိဆုံးပါ။

“ပုံမှန်အားဖြင့် ပြောရမယ်ဆို လို့ရှိရင်တော့ တချို့ဟာသဇာတ် ကားတွေပေါ့နော်။ အခုလက်ရှိမှာ ဈေးကွက်ဝင်နေတဲ့ ပရိုဂျူဆာတော်တော်များများစိတ်ဝင်စားနေတဲ့လမ်းကြောင်းတစ်ခုပေါ့နော်။ ဒါက ကုန် ကျစရိတ်အနေနဲ့ရော၊ ထုတ်လုပ်မှု အနေနဲ့ရော သာမန်တခြားဇာတ်ကား တွေ ရိုက်ကူးတာထက် သေချာတဲ့ ဇာတ်လမ်း အမျိုးအစားထဲမှာ ရှိနေတာပေါ့နော်။ အဲဒီလိုဇာတ်ကား တွေကိုလည်း ပရိုဂျူဆာ တွေက ရိုက်ကူးထားကြတယ်။ နောက်ပြီး တော့ ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်း ပြီးတော့ ကွာလတီဖြစ်ချင်တဲ့ကား မျိုးတွေကိုလည်း သူတို့ ရိုက်ကူး ချင်ကြတယ်ပေါ့နော်။ အဲဒီ လိုမျိုး ရိုက်ကူးချင်ကြတဲ့အချိန်မျိုးမှာ သူက သေချာတဲ့ရသပိုင်းကိုပဲ ပိုပြီးတော့ တိုးဝင်လာကြတဲ့ သဘောရှိတယ်။ Romance Drama ဆိုတာ ကတော့ ကျွန်တော် တို့အနေနဲ့ လမ်း ကြောင်းတစ်ခုကို ထပ်ပြီးတော့ ကျွန်တော်တို့က ပရိသတ်ကို ရုပ်ရှင် ဆန်ဆန်ဇာတ်လမ်း တစ်ခု၊ တကယ် အိုက်တင်ပိုင်းရော၊ ဇာတ်လမ်းပိုင်း ရောအင်အားကောင်းတဲ့ တင်ဆက်မှု တစ်ခုကို ကျွန်တော်တို့ တည်ဆောက် တာပေါ့။ အဓိကကတော့ အရည် အသွေးပိုင်း ကို ထိန်းသိမ်းမယ်ဆိုလို့ ရှိရင်တော့ ဒီအရည်အသွေး ဆိုတဲ့ ဟာကို မိမိသိဖို့လည်း လိုအပ်တယ် လို့လည်း ကျွန်တော်မြင်တယ်။ တချို့ ကျတော့လည်း ဒီကင်မရာအမျိုး အစားနဲ့ ရိုက်ကူးတာပဲ၊ ဒီ လိုက်တင် တွေကို ငါတို့သုံးတာပဲ ဆိုပြီးတော့ လုပ်တာမျိုးလည်းရှိတယ်။ အမှန်က တော့ အနုပညာ ပစ္စည်းဆိုတာမျိုးက ပြုလုပ်တဲ့သူတွေနဲ့ ဆိုင်တယ်လို့ ကျွန်တော် မြင်တယ်။ ရိုက်ကူးတဲ့ နေရာမှာပဲဖြစ်ဖြစ်၊ တကယ်ကို Professional ဆန်ဆန် နဲ့တကယ် ကိုစည်းစနစ်ကျကျ၊ သူ့ Crew တွေTeam တွေနဲ့ တည်ဆောက်တဲ့ ဇာတ် ကားတွေမျိုး ဖြစ်သင့် နေ ပြီလို့ ကျွန်တော်မြင် ပါတယ်”လို့ နေတိုးက ပြောပါတယ်။

ရုပ်ရှင်ဆန်တဲ့ဇာတ် လမ်းမျိုးတွေကို ပိုပြီး တော့ ရွေးချယ်ဖြစ်နေ ပါ တယ်ဆိုတဲ့ နေတိုးက …

“အဓိကကတော့ ရုပ်ရှင်သရုပ် ဆောင်တွေ အနေနဲ့ ကာရိုက် တာ ဇာတ်လမ်းတွေကို ပိုပြီး တော့ သရုပ်ဆောင် ရိုက်ကူးချင်ကြ တာပေါ့နော်။ ဒါပေမဲ့ ကျွန်တော် တို့က ကာရိုက်တာကို ရိုက်ကူးရင်းနဲ့ပဲ ဇာတ်လမ်းကောင်းတဲ့၊ ရုပ်ရှင်ဆန်တဲ့ ဇာတ်လမ်းမျိုးကိုတော့ ကျွန်တော် ပိုပြီးတော့ ရွေးချယ်ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here