ပညာအလုပ် မလုပ်ဖြစ်တော့ပေမယ့် အနုပညာနဲ့ပတ်သက်တာ တစ်ခုခုလုပ်ဦးမယ့် သရုပ်ဆောင် ရတနာခင်

0
536

အနုချစ်စရာသားလေး သုံးယောက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝကို ပိုင် ဆိုင်ထားသူကတော့ သရုပ်ဆောင်ရတနာခင်ပါ။ သူက ခင်ပွန်းဖြစ်သူနဲ့ အတူ အခြေခံလူတန်းစားတွေအတွက် ငွေ ၅ဝဝ ကျပ်နဲ့ ထမင်းတစ်နပ် စားလို့ရတဲ့ ‘ရွှေ’ အာဟာရ စားဖွယ်စုံဆိုင်တွေ ဖွင့်လှစ်ထားသူလည်း ဖြစ်ပါတယ်။ ‘ရွှေ’အာဟာရ’ ဆိုင်နဲ့ပတ်သက်ပြီး မမြတ်ရင်တောင်မှ မရှုံး ဘဲ ရေရှည်ရပ်တည်နိုင်အောင် ကြိုးစားနေတယ်လို့ ပြောလာတဲ့ သရုပ် ဆောင်ရတနာခင်က …

“ရွှေအာဟာရ စားဖွယ်စုံဆိုင်ကတော့ သုံးဆိုင်ဖွင့်လှစ်ထားပြီးပါပြီ။ နောက်ထပ်လည်းဖွင့်လှစ်ဖို့ စီစဉ်ထားပါသေးတယ်။ ဒါကတော့ အစ်မတို့ စီးပွားရေးလုပ်ငန်းအနေနဲ့ လုပ်ကိုင်တာမျိုးမဟုတ် ပါဘူး။ စီးပွားရေးအရ တွက်မယ်ဆိုရင်တော့ အစ်မတို့ ဒီဈေးနဲ့ရောင်းလို့ မရပါဘူး။ တစ်ဆိုင်က အရင်းရရင် နောက်တစ်ဆိုင်က ရှုံး၊ အဲဒီလိုမျိုးနဲ့ပဲ လုပ်နေတာပါ။ ရေရှည်ရပ်တည်နိုင်အောင်လည်း ကြိုးစားရဦးမှာပေါ့။ ကုန်ဈေးနှုန်းကတက်လာတယ်ဆိုပေမယ့် ဈေးလည်း မပြောင်းဘူးလေ။ မမြတ်ရင်တောင် မရှုံးဘဲနဲ့ ပုံမှန်လေး လုပ်ငန်းလည်ပတ်နေအောင်တော့ လုပ်ရမှာပေါ့။ ဈေးက အခြေခံ ၅ဝဝ ကျပ်နဲ့ စထားတယ်ဆိုပေမယ့် ၁ဝဝဝ၊ ၁၅ဝဝ ကျပ် ပေးပြီးလာစားတဲ့သူတွေလည်းရှိတယ်။ အစ်မက အိမ် ထောင်မကျခင်ကလည်း ပရဟိတလုပ်ရတာ ဝါသနာပါတယ်။ ကိုယ်နိုင်သလောက်လုပ်ဖြစ်ပါတယ်။ အစ်မရဲ့ခံယူချက်က ပရဟိတ လုပ်တယ်ဆိုတာ နည်းတယ်များတယ်မဟုတ်ဘူး။ သူများ တွေလှူနေရင်လည်း မုဒိတာပွားတယ်။ ပကာသနနဲ့လှူရတာကို လည်းမကြိုက်ဘူး။ တကယ့်စိတ်ရင်းနဲ့ပဲလှူချင်တယ်။ ဒီလိုဆိုင်တွေ ဖွင့်လှစ်တာကတော့ အစ်မရဲ့ အမျိုးသားရဲ့ Ideal နဲ့ အကောင် အထည်ဖော် ဖြစ်ခဲ့တာပါ။ နောက်ထပ်လည်း အစ်မတို့ ပရဟိတ ဖောင်ဒေးရှင်းတွေ ထူထောင်ဖို့အထိရှိပါသေးတယ်”လို့ ပြောပြခဲ့ ပါတယ်။

တစ်ခေတ်တစ်ခါက ပရိသတ်အားပေးမှု အခိုင်အမာရရှိ ထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရတနာခင်အနေနဲ့ သရုပ်ဆောင် ပိုင်းကို ပြန်လည်လုပ်ကိုင်ဖို့ရှိသေးလားလို့ မေးမြန်းခဲ့ရာ …

“သရုပ်ဆောင်ပိုင်းကတော့ ပြန်မလုပ်ဖြစ်ဖို့များပါတယ်။ ကလေးသုံးယောက်နဲ့ အိမ်ထောင်ရှင်မ တာဝန်တွေနဲ့ဆိုတော့ လေ။ အနုပညာအလုပ်က ကိုယ်ရဲ့အချိန်တွေအားလုံးကိုပေးရ တယ်။ ဒါပေမဲ့ အနုပညာနဲ့ပတ်သက်တဲ့ Music ပိုင်းပဲဖြစ်ဖြစ် သရုပ်ဆောင်ပိုင်းပဲဖြစ်ဖြစ် တစ်ခုခုတော့လုပ်ဖြစ်မှာပါ။ သူငယ် ချင်းတွေလည်းရှိသေးတယ်။ သူတို့နဲ့လည်း တွေ့ချင်သေးတဲ့အတွက် တစ်ခုခုလုပ်ဖြစ်မှာပါ” လို့ ရတနာခင်ကပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here